အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ နှစ် က · တာမွေ

ဆီးဖြူသီးယိုထိုးနည်းလေးသိချင်လို့ပါရှင့်

တန်ဘိုးမြှင့်ထုတ်ကုန် ဆီးဖြူသီး

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ ရှင့်

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၄ နှစ် က

ဆီးဖြူသီးယို ပါဝင်သောပစ္စည်းများ - ဆီးဖြူသီး (၃၀၀)ဂရမ်၊ သကြား(၄၀၀)ဂရမ်၊ ကြက်သွန်ဖြူ (၃)မွှာ၊ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း၊ ငရုပ်ကောင်းစေ့(၄)စေ့၊ ဖာလာစေ့ (၂)စေ့ တို့ပဲဖြစ်ပါတယ်။ ပြုပ်လုပ်ပုံအဆင့်ဆင့် (၁) ကြက်သွန်ဖြူကို ညက်အောင် ထောင်းထားပါ။ ဖာလာစေ့များကိုလည်း ညက်အောင်ထောင်းပါ။ (၂) ဆီးဖြူသီးများကို ဒယ်အိုးထဲထည့်ပြီး ပျော့သွားသည်အထိ အပြုပ်ပါ။ ပြီးလျှင် ဆယ်ပြီး အအေးခံထားပါ။ ဆီးဖြူသီးများအေးသွားလျှင် အစေ့ထုတ်ထားပါ။ (၃) ဆီးဖြူသီးများကို ဒယ်အိုးထဲထည့်ပြီး ချေထားပါ။ သကြားထပ်ထည့်ပြီး အပူအနည်းငယ်ပေးပါ။ ဆူလာသည်အထိ အကြာခဏမွှေပေးပါ။ (၄) သကြားတွေ အားလုံးအရည်ပျော်သွားတဲ့အခါ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်ကောင်းစေ့နဲ့ ဖာလာမှုန့်များကို ထည့်ပါ။ (၅) မီးမျှင်းမျှင်းဖြင့် (၆)မိနစ်ခန့်တည်ပေးပါ။ တည်ထားစဉ်အတွင်းမှာလည်း မကြာခဏမွှေပေးပါ။ (၆) ဆီးဖြူသီးယိုများ စေးပျစ်လာပြီဆိုလျှင် မီးပိတ်လိုက်ပါ။ ဖန်ပုလင်းထဲထည့်ပြီး အအေးခံပါ။ ပြီးလျှင် စစားလို့ရပါပြီ။ ရေခဲသေတ္တာထဲမှာ ထည့်ထားလျှင် (၃)လခန့်အထိ ခံပါတယ်။ Ref: harighotra.co.uk မနောချို (မိုမိုလေး)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆီးဖြူပင်ကပျိုးထုပ်စည်းလို့ရလားဗျ

ဖြေကြားချက် 0 ခု

ဇီးပန်းသီးပင်ဖြစ်ောင် စုိက်ပျိုးနည်းေလး သိပါ့ရေစ ကုိင်းကူးရင် ေအာက်ခံပင် ကုိ ဘယ်လို ေမွးရလည်းဗျ များများ ပြန်...

ဖြေကြားချက် 1 ခု

ဇီးပင်က ကိုင်းကူးလို့ ရနိုင်လားဗျ ရရင် ကိုင်းကူးနည်း လေးမျှဝေပေးပါလားဗျ..

ဖြေကြားချက် 1 ခု

သဘေ်ာပင်စိုက်ချင်လို့သဘေ်ာဘယ်နှစ်မျိုးရှိလည်းဘယ်မျိုးကိုဘယ်လိုစိုက်ရပလည်းဘယ်လိုပြုစုအစာရေစာပေးရလည်းသိသူများဖြေ...

ဖြေကြားချက် 2 ခု

ယိုးဒယားဇီးပန်းသီးအကြောင်းမေးပြစေရှင် အပင်အရွယ်အစားဘယ်လောက်ထိကြီးနိူင်လဲရှင့်ဇီးပန်းသီးတစ်ပင်တစ်ပင်အကွာအဝေးမည်...

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။