ဘိုကာရှီမြေဆွေး၊ စိုက်ပျိုးရေးဆရာများညွှန်ကြားချက်ကတော့၊6×3×3=ဖြစ်ပါတယ် အပူချိန်လွန်ကဲပြီးအဏုဇီဝပိုးမသေအောင်၊...
ဘိုကာရှီမြေဆွေး၊ စိုက်ပျိုးရေးဆရာများညွှန်ကြားချက်ကတော့၊6×3×3=ဖြစ်ပါတယ် အပူချိန်လွန်ကဲပြီးအဏုဇီဝပိုးမသေအောင်၊ အထက်အောက်မွှေနှောက်လို့ လွယ်စေရန်ရည်ရွယ်တယ်လို့ထင်ပါတယ်၊ မိမိကတော့ အပုံငယ်လေးတွေမပြုလုပ်နိုင်ပါ၊ အလျား၃၀ပေ၊အနံ၄ပေ အမြင့်၃ပေပြုလုပ်ထားပြီး အထက်အောက်လှန်သည့်အခါတိုင်း EM.နှင့်ငါးအမိုင်နိုထပ်ဖြန်းပါမယ်၊ မိုးစပါးအတွက်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး၊ ကြက်ချေးဖွဲ ၆၀တင်း စက်ဖွဲပြာ၄၀တင်း နွားချေး၂၀တင်းကြက်ချေး၁၀တင်း ပဲဖတ်နှမ်းဖတ် ဖွဲနု၁အိတ် ဗေဒါ မြက်စို ကောက်ရိုး အီးအမ်နှင့် ငါးအမိုင်နို ၂ပီပါအသုံးပြုထားပါသည်၊ လိုအပ်ချက်များအား အစိမ်းရောင်လမ်းမှညွှန်ကြားပေးပါခင်ဗျ။