အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
175
လွန်ခဲ့သော ၄ နှစ် က · သင်္ဃန်းကျွန်း

အဝါလုံးလေးတွေက ဘာအားဆေးလဲဗျ ညှစ်လိုက်ရင် အဖြူ‌ရည်လေးတေ ထွက်လာတယ်ဗျ သူ့ရဲအကျိုးကျေးဇူးတွေကို ပြောပြပေးပါလား

အပင်အာဟာရ အိမ်တွင်းအလှစိုက်ပင်
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ဂမုန်းမျိုးနွယ်တွေ Aglonema အိမ်တော်မင်္ဂလာ ကျောက်စိမ်း စသည်ဖြင့်တွေအတွက်က အိမ်တွင်းစိုက်တဲ့ ပုံစံအနေအထားဖြစ်တာမို့ ယခုပုံအရဆိုရင် ၅ လုံး ၆ လုံး ဆိုရပါပြီ တစ်ခါထဲအများကြီးတစ်ချိန်ထဲမပေးရပဲ ၁ လ တစ်ခါ ၂ တစ်ခါမှ နဲနဲ ၅ လုံးလောက်တစ်ခါပြန်ထည့်ပေးတာလုပ်ပေးရပါတယ် သစ်ခွကတော့ မည်သည့်သစ်ခွ ဥပမာ လိပ်ပြာ ရွှေမင်းသမီး စပိုက်ဒါ စသည့်ပေါ်မူတည်ပါမယ် နောက်အပင်အရွယ်အစားပေါ်မူတည်ပါမယ်၊

175 လွန်ခဲ့သော ၄ နှစ် က

များတယ်ဆိုတော့ လျှော့သုံးသင့်တာလားဗျ ပမာဏ ဘယ်လောက်ပဲထည့်ရမှာလဲဗျ သစ်ခွမှာ ဆိုရင်ရော ဘယ်လောက် ထည့်သွင်းပေးရမလဲဗျ ဂမုန်းပင်မှာ ထည့်ထားတာပါ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အဲ့ဒါကို slow release fertilizer တွေလို့ခေါ်ပါတယ် ဘာလို့လဲဆိုတော့ အဲ့အလုံးလေးတွေက တစ်ခြား ကွန်ပေါင်းအလုံး (အပြာ/အနီ) တွေလိုမဟုတ် ပါ၊ တစ်ဖြေးဖြေး အပင်အတွက်လိုတဲ့အဟာရဓာတ်တွေကိုထုတ်ပေးပါတယ်၊ အထဲမှာ အနှစ်ခဲရှိပါတယ် အပြင်ကနေ အဝါရောင် အလွှာအခွံ coating လုပ်ထားတယ် ရေနဲ့ထိ့တွေ့တာကြာလာရင် အဲ့အခွံကကွဲပြီး အဟာရဓာတ် အနှစ်ခဲက ပျော်ဝင်ပါတယ်၊ အဲ့အရည်အဖြူတွေက ဒီလိုဖြစ်လာပါတယ်၊ မှတ်ချက် အခုပုံအရ သုံးထားတဲ့ မြေဩဇာအလုံးများ များပါတယ်၊ နောက်တစ်ခု ရေသိပ်မလောင်းရတဲ့ အပင်မျိုးတွေ (ဥပမာ သစ်ခွ) အနေအထားမှာ ဒီအလုံးတွေကို သုံးပါတယ်၊

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။