အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ခရမ်း

အမိုးနီးယားဆိုတာဘာပါလဲ

ဇီဝလုံခြုံမှုစနစ် ပုစွန်
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 116,259 လွန်ခဲ့သော ၄ နှစ် က

ပုဇွန်တွေရဲ့ အစာအကျန်တွေ မစင်တွေ ရေအောက် အပုတ်အဆွေးတွေက ေနထွက်လာတဲ့ အဆိပ်ငွေ့ပါ သူ့ကြောင့် ရေအရည်အသွေးလျော့ကျစေပြီး ပျော်ဝင် အောက်ဆီဂျင် နည်းစေနိုင်ပါတယ် ပုဇွန်ရဲ့ ရှန်သန် ကြီးထွားနှုံးကို ထိခိုက်စေနိုင်ပါတယ်ဗျာ

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

အမိုးနီးယားအကြောင်း ပြောပြပေးပါမယ်။ အမိုးနီးယား (Ammonia)သည် အရောင်ကင်း၍ စူးရှ သည့်အနံ့ရှိသော ဓာတ်ငွေ့ဖြစ်သည်။ လေထက် အလေးချိန်ပေါ့ ၍ လေ၏ငါးပုံသုံးပုံခန့်သာလေးသည်။ နိုက်ထရိုဂျင် တစ်ဆ နှင့် ဟိုက်ဒရိုဂျင် သုံးဆရော၍ရသော ဓာတ်ငွေ့ဖြစ်သဖြင့် ယင်းကိုဓာတုသင်္ကေတအားဖြင့် NH3 ဟုရေးသည်။ အမ်မိုးနီး ယားကို လေများများနှင့် ရော၍ရှူလျှင် အသက်အန္တရာယ် မရှိသော်လည်း သူ့ချည်း ခပ်များများရှူမိပါက မွှန်၍ အသက် အန္တရာယ် ဖြစ်စေနိုင်သည်။ အမ်မိုးနီးယားသည် ရေတွင် အလွန်ပျော်ဝင်လွယ် သည်။ အမ်မိုးနီးယားဓာတ်ငွေ့ကို ရေတွင် ပျော်ဝင်စေသောအခါ အယ်လကာလိုင်းဂုဏ်သတ္တိများရှိသည့် အမ်မိုးနီးယားဟိုက် ဒရောက်ဆိုက်ကိုရ၏။ ထိုအမ်မိုးနီးယားရေကို ဟိုက်ဒရို ကလိုရစ် အက်ဆစ်နှင့် ပေါင်းစပ်စေလျှင် အမ်မိုးနီးယား ကလိုရိုက်ကို ရသည်။ စင်စစ် အမ်မိုးနီးယား ဟူသော အမည်ကို အမ်မိုးနီးယား ကလိုရိုက်မှ ရရှိခဲ့ခြင်းဖြစ်သည်။ အမ်မိုးနီးယားကလိုရိုက်ခေါ် ဇဝက်သာကို အီဂျစ်နိုင်ငံ ဂျူပီတာ အမ်မွန်ဘုရားကျောင်းအနီးမှ တွေ့ရှိရသည်ကိုအစွဲပြု၍ အမ်မိုးနီးယားဟူသောအမည် ဖြစ်ပေါ် လာသည်။ အမ်မိုးနီးယားကို ရှေးအခါက သမင်ဖို၏ဦးချို၊ ခွာနှင့် သားရေတို့မှ ထုတ်ယူကြသဖြင့် "သမင်ချိုအရက်ပြန်"ဟုခေါ် ကြသည်။ အမ်မိုးနီးယားကို ဓာတ်ငွေ့စစ်စစ်အဖြစ် ၁၇၇၄ ခုနှစ် တွင် ဂျိုးဇက်ပရီးဆလီဆိုသူ အင်္ဂလိပ်လူမျိုး ဓာတုဗေဒ ပညာရှင်က စတင်ထုတ်လုပ်၍ "အယ်လကလိုင်းလေ" ဟု မှည့်ခေါ်ခဲ့သည်။ အမ်မိုးနီးယားသည် ခြောက်နေသည့်အခါ အခြားဓာတ် များနှင့်ပေါင်းစပ်မှုနည်း၍ ရေတွင်ပျော်ဝင်နေသည့်အခါ အခြား ဓာတ်များနှင့် ပေါင်းစပ်သွားလေသည်။ ရိုးရိုးကျောက်မီးသွေးမှ ကျောတမီးသွေးနှင့် ကျောက်မီး သွေးဓာတ်ငွေ့ကို ထုတ်ယူရာတွင် အမ်မိုးနီးယားကို ဘေးထွက် ပစ္စည်းအဖြစ်ဖြင့် အမြောက်အမြားရရှိနိုင်သည်။ ရရှိပုံမှာ ကျောက်မီးသွေးဓာတ်ငွေ့ကို ထုတ်ယူရန်အတွက် ကျောက်မီး သွေးကို ရီတော့ပေါင်းအိုးကဲ့သို့သော ပေါင်းချွေးခံအိုးလုံလုံတွင် ထည့်၍ မီးတိုက်သောအခါ အမ်မိုးနီးယားရေသည်လည်း ဘေး ထွက်ပစ္စည်းအဖြစ်ဖြင့် ရောနှော၍ထွက်လာ၏။ ထိုထွက်လာ သော အမ်မိုးနီးယားရေကို ဖောက်ထုံးရေနှင့်ရော၍ မီးပေါ်တွင် ကျိုလိုက်သောအခါ အမ်မိုးနီးယားကိုရရှိ၏။ ထို့ပြင် ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ နှစ်မျိုး ကို တိုက်ရိုက်ပေါင်းစပ်ယူခြင်းဖြင့်လည်း အမ်မိုးနီးယားကို ရရှိ နိုင်ပေသည်။ ဤနည်းတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့သန့်သန့်တစ်ပုံ နှင့် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သန့်သန့် သုံးပုံကို ရောပြီးလျှင် အပူချိန် ၅ဝဝ မှ ၇ဝဝ ဒီဂရီစင်တီဂရိတ်အထိ မီးပြင်းတိုက် ပေးရလေသည်။ အမ်မိုးနီးယားကို ၃၄ ဒီဂရီစင်တီဂရိတ်အထိ အေး အောင်ပြုလုပ်လျှင် အရည်ဖြစ်လာသည်။ အမ်မိုးနီးယားသည် -၃၃၏၅ ဒီဂရီစင်တီဂရိတ်တွင်ဆူပွက်၍ -၇၈ ဒီဂရီစင်တီဂရိတ် တွင် အခဲဖြစ်သွားသည်။ အမ်မိုးနီးယားကိုအအေးခံ၍ ဖိအား ကောင်းကောင်းနှင့် ဖိလိုက်သောအခါ အလွယ်တကူနှင့် အရည် ဖြစ်သွားနိုင်သဖြင့် သံမဏိစည်ကြီးများထဲတွင်ထည့်၍ သယ်ယူ ရွှေ့ပြောင်းနိုင်လေသည်။ စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုသော ဓာတ် ပစ္စည်းများအနက် အမ်မိုးနီးယားသည် အလွန်အသုံးဝင်သော ပစ္စည်းတစ်ခုဖြစ်၏။ အမ်မိုးနီးယားကို ရေခဲပြုလုပ်ရာ၌လည်း ကောင်း၊ အအေးဓာတ်ပြုလုပ်ယူသော စက်များ၌လည်းကောင်း၊ နိုက်ထရစ်အက်ဆစ် ဖော်စပ်ယူရာ၌လည်းကောင်း အသုံးပြုကြ သည်။ အမ်မိုးနီးယားကို အက်ဆစ်များနှင့် ပေါင်းစပ်လိုက် သောအခါ အဖိုးတန်သော အမ်မိုးနီးယား ဓာတ်ဆားများကိုရ ၏။ ဆား(လ်) ဗော်လတိုင်းခေါ် အမ်မိုးနီးယားကာဗွန်နိုက်ကို ရှူဆေး (ဇဝက်သာ ရှူဆေး) တွင်လည်းကောင်း၊ ဆား(လ်) အမ်မိုးနီးယက်ခေါ် အမ်မိုးနီးယားကလိုရိုက် (ဇဝက်သာ) ကို ဘယဆေးများအပြင် ဗက်ထရီဓာတ်အိုးတွင်ထည့်ရန်နှင့် ဂဟေ ဆော်ရာ၌ ချွေးချွတ်ဆေးအဖြစ်ဖြင့်လည်းကောင်း အသုံးပြုကြ ၏။ အမ်မိုးနီးယမ်းဆာလဖိတ်ကို ဓာတ်မြေဩဇာအဖြစ် အသုံး ပြုကြ၍၊ အမ်မိုးနီးယမ်းနိုက်ထရိတ်ကို ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ ပြုလုပ်ရာ၌ အသုံးပြုကြလေသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။