ကျောက်ပုစွန်တို့ရေချိုပုစွန်တို့ကိုကျွန်ရောင်းချင်တယ်ဗျာဒါပေမဲ့အဒီပုစွန်အကြောင်းတွေကျွန်တော်နားမလည်ဘူးဘယ်ကလေ့...
ကျောက်ပုစွန်တို့ရေချိုပုစွန်တို့ကိုကျွန်ရောင်းချင်တယ်ဗျာဒါပေမဲ့အဒီပုစွန်အကြောင်းတွေကျွန်တော်နားမလည်ဘူးဘယ်ကလေ့လာရမလဲမသိလို့ပါခင်ဗျာ
ကျောက်ပုစွန်တို့ရေချိုပုစွန်တို့ကိုကျွန်ရောင်းချင်တယ်ဗျာဒါပေမဲ့အဒီပုစွန်အကြောင်းတွေကျွန်တော်နားမလည်ဘူးဘယ်ကလေ့လာရမလဲမသိလို့ပါခင်ဗျာ
အမျိုးအစားနဲ့ ဝိတ္တန္း (အလေးချိန် ) အခေါ်အဝေါ်များကို အရင် လေ့လာပါ၊ မလမမှာ ဈေးကွက် ၃ ခု ရှိပါတယ် အားလုံးကို လေ့လာပါ၊ ဈေးကွက်ဝင် သိုလှောင် သယ်ယူမှု စနစ်တွေ လေ့လာပါ ခင်ဗျာ
အခွံမာရေသတ္တဝါ………..ပုစွန်များအကြောင်း စာတန်းလေးကိုနှိပ်ပြီး ပုစွန် အကြောင်းလေ့လာလို့ရပါတယ်
"မြန်မာနိုင်ငံတွင်တွေ့ရသော ကျောက်ပုစွန်(spiny lobster)များ" စာတန်းလေးကိုနှိပ်ပြီး ကျောက်ပုစွန် အကြောင်း လေ့လာလို့ရပါတယ်
မွန်ပြည်နယ် မော်လမြိုင်ဘက်မှာဆို Mud spiny lobster လို့ ခေါ်တဲ့ ရွံ့နေကျောက်ပုစွန်တွေ ရေး၊သံဖြူဇရပ်ဘက်ကနေ ရမိကြပါတယ်။ စျေးလည်း ကောင်းပါတယ်။ မော်လမြိုင်ဘက်မှာဆို ရေချိုပုစွန်ထုပ် တွေ ရမိကြပါတယ်။ မော်လမြိုင်က ကျောက်ပုစွန် အဝယ်ဒိုင်တွေ၊ရေချိုပုစွန်အဝယ် ဒိုင်တွေနဲ့ ဆက်သွယ်ကြည့်ပါ။ ရေထွက်ပစ္စည်းရောင်းဝယ် ဖောက်ကားချင်တယ်ဆိုရင် ၀၉.၆၇၄၄၉၃၉၂၆ ကို ဖုန်းဆက်မေးမြန်းပြီး အကြံဉာဏ်ရယူပါနော်။
ရေချိုပုစွန်ထုပ်မှာ အခွံမာရေနေသတ္တဝါ (crustaceans) များဖြစ်ကြပြီး သူတို့ရဲ့သွေးအရောင်မှာ နက်ပြာရောင်ဖြစ်နေပါသည်။ အစုံစား omnivorous များဖြစ်ကြပြီး ခရု၊ ကမာ၊ ရေမှော်၊ ပုစွန်ငယ် စသည်တို့ကို စားလေ့ရှိကြပါသည်။ ပုစွန်ထုပ်အမမှာ ဥပေါင်း(၁၀၀၀၀-၅၀၀၀၀)ထိဥ ဥနိုင်ကြပါသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာလည်း ရေချို၊ မြစ်၊ ချောင်း၊ အင်းအိုင်များရှိသောကြောင့် ရေချိုပုစွန်များ ခိုအောင်းရာ ငါးနေ၊ ငါးထိုင်တောများ ပေါများခြင်းကြောင့် ရေချိုပုစွန်ထုပ်များမိကြပါသည်။ ဂရန်အင်းများရှိ ယင်းတားဆည်၊ မြင်းဝန်ဆည်များအပြင် ဂျိုင်းမြစ်ရှိ ကျားပိုက်၊ ကမ်းတားပိုက်များမှလည်း ရေချိုပုစွန်များ ဖမ်းဆီးရမိပြီး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် အထိအမိများကြောင်း သိရပါသည်။ ပုစွန်ထုပ်သည် ပုစွန်ထုပ်ကင်၊ ပုစွန်ထုပ်တန်ပူရာ၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်ထုပ်သုပ်၊ ပုစွန်ထုပ်ကုန်းဘောင်၊ အချိုချက်၊ အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးလှပါသည်။ ရေချိုပုစွန်ထုပ်မှာ ခြေ၊ လက်(၅)စုံပါတဲ့ အခွံမာရေနေသတ္တဝါ (decapods crustaceans) များဖြစ်ကြပြီး ရှည်လျှားသော ဦးမှင်အင်္ဂါ(၂)ခုမှာ သူတို့ဦးခေါင်းထိပ်တွင် ရှိကြပါသည်။ တမူထူးခြားသည်မှာ ပုစွန်ထုပ်၏ သွေးအရောင်မှာ နက်ပြာရောင် ဖြစ်နေပါသည်။ အခွံမာရေနေသတ္တဝါဖြစ်သော ပုစွန်ထုပ်မှာ မကြာခဏ အခွံလဲတတ်သော သဘာဝရှိကြပြီး ပထမ(၁)နှစ်သားအတွင်း (၁၄-၁၇)ကြိမ်အထိ အခွံလဲတတ်ကြပါသည်။ နောင်ကြီးလာသောအခါ တစ်နှစ်တစ်ကြိမ် အခွံလဲကြပါသည်။ပုစွန်ထုပ်အမြီးမှာ ယပ်တောင်သဖွယ်ပြန့်ကားနေပြီး အခွံမှာ အပြာရောင်သန်းပါသည်။ ပုစွန်ထုပ်ကိုယ်ထည်မှာ လုံးနေပြီး အစိတ်အပိုင်း(၆)ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေပါသည်။ ကမ္ဘာပေါ်တွင် ပုစွန်ထုပ်မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိကြပြီး Macrobrachium Rosenbergii မျိုးစိတ်မှာ အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တွေ့ရှိရပါသည်။ အမြင့်ဆုံးအလျား (29-33) စင်တီမီတာထိရှိကြပါသည်။ ပုစွန်ထုပ်မှာလည်း ကဏန်းကဲ့သို့ ခြေ၊ လက် (၅) စုံပါပြီး ပထမအစုံကို 'လက်မ'ဟု ခေါ်ကြပါသည်။ လက်မ (၁) ဖက်မှာ ကြီး၍ တုံးသောသွားများပါရှိကာ ယင်းလက်မဖြင့် သူတို့၏ အစာကို ကြိတ်ချေကြသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုကြပါသည်။ ပုစွန်ထုပ်များမှာ အစုံစား (omnivorous) များဖြစ်ကြ၍ ခရု၊ ကမာ၊ ရေမှော်၊ ပုစွန် စသည်တို့ကို သူတို့၏ အစာအဖြစ်စားသုံးကြပါသည်။ ပုစွန်ထုပ်အမမှာ ဥတစ်ကြိမ်ဥလျှင် (၁၀၀၀၀ – ၅၀၀၀၀) ခန့် ဥ,ဥ နိုင်ကြပါသည်။ ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် အမြဲကပ်နေအောင် သယ်ဆောင်ထားကြပါသည်။ ပုစွန်ထုပ်ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်များမှာ ပုစွန်ထုပ်များ ရေကူးရာတွင် သူတို့လှော်တက်များသဖွယ် အသုံးပြုကြပါသည်။ ပုစွန်ထုပ်အမမှာ ဥများကို (၁၁) လမျှကြာအောင် သူတို့ရေကူးအင်္ဂါငယ်များတွင် သယ်ဆောင်ထားစုပြီးနောက် ပုစွန်ထုပ်ကလေးများ ပေါက်ဖွားလာကြပါသည်။ အများအားဖြင့် နွေဦးရာသီတွင် ပုစွန်ထုပ်လေးများ ဥမှပေါက်လေ့ရှိကြပါသည်။ ပေါက်ခါစတွင် ပုစွန်ထုပ်လေးများမှာ ၁ လက်မ (၄) ပုံ (၁) ပုံခန့်သာ အရှည်ရှိကြပါသည်။ ဦးခေါင်းကြီး၍ အမြီးငယ်သည်။ ထိုမှစ၍ ပုစွန်ထုပ်ကလေးများသည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း အရွယ်ကြီးလာပြီး အလေးချိန်လည်း စီးလာကြပါသည်။ ပုစွန်ထုပ်ကို ရေချို၊ မြစ်ချောင်း၊ အင်းအိုင်များတွင် ပိုမိုရမိတတ်ကြပြီး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ပိုမိုရမိကြောင်းသိရသည်။ ပုစွန်ထုပ်များ ဈေးကောင်းလှပြီး တစ်ပိဿာ (၂၀၀၀၀ – ၃၅၀၀၀) ကျပ် ထိရှိကြပါသည်။ ပုစွန်ထုပ်ကို ပုစွန်ထုပ်ကင်၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်ထုပ်ကုန်းဘောင်၊ ပုစွန်ထုပ်သုပ်၊ ပုစွန်ထုပ်တန်ပူရာ၊ ပုစွန်ထုပ်အချိုချက်/အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးလှပါသည်။ ပုစွန်ထုပ်မှာ လေထိုး၊ လေအောင့် လေနာသည်များအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။ ရေချိုပုစွန်ထုပ်ကို_ Phylum (မျိုးပေါင်းစု) - Arthropoda Class(အမျိုးအစား) - Malacostraca Order(မျိုးစဥ်) - Decapoda Family(မျိုးရင်း) - Palaemonidae Genus(မျိုးစု) - Macrobrachium Species(မျိုးစိတ်) - Macrobrachium rosenbergii ဟူ၍ဖြစ်ကြပါသည်။
ကျောက်ပုစွန်များမှာ ကြီးမားသော အခွံမာရေနေသတ္တဝါ (large crustaceans) များ ဖြစ်ကြပြီး အခွံလဲတတ်သောသဘာဝရှိပါသည်။ အသက် (၅-၇) နှစ်ရှိသည့် ကျောက်ပုစွန်များမှာတစ်နှစ်ကို ၂၅ ကြိမ်အခွံလဲလေ့ရှိပြီး သူတို့အခွံကိုသူတို့ပြန်စားကာ calcium ဓါတ်ကို ရယူပါသည်။ အသက် (၁၀၀)နှစ်ဝန်းကျင်ထိ နေထိုင်နိုင်ကြပြီး အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ကျောက်ပုစွန်သည်လည်း အပါအဝင်ဖြစ်ပေသည်။ ကျောက်ပုစွန်အမမှာ ဥပေါင်း (၈၀၀၀) မှ (၁၀၀၀၀၀)ကျော်ထိ ဥဥနိုင်ကြပါသည်။ ညဘက်မှသာ အစာရှာထွက်လေ့ရှိပြီး အစုံစား omnivorous များဖြစ်ကြသည်။ အခွံမာကျောက်ပုစွန်များမှာ ကျောရိုးမဲ့ (invertebrate) များဖြစ်ပြီး သူတို့ရဲ့သွေးအရောင်မှာ နက်ပြာရောင်ဖြစ်နေပါသည်။ ခြေလက် ၅ စုံပါရှိပြီး ခြေလက်တွေပြတ်သွားပါကအသစ်ပြန်ထွက်သော သဘာဝရှိကြသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော ကျောက်ပုစွန် (spiny lobster) မျိုးစိတ် ၃ မျိုးမှာ- Phylumမျိုးပေါင်းစု-Arthropoda Classအမျိုးအစား- Crustacea Orderမျိုးစဉ်- Decapoda Familyမျိုးရင်း- Palinuridae Genusမျိုးစု- Panulirus Species(1)- Panulirus Polyphagus (Mud spiny lobster) Species(2)- Panulirus Ornatus (Ornate spiny lobster) Species(3)- Panulirus Versicolor (Painted spiny lobster)တို့ဖြစ်ကြသည်။ Mud spiny lobster တွင် ဆူးချွန် (spine) တစ်စုံပါရှိပြီး Ornate spiny lobster နှင့် Painted spiny lobsterတွင် ဆူးချွန်(spine)၂စုံစီ ပါရှိကြပါသည်။ အရွယ်အစားမှာ ပုံမှန် (၂၀ -၂၅) စင်တီမီတာရှိပြီး အမြင့်ဆုံး (၄၀-၆၀) စင်တီမီတာထိ ရှိကြပါသည်။ ဒေသအခေါ်အရ Bamboo, Flowers, 7 colors ဟူ၍သိရပါသည်။ ကျောက်ပုစွန်များမှာ ဆောင်းရာသီ အအေးများချိန်တွင် ပိုမိုအထိအမိများပြီး မြှုံး၊လွှာချင်းပိုက်များဖြင့် ပင်လယ်ပြင်ကျောက်ဆောင်များကြားတွင် ဖမ်းဆီးကြပါသည်။ဒေသအခေါ် 'ပိုင်' ဟုသိရှိရသောမြှုံးမှာ ဝါး(နှီး)ကို အရှည်သင်ပြီး တောင်းယက်သလိုယက်ကြကြောင်း လေ့လာတွေ့ရှိကြရသည်။ တစ်ခါထောင်လျှင် မြှုံးအလုံး၂၀ ခန့်ဖြင့် ကျောက်ပုစွန်ထောင်ဖမ်းကြကြောင်း တွေ့ရသည်။ စျေးကောင်းလှသော ကျောက်ပုစွန်အရှင်များကို ပြည်တွင်းတွင်သာမက နိုင်ငံခြားတိုင်းပြည်များသို့လည်း တင်ပို့ကြပါသည်။ ကျောက်ပုစွန်မှာ အသားသာ အသုံးဝင်သည်သာမက အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းတွင် အလှဆင်ခြင်း၊ အမှတ်တရလက်ဆောင်အဖြစ် ပေးခြင်းများလည်းရှိသည်။
ဆက်စပ်မေးခွန်းများ
အမိုးနီးယားဆိုတာဘာပါလဲ
ဖြေကြားချက် 2 ခု
ရေချိုပုဇွန်တုပ်မွေးမြူခြင်းအဆင့်ဆင့် နည်းပညာများမျှဝေပေးစေလိုပါတယ်
ဖြေကြားချက် 6 ခု
သိပ္ပံနည်းကျ ရေငန်ပုစွန်ကို စီးပွားဖြစ် ဘယ်လိုမွေးမြူရပါလဲ အစအဆုံး ပြောပြပေးပါဗျ
ဖြေကြားချက် 3 ခု
ပုဇွန်ခေါင်းပုမွေးမြူနည်းရှိရင်သင်ပေးပါလားဗျာ။ ပုဇွန်အသေးလေးတွေလေ။
ဖြေကြားချက် 2 ခု
ပုစွန်ကန်မှာရေဩဇာတက်တာကောင်လာဗျ ဆိုးကျိုးကောရှိလားဆရာတို့မသိလို့
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။