ko khun
စိုက်ပျိုးရေးပညာရှင် · ကျောက်ပန်းတောင်း
နှမ်းစေ့ကို ညရေစိမ်ထားပါ။ မနက်မှာ ပလပ်စတစ်ဗူး အကြည်ထဲကို ရေဆိုနေတဲ့ တစ်ရှူးစက္ကူကို ခင်းထည့်ပါ။ ပြီးတော့ ရေစိမ်ထားတဲ့ နှမ်းစေ့လေးတွေကို ဆယ်စေ့တစ်တန်းနဲ့ ဆယ်တန်းချလိုက်ပါ။ ဒါဆို အစေ့တစ်ရာ ဖြစ်သွားပါပြီ။ နောက်နှစ်ရက်လောက်ဆို အညှောင့်လေးတွေ ပြူလာတာ တွေ့ရပါလိမ့်မယ်။ အစေ့တစ်ရာမှာ အစေ့ကိုးဆယ် အညှောင့်ပေါက်ရင် ကိုးဆယ်ရာခိုင်နှုန်း အပင်ပေါက်နှုန်းရှိတယ်လို့ မှတ်ယူပါတယ်။
နှမ်းမျိုး ၊ germination test ပြုလုပ်နည်းသိချင်ပါတယ်
ညဘက် အခင်းဘေးမှာ ဆိုလာမီး ၊ လက်နှိပ်လက်မီးတွေ တစ်မျိုးမျိုး သုံးပြီး မီးထောင်ခြောက် လုပ်ပါ၊ မီးအိမ်ဘေးမှာ ရေပုံး ဒါမှမဟုတ် ကြွပ်ကြွပ်အိပ်နဲ့ အကောင်လေးေတွ ဖမ်းဖို့ ပြင်ထားပါ။ အခင်း အကောင်ကျတာ သက်သာအောင်နဲ့ အကောင်အရေအတွက် နည်းအောင်လုပ်ခြင်းဖြစ်ပါတယ်။ ဆေးတွေဖျန်းက သိပ်မထိရောက်လို့ပါ။
ဒါကဘာဖြစ်တာဗျ ဘလိုကာကွယ်ရမလဲခဗျ တခြံလုံးဖြစ်တာလဲမဟုတ်ဘူး ကျေးဇူးပြု၍ကူညီပေးပါခဗျ
မကျွေးတာကောင်းမယ်ထင်တယ်။ ရေသွင်းလို့လဲမရရင် မိုးကိုသာစောင့်သင့်တယ်။ နို့မို့ဆို ငွေသာကုန်သွားမှာ။ ကုန်းမြင့်အကွက်ဆို ပိုဆိုးပါတယ်။ ပုတဲ့အပင်က ထွက်လာတဲ့အဖူးလဲ သေးပြီး အစေ့နည်းမှာ။
အစေ့ထုတ်ပြောင်း ၈၀၈က သက်တမ်း ၁လနဲ့ ၁ဝ ရက်ရှိပါပြီ အပင်ထွက်မညီဘူးဖြစ်နေတယ် အပင်သေးလေးတွေကို မြေသြဇာ ပုလဲ ကျွေးလို့ ရမရနဲ့ မိုရယ်မုန်း အားဆေး ဖျန်းရမရ ဖြေကြားပေးပါ မိုးကလည်း မမှန်တော့ အောက်ခံ မြေအစိုဓာတ်ကလည်း နည်းနေပါတယ် နမ်စန် ရှမ်းတောင်ကပါ ရေငတ်ဒဏ်ခံနေရတော့ အရွက်တွေက ချွန်ပြီး လိပ်လာတယ် အရွက်အနားတွေအရောင်က အညိုရောင် သမ်းနေပါတယ် အပင်က ကြီးတဲ့အပင်က ခါးလောက်ရှိနေပြီး သေးတဲ့အပင်ကျတော့လည်း ၁ပေလောက်ပဲရှိတယ် ဖြေပေးပါ
ပိုတတ်ဆီယယ်ချိူတဲ့မူပုံစံကိုပြပါ
ဒါလေးရှိပါတယ်ခင်ဗျ။ ရွက်ပြန့် ရွက်စင်း နှစ်မျိုးလုံးနဲ့ ပြထားပါတယ်။
ပိုတတ်ဆီယယ်ချိူတဲ့မူပုံစံကိုပြပါ
တက္ကသိုလ်နဲ့ ကပ်လျက် စိုက်ပျိုးရေးသုတေသနပဲမျိုးစုံဌာန မှာဝယ်လို့ရပါတယ်
ရေဆင်းတက္ကသိုလ် ဘယ်နားမှာ ပဲတီစိမ်းမျိုးဝယ်လို့ရလဲဗျ
http://www.doa.gov.mm/doa မှာ တချက်ဝင်ကြည့်ပါအုံး
စိုက်ပျိူးရေး စာအုပ်အစုံ ဘယ်linkမှာdownloadရနိုင်မလဲဗျာ စိုက်ပျိူးရေးဌာနက တင်ထားတဲ့စာအုပ်တွေကိုပြောတာပါ
ဒီရွက်ထွင်းပိုးက ကျရောက်လေ့ရှိတဲ့ပိုးပါပဲ။ ပိုးမကျခင် ကြိုတင်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေး ဖျန်းထားရပါမယ်။ ရွက်ထွင်းပိုးကျမှ ဆိုရင် ထိန်းချုပ်ရတာခက်ခဲပါတယ်။ ပိုးက အရွက်ထဲမှာ ရှိနေတဲ့အတွက် ဆေးနဲ့ တိုက်ရိုက်ထိဖို့ ခက်ခဲပ့တယ်။ ဒါပေမယ့်လဲ ထိသေပိုးသတ်ဆေးလည်း ဖျန်းဖို့လိုပါမယ်။ အရွယ်ရောက်ကောင်တွေ သေအောင်လို့ပါ။ ပိုးရှိတဲ့ အရွက်ရင့်တွေ သုတ်သင်မီးရှို့လို့ ရပါတယ်။ အကောင်ရေမပွားအောင်နဲ့ လျော့ချဖို့ပါ။ ရေအလွန်အကျွံ မလောင်းပါနဲ့။ မြေဩဇာကို ပိုးကျချိန်တွေမှာ မကြွေးပါနဲ့။ ပိုးသတ်ဆေးကို ဆိုင်မှာမေးဝယ်ပြီး အညွှန်းပါအတိုင်း လိုက်နာအသုံးပြုပါ။ အောင်မြင်ပါစေဗျာ။
ရှောက်ပင်လေးတွေအပျော်တမ်းစိုက်ထားတာ ပုံထဲကအတိုင်းဖြစ်နေလို့အပင်မတက်တော့ဘူး။ဘာဆေးဖြန်းရမလဲအကြံပေးပါ ခင်ဗျား။
ဇန်သိုမိုးနတ် ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပါ။ ဂရုစိုက်ရပါမယ်။ ရောဂါပြန့်လွယ်တယ်ဗျ။ ဒီရောဂါက စပျစ်၊ လိမ္မော်၊ သံပုရာ ကတွေမှာ အကျများပါတယ်။ ဘတ်တီးရီးယားရောဂါသတ်ဆေး သုံးပြီးနှိမ်နင်းရပါတယ်။ စိုက်ပျိုးရေးဆိုင်မှာ မေးဝယ်ပါဗျာ။
သံပုရာပင်လေးတွေစိုက်ထားတာပုံထဲက အတိုင်းဖြစ်ပြီးအပင်မတက်တော့ပါ။ ဘယ်လိုဆောင်ရွက်ရမလဲအကြံဉာဏ် ပေးပါခင်ဗျား။အပျော်တမ်းစိုက်ထားတာပါ။
၆ ပေ ပတ်လည် စိုက်ပျိုးမယ်ဆိုရင် အပင်အရေအတွက် ၁၂၁၀ လိုအပ်ပါမယ်။ ပျိူကိုင်း အခမဲ့ရမယ်ဆိုရင် စရိတ်သက်သာနိုင်ပါတယ်။ တချို့ခြံတွေ က ချိုင်လိုက်တဲ့ကျိုင်းတွေ အလကားပေးလို့ပါ။
တစ်အေကကိုကုန်ကြငွေနှင့်မျိူ းပင်ဘယ်လောက်ဆန့်လည်းသိချင်လိုပါ