အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
533
လွန်ခဲ့သော ၈ နှစ် က · ကြို့ပင်ကောက်

ဒီပေါင်းပင်ကို ဘယ်ပေါင်းသတ်ဆေးနဲ့ပက်ရမလဲခင်ဗျ ကျန်တဲ့ပေါင်းအကုန်သေပြီး ဒီအပင်တွေမသေလို့ပါခင်ဗျ ကျေးဇူးပြုပြီး...

ဒီပေါင်းပင်ကို ဘယ်ပေါင်းသတ်ဆေးနဲ့ပက်ရမလဲခင်ဗျ ကျန်တဲ့ပေါင်းအကုန်သေပြီး ဒီအပင်တွေမသေလို့ပါခင်ဗျ ကျေးဇူးပြုပြီးဖြေကြားပေးပါ

Post image
Post image
4

ဖြေကြားချက် ၄ ခု

533 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ

174 လွန်ခဲ့သော ၈ နှစ် က

မဂ္ဂါကထုတ်တဲ့ ပေါင်း(3) သုံးပါ။

2,787 လွန်ခဲ့သော ၈ နှစ် က

ဒီပေါင်းတွေသတ်ချင်ရင်တော့ ရှင်းဖိုဆိတ် ဒါမှမဟုတ် ဂလိုင်ဖိုဆိတ် ဆိုတဲ့ပေါင်းသတ်ဆေးနဲ့ သတ်လို့ရပါတယ်။ ပေါင်းအားလုံး သေပါတယ်။ စပါးခင်းဆိုရင်တော့ နောင်နှစ်မှာ ထယ်ရေးထွန်ရေးကောင်းကောင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အချိန်မှန် ပေါင်းလိုက်ခြင်းလည်း ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး သုံးရင် ငွေကုန်ပါတယ်။ နှစ်စဉ် ပေါင်းကို ဂရုစိုက်ကာကွယ် သွားရင်တော့ ပေါင်းကိုကြောက် စရာမလို ဆေးသုံးစရာမလိုတော့ပါ။

လွန်ခဲ့သော ၈ နှစ် က

၇၅%ပေါင်းစေ့များက အပေါ်ယံမြေလွှာ၏ ၅ စီတီမီတာအလွှာတွင် ရှိနေပါနိုင်ပါတယ်။ ထယ်ရေးကိုပေါင်းစေ့များ မြုပ်မည့် ထယ်ရေးအနက်ကို စဉ်းစားရပါမယ်။ အာလိန်ထယ်သုံးခြင်းဖြင့် မြေခံကို ညီညီညာညာ ပြန့်ပြူးစေပြီး ပေါင်းစေ့များကို အနက်ညီညာစွာ မြုပ်ပါ။ ထယ်ရေးကို သိပ်မနက်စေပဲ ပေါင်းစေ့များကို မြုပ်ပါက ပေါင်းပင်ပေါက်ညီညာပြီး နှိမ်နင်းရန်လွယ်ကူနိုင်ပါတယ်။ ပေါင်းများကိုနှိမ်နင်းရာတွင် အောက်ပါနည်းများဖြင့်နှိမ်နင်းနိုင်ပါတယ်။ စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း (Cultural Method) ဖုံးအုပ်သီးနှံ (Cover Crops) သီးညှပ်စိုက်ပျိုးခြင်း ( Inter Cropping) စိုက်ကွင်းတွင်စုံစမ်းထောက်လှန်းခြင်း (Field Scouting) မြေမျက်နှာပြင်ကို ဖုံးလွှမ်းထားခြင်း (Mulehing) သီးနှံပင် အစိတ်အပိုင်းများနှင့် ဖုံးအုပ်ခြင်း (Organic Mulches) ထယ်ရေးစနစ် (Tillage System) သန့်ရှင်းရေးလုပ်ခြင်း (Sanitation) ရေပေးရေယူမှု (Water Mangaement) မဖြစ်မနေအခြေအနေမှသာ ပေါင်းသတ်ဆေးကိုသုံးသင့်ပါတယ်။ အပြည့်အစုံကိုတော့အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/The-time-of-weed-control-and-cultural-control-of-weed

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။