အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,865
လွန်ခဲ့သော ၄ နှစ် က · မိတ္ထီလာ

ဆရာတို့ ကျွန်တော့်ငရုတ်ပင်လေးတွေ၀ါနေလို့ပါ အဟာရချို့တ့ဲတာလား ဘာကြောင်င့်လည်းဗျ အသီးက လည်းနှစ်သီးဘဲခူးရသေးပါတယ်...

ဆရာတို့ ကျွန်တော့်ငရုတ်ပင်လေးတွေ၀ါနေလို့ပါ အဟာရချို့တ့ဲတာလား ဘာကြောင်င့်လည်းဗျ အသီးက လည်းနှစ်သီးဘဲခူးရသေးပါတယ် အသီးလေးတွေကလည်း အနုတ်တောင့်ဘေလးတွေဖြစ်နေလို့ပါ ကျေးဇူးပြု၍ဘာဆက်လုပ်ရင်ကောင်းမလည်း အကြံလေးပေးပါဗျ🙏🙏🙏🙏

အပင်အာဟာရ ငရုတ်သီး စုပ်စားပိုးပြဿနာ
Post image
Post image
Post image
Post image
Post image
+၃

ဖြေကြားချက် ၅ ခု

580 လွန်ခဲ့သော ၄ နှစ် က

မှိုသတ်ဆေး သုံးကြည့်ပါလား

580 လွန်ခဲ့သော ၄ နှစ် က

ေရအစိုများရင်လဲပါဘူးဗျာ ေနာက်တခုက ရာသီဥတု အပူများပြီး မိုးများရင်လဲ ြဖစ်တက်တဲ့ သဘောပါ အကိုေရ

815 လွန်ခဲ့သော ၄ နှစ် က

စုပ်စားပိုးကျထားတဲ့ လက္ခဏာပါရှင့် အ‌ဲဒါကြောင့် အရွက်ပေါ်မှာ လှေးပိုးရှိမရှိ‌ကြည့်ပေးပါရှင့်။ ယင်ဖြူဆိုရင်တော့ အရွက်ရဲ့အောက်မျက်နှာပြင်ကို‌ကြည့်ပေးပါ၊ ပိုးတွေ့ခဲ့လျှင် ပင်လုံးပြန်ပိုးသတ်ဆေးဖျန်းနိုင်ပါတယ်ရှင့်

15,966 လွန်ခဲ့သော ၄ နှစ် က

စိမ့်စွဲတာလည်းဖြစ်နိုင်ပါတယ်။

270,769 လွန်ခဲ့သော ၄ နှစ် က

အရွက်တွေတွန့်ပြီးဝါနေတာလည်းတွေ့ရတော့ ဗိုင်းရပ်စ်ရောဂါထင်ပါတယ်ရှင့်။ စုပ်စားပိုးကနေသယ်ဆောင်လာတဲ့ဗိုင်းရပ်စ်ပါ။ ဗိုင်းရပ်စ်အတွက်ပျောက်တဲ့ဆေးရယ်လိုတော့ သုံးမရပါဘူး။ ညနေ သို့ မနက်လောက်မှာ အခင်းမှာ ယင်ဖြူ စတဲ့ စုပ်စားပိုးတွေရှိလားစစ်ဆေးကြည့်ပါ။ ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သတ်ပြီး ဒီဆောင်းပါးလေးမှာလေ့လာကြည့်ပါရှင့် အသုံးပြုရမယ့်ဆေးတွေလည်းပါပါတယ် တောင်သူများအတွက် ငရုတ် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ ကျွန်တော်ငရုတ်တွေ စုတ်စားကြနေလို့ ဘာဆေးကောင်းလည်းဗျ လမ်ညွန်ပေးပါအုံး ဆေးဖိုးကသိပ်မတက်နိုင်လို့

ဖြေကြားချက် 2 ခု

ဆရာတို့ ကျွန်တော့်ငရုတ်ပင်း ပိုးကျပြီး အညွန့်တွေ ထွဏ်ကုန်တာ ပိုးတော့ကင်းသွားပြီ ပြန်ကောင်အောင်ဘယ်လိုလုပ်ရမလည်း...

ဖြေကြားချက် 5 ခု

ဆရာတို့ ကျွန်တော်ငရုတ်ပိုးကျနေလို့ပါ အညွှန်လေးတွေ သေးနေပါတယ် အညွှန်အောက်မှာလည်း အမှုံက့ဲသို အကောင်အဖြူလေးတွေ...

ဖြေကြားချက် 2 ခု

ဘာဖြစ်တာလဲဘာဆေးသုံးရမလဲဗျပြောပေးပါ

ဖြေကြားချက် 2 ခု

ငရုပ်သီးပင်က ရွေ့စိုက်ပြီး အဖျားတွေ ဒီလို လိမ်ပြီးနွမ်းသွားတယ် ဘာ့ကြောင့်လဲဗျာ အကိုအမတို့ ဘာထည့်ရမလဲမသိလို့

ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။