ငရုပ်ပင်တွေဒီလို့တွေဖြစ်နေတယ်ဘာဆေးဖြစ်ရမှာလယ်ဆရာတို့ရေ
ဘတ်တီးရီးယားတောမဟုတ်ပါဘူး
ကျေးဇူပါ
တိကျစွာအဖြေရှာပါ အပင်ညှိုးပြဿနာအဖြာဖြာ (တောင်သူလက်စွဲ) သီးနှံပင်များကိုစိုက်ပျိုးရာမှာစိုက်ပျိုးသူတောင်သူဦးကြီးတွေအနေနဲ့အများဆုံးတွေ့ကြုံရတဲ့အခက်အခဲမှာ မိမိတို့စိုက်ပျိုးထားတဲ့ အပင်တွေ ညှိုးကုန်တတ်တာပါပဲ။ အပင်ညှိုးသွားတာကို အဓိက အားဖြင့် လေးပိုင်းပြောလို့ရပါတယ် ပထမတစ်ခုက ရေလိုအပ်လို့ ရေငတ်လို့ဖြစ်ပါတယ် ဒုတိယ တစ်ခုကတော့ အပင်မှာပင်စည်ထွင်းပိုးတစ်ခုခုကြောင့်ပါ။ တတိယတစ်ခုကတော့ဘတ်တီးရီးယားကြောင့်ညှိုးပြီးရောဂါတွေကျတာပါ နောက်ဆုံး တစ်ခုအနေနဲ ကတော့ မှိုရောဂါ ပင်ခြေကိုစွဲတဲ့အခါမှာလည်းညှိုးပါတယ်။ အထက်ဖော်ပြပါ ပင်ညိုးအမျိုးအစားတွေကိုသေခြာခွဲခြားပြီး စိုက်ပျိုးထားတဲ့သီးနှံပင်တွေကို ကာကွယ် ကုသမှုတွေ လုပ်လို့ရပါတယ်။ ပထမ ရေကြောင့်ပင်ညှိုးတာကတော့ အပင်က ပင်ငွေ့ပျံတာများပြီး မြေထဲကနေ လုံလောင်တဲ့ ရေကိုမစုပ်ယူနိုင်တဲ့အခါဖြစ်တတ်သလို ပြောင်းရွေ့ စိုက်ပျိုးပြီးခါစ အပင်ငယ်တွေမှာလည်း ဖြစ်တတ် ပါတယ်။ ရေကိုကြာကြာမထိန်းထားနိုင်တဲ့အတွက် သဲဆန်တဲ့မြေတွေမှာ နေအပူရှိန်ကြောင့် ညှိုးပါ တယ်။ ယင်းညိုးခြင်းမာ ခဏတာ ညှိုးခြင်းဖြစ်ပါတယ်။ ညနေပိုင်းတွေရေသွင်း ရေလောင်းခြင်းဖြင့် ပြန်လည် လန်းနိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိသော သီးနှံပင်များမှာ ကန္တာရပင်၊ အပူပိုင်း ဒေသစိုက်သီးနှံ၊ ရေလိုအပ်ချက်နည်းသော သီးနှံ ( နာနတ်၊ နဂါးမောက်၊ ကြံ၊ ဂျုံ၊ ယာသီးနှံများ ) မှလွဲ၍ သီးနှံပင်တိုင်းလိုလို ဖြစ်နိုင်ပါတယ်။ ဒုတိယအမျိုးအစားကနေနဲ့ကတော့ အပင်ရဲ့အခြေကိုကြည့်ပါ ပိုး ပေါက်ရာတွေများရှိနေတတ်ပါတယ်။ သို့မဟုတ် အပင်ကိုခွဲကြည့်တဲ့အခါမှာ ပင်စည်ထဲမှာ ပိုးလောက်ကောင်ရှိနေတတ်ပါတယ်။ ထိုသို့ ပိုးကြောင့်ဆိုရင်တော့ သာမာန်ဖြန်းတဲ့ အရွက်ဖြန်း ပိုးသတ်ဆေး အမျိုးအစားတွေနဲ့ မနိုင်တော့ပါဘူး။ ပိုးကအပင်ထဲမှာခိုအောင်းအကာကွယ်ယူနေတဲ့အတွက်ပင်လုံးပြန့်အဆိပ်မှိုင်းအာနိသင်ရှိ ပိုးသတ်ဆေးများကို သုံးပေးရမည်။ ဥပမာ- Cartap hydrochloride, Acetamiprid, Chlorpyriphos, Carbofuran (မြေချဆေး)၊ ထို့အပြင် ပိုးကျနေသော အပင်များကို နှုတ်ဖယ်ရှားပါ မီးအိမ်ဖြင့် ထောင်ခြောက်များ ထောင်၍ဖလံများကို ညတွင်ဖမ်းဆီး ဖျက်ဆီးပါ။ ပိုးကြောင့် အပင်ညှိုးသေမှုများမှာ အာလူး၊ ခရမ်းချဉ်၊ ပဲ၊ ပင်စည် ပျော့သော ဟင်းသီးဟင်းရွက် သီးနှံပင် အများစုနှင့် နှစ်ရှည် သီးနှံပင် အချို့ တို့တွင်တွေ့ရပါသည်။ တတိယ အမျိုးအစားက ရောဂါကြောင့်ပါ တစ်ပင်ကနေ တစ်ပင်ကို ကူးပါတယ် တစ်ပင်ညှိုးပြီး အခြားကောင်းနေတဲ့အပင်တွေပါ ပင်ညှိုး တွေ လိုက်လိုက်တတ်ပါတယ်။ များသောအားဖြင့်အပင်မှာ စိမ်းပြီး တစ်ခြမ်း ကနေစ တစ်ပင်လုံးညှိုးပါတယ်။ ညှိုးနေတဲ့ အပင်ကို ဖြတ်ပြီး ဖန်ခွက်အကြည် သို့မဟုတ် ပလက်စတစ် ခွက်အကြည်ထဲကို ထည့်ကြည့်လိုက်ရင် မီးခိုးရောင် ဖြူညစ်ညစ် အမှုန်အတန်းတွေ ဖြတ်ရာကနေစီးထွတ်လာပါတယ် ဒါတွေက ဘတ်တီးရီးယားတွေ ဖြစ်ပါတယ် ယခုအချိန်ထိ့ ထိရောက်စွာ ကုသနိုင်သော ဆေးမရှိပါ။ ခံနိုင်ရည်သော သီးနှံမျိုးများကိုသာစိုက်ပါ သီးနှံဆက်တိုက်မစိုက်ပဲ မြေလှပ်ထားပါ သဘာဝ နွားခြေး မြေဆွေး ကြက်ခြေး EM ဘိုကာချီ အကျိုးပြု အဏုဇီဝမြေဆွေးများကိုထည့်ပေးပါ။ ပဲ၊ ဖရဲ၊ သခွား၊ ငှက်ပျော၊ ငရုတ်၊ ခရမ်းချဉ် စသော ဥယျာဉ်ခြံ သီးနှံအမျိုးမျိုး တွင်တွေ့ရလေ့ရှိသည်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့မှိုကြောင့်ဖြစ်ပါတယ်။မှိုမှာလည်းမျိုးစေ့ဆောင်သို့မဟုတ် မြေဆောင်မြေအောင်း မှိုတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ခြေရှိပါ အပင်မှာ များသောအားဖြင့်ဝါပြီးညှိုးပါတယ်။ အပင်ခြေမှာလည်း ညိုမဲနေသော အရောင်များကိုတွေ့ရတတ်ပါသည် အပင်ကိုခွဲကြည့်လျှင် ပင်ခြေ ပင်စည်မှာ ညိုပုတ်နေတတ်သည် ရာသီဥတုအပေါ်မူတည်ပြီး စွတ်ဆိုထိုင်းမှိုင်း မိုးရွာပြီးဖြစ်တတ်ပါသည်။ ပင်လုံးပျံမှိုသတ်ဆေးများကိုအသုံးပြုသင့်ပါသည်။ရောဂါဖြစ်သောမှိုအလိုက်သုံးရမည့်မှိုသတ်ဆေးများကွာခြားနိုင်ပါတယ် ဥပမာ Oomycota မှိုများဆိုလျှင် Ethazol, Cymoxanil, Dimethomorph, Metalaxyl, Forsetyl AL, Bordeaux mixture ခေါ် ထုံးကန့်ဆေးရည် အခြား မြေဆောင် မှိုရောဂါများအတွက် Azoxystrobin, Hymexazol, ဟိုမိုင်း ခေါ် thiophenate methyl, Benomyl. စတဲ့မှိုသတ်ဆေးများကိုသုံးနိုင်ပါတယ် မှတ်ချက် ယခုဖော်ပြပါ ဆေးအမျိုးအစားများမှာ မည်သည့် ကုမ္ပဏီ၏ စျေးကွက်နံမည်ကိုမှဖော်ပြခြင်းမရှိပါ အဆိပ်ရှိ ပစ္စည်း a.i. ကိုသာ ဖော်ပြထားတဲ့ အတွက် အဆင်ပြေတဲ့ဆေးဆိုင်တိုင်းတွင်မေးမြန်းဝယ်ယူနိုင်ပါသည်။ ဖုန်းမာန်တိုး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သီးနှံဖျက်ပိုးရောဂါ ကာကွယ်ရေးအထူးပြု (၂၀၁၀) ကိုးကား - American Phytopathological Society
ဆက်စပ်မေးခွန်းများ
ငရုပ်ပင်ဒီလို့ဖြစ်နေတာ
ဖြေကြားချက် 2 ခု
ငရုပ်ပင်တွေသေနေတယ်ဘာဆေးဖျန်းရမှာလေးဆရာတို့
ဖြေကြားချက် 2 ခု
ငရုတ်ပင်ဗိုင်းရပ်ရေားဂါမဝင်အောင် ဘယ်လိုကာကွယ်ထားသင့်လဲ သိချင်လို့ပါ ကျေးဇူးတင်းပါတယ်
ဖြေကြားချက် 1 ခု
ငရုပ်ပင်တွေဒီလိုဖြစ်နေတယ်ဘာဆေးပျန်းရမှာလယ်ဆရာတို့
ဖြေကြားချက် 6 ခု
ငရုပ် အပင်များ အစအဝါ ရောင်ပြောင်းလာကာ 1/2ရက်အတွင်း ညိုးလာက သေဆုံး။ အခင်းတိုင်း ဖြစ်ပွားနေသော ရောဂါ ဖြစ်ပါတယ်။...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။