အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၄ နှစ် က · မတ္တရာ

ခရမ်းပင်ကတဖြေးဖြေးဝါလာပြီးညိုးခြောက်လာတယ်။၃ရက်လောက်နေရင်သေသွားပြီး နှုတ်ကြည့်တော့ အပင်ကခြောက်နေပြီး အမြစ်သစ်...

ခရမ်းပင်ကတဖြေးဖြေးဝါလာပြီးညိုးခြောက်လာတယ်။၃ရက်လောက်နေရင်သေသွားပြီး နှုတ်ကြည့်တော့ အပင်ကခြောက်နေပြီး အမြစ်သစ်တွေထွက်နေတယ်။တစ်ပင်ပြီးတစ်ပင် သေနေတာ ဘာလုပ်ရမလဲ ပြောပြပေးကြပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

တိကျစွာအဖြေရှာပါ အပင်ညှိုးပြဿနာအဖြာဖြာ (တောင်သူလက်စွဲ) သီးနှံပင်များကိုစိုက်ပျိုးရာမှာစိုက်ပျိုးသူတောင်သူဦးကြီးတွေအနေနဲ့အများဆုံးတွေ့ကြုံရတဲ့အခက်အခဲမှာ မိမိတို့စိုက်ပျိုးထားတဲ့ အပင်တွေ ညှိုးကုန်တတ်တာပါပဲ။ အပင်ညှိုးသွားတာကို အဓိက အားဖြင့် လေးပိုင်းပြောလို့ရပါတယ် ပထမတစ်ခုက ရေလိုအပ်လို့ ရေငတ်လို့ဖြစ်ပါတယ် ဒုတိယ တစ်ခုကတော့ အပင်မှာပင်စည်ထွင်းပိုးတစ်ခုခုကြောင့်ပါ။ တတိယတစ်ခုကတော့ဘတ်တီးရီးယားကြောင့်ညှိုးပြီးရောဂါတွေကျတာပါ နောက်ဆုံး တစ်ခုအနေနဲ ကတော့ မှိုရောဂါ ပင်ခြေကိုစွဲတဲ့အခါမှာလည်းညှိုးပါတယ်။ အထက်ဖော်ပြပါ ပင်ညိုးအမျိုးအစားတွေကိုသေခြာခွဲခြားပြီး စိုက်ပျိုးထားတဲ့သီးနှံပင်တွေကို ကာကွယ် ကုသမှုတွေ လုပ်လို့ရပါတယ်။ ပထမ ရေကြောင့်ပင်ညှိုးတာကတော့ အပင်က ပင်ငွေ့ပျံတာများပြီး မြေထဲကနေ လုံလောင်တဲ့ ရေကိုမစုပ်ယူနိုင်တဲ့အခါဖြစ်တတ်သလို ပြောင်းရွေ့ စိုက်ပျိုးပြီးခါစ အပင်ငယ်တွေမှာလည်း ဖြစ်တတ် ပါတယ်။ ရေကိုကြာကြာမထိန်းထားနိုင်တဲ့အတွက် သဲဆန်တဲ့မြေတွေမှာ နေအပူရှိန်ကြောင့် ညှိုးပါ တယ်။ ယင်းညိုးခြင်းမာ ခဏတာ ညှိုးခြင်းဖြစ်ပါတယ်။ ညနေပိုင်းတွေရေသွင်း ရေလောင်းခြင်းဖြင့် ပြန်လည် လန်းနိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိသော သီးနှံပင်များမှာ ကန္တာရပင်၊ အပူပိုင်း ဒေသစိုက်သီးနှံ၊ ရေလိုအပ်ချက်နည်းသော သီးနှံ ( နာနတ်၊ နဂါးမောက်၊ ကြံ၊ ဂျုံ၊ ယာသီးနှံများ ) မှလွဲ၍ သီးနှံပင်တိုင်းလိုလို ဖြစ်နိုင်ပါတယ်။ ဒုတိယအမျိုးအစားကနေနဲ့ကတော့ အပင်ရဲ့အခြေကိုကြည့်ပါ ပိုး ပေါက်ရာတွေများရှိနေတတ်ပါတယ်။ သို့မဟုတ် အပင်ကိုခွဲကြည့်တဲ့အခါမှာ ပင်စည်ထဲမှာ ပိုးလောက်ကောင်ရှိနေတတ်ပါတယ်။ ထိုသို့ ပိုးကြောင့်ဆိုရင်တော့ သာမာန်ဖြန်းတဲ့ အရွက်ဖြန်း ပိုးသတ်ဆေး အမျိုးအစားတွေနဲ့ မနိုင်တော့ပါဘူး။ ပိုးကအပင်ထဲမှာခိုအောင်းအကာကွယ်ယူနေတဲ့အတွက်ပင်လုံးပြန့်အဆိပ်မှိုင်းအာနိသင်ရှိ ပိုးသတ်ဆေးများကို သုံးပေးရမည်။ ဥပမာ- Cartap hydrochloride, Acetamiprid, Chlorpyriphos, Carbofuran (မြေချဆေး)၊ ထို့အပြင် ပိုးကျနေသော အပင်များကို နှုတ်ဖယ်ရှားပါ မီးအိမ်ဖြင့် ထောင်ခြောက်များ ထောင်၍ဖလံများကို ညတွင်ဖမ်းဆီး ဖျက်ဆီးပါ။ ပိုးကြောင့် အပင်ညှိုးသေမှုများမှာ အာလူး၊ ခရမ်းချဉ်၊ ပဲ၊ ပင်စည် ပျော့သော ဟင်းသီးဟင်းရွက် သီးနှံပင် အများစုနှင့် နှစ်ရှည် သီးနှံပင် အချို့ တို့တွင်တွေ့ရပါသည်။ တတိယ အမျိုးအစားက ရောဂါကြောင့်ပါ တစ်ပင်ကနေ တစ်ပင်ကို ကူးပါတယ် တစ်ပင်ညှိုးပြီး အခြားကောင်းနေတဲ့အပင်တွေပါ ပင်ညှိုး တွေ လိုက်လိုက်တတ်ပါတယ်။ များသောအားဖြင့်အပင်မှာ စိမ်းပြီး တစ်ခြမ်း ကနေစ တစ်ပင်လုံးညှိုးပါတယ်။ ညှိုးနေတဲ့ အပင်ကို ဖြတ်ပြီး ဖန်ခွက်အကြည် သို့မဟုတ် ပလက်စတစ် ခွက်အကြည်ထဲကို ထည့်ကြည့်လိုက်ရင် မီးခိုးရောင် ဖြူညစ်ညစ် အမှုန်အတန်းတွေ ဖြတ်ရာကနေစီးထွတ်လာပါတယ် ဒါတွေက ဘတ်တီးရီးယားတွေ ဖြစ်ပါတယ် ယခုအချိန်ထိ့ ထိရောက်စွာ ကုသနိုင်သော ဆေးမရှိပါ။ ခံနိုင်ရည်သော သီးနှံမျိုးများကိုသာစိုက်ပါ သီးနှံဆက်တိုက်မစိုက်ပဲ မြေလှပ်ထားပါ သဘာဝ နွားခြေး မြေဆွေး ကြက်ခြေး EM ဘိုကာချီ အကျိုးပြု အဏုဇီဝမြေဆွေးများ အပင်မစိုက်မှီ နှင့် စိုက်အပြီး ပင်ခြေမြေဆွပြီးမြေမှာ ထည့်ပေးပါ။ ပဲ၊ ဖရဲ၊ သခွား၊ ငှက်ပျော၊ ငရုတ်၊ ခရမ်းချဉ် စသော ဥယျာဉ်ခြံ သီးနှံအမျိုးမျိုး တွင်တွေ့ရလေ့ရှိသည်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့မှိုကြောင့်ဖြစ်ပါတယ်။မှိုမှာလည်းမျိုးစေ့ဆောင်သို့မဟုတ် မြေဆောင်မြေအောင်း မှိုတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ခြေရှိပါ အပင်မှာ များသောအားဖြင့်ဝါပြီးညှိုးပါတယ်။ အပင်ခြေမှာလည်း ညိုမဲနေသော အရောင်များကိုတွေ့ရတတ်ပါသည် အပင်ကိုခွဲကြည့်လျှင် ပင်ခြေ ပင်စည်မှာ ညိုပုတ်နေတတ်သည် ရာသီဥတုအပေါ်မူတည်ပြီး စွတ်ဆိုထိုင်းမှိုင်း မိုးရွာပြီးဖြစ်တတ်ပါသည်။ ပင်လုံးပျံမှိုသတ်ဆေးများကိုအသုံးပြုသင့်ပါသည်။ သုံးနိုင်သောအဆိပ်ရှိပစ္စည်း မှိုသတ်ဆေး အေအိုင်များမှာ Ethazol, Cymoxanil, Dimethomorph, Metalaxyl, Forsetyl AL, Bordeaux mixture ခေါ် ထုံးကန့်ဆေးရည် အခြား မြေဆောင် မှိုရောဂါများအတွက် Azoxystrobin, Hymexazol, ဟိုမိုင်း ခေါ် thiophenate methyl, Benomyl. စတဲ့မှိုသတ်ဆေးများကိုသုံးနိုင်ပါတယ် မှတ်ချက် ယခုဖော်ပြပါ ဆေးအမျိုးအစားများမှာ မည်သည့် ကုမ္ပဏီ၏ စျေးကွက်နံမည်ကိုမှဖော်ပြခြင်းမရှိပါ အဆိပ်ရှိ ပစ္စည်း a.i. ကိုသာ ဖော်ပြထားတဲ့ အတွက် အဆင်ပြေတဲ့ဆေးဆိုင်တိုင်းတွင်မေးမြန်းဝယ်ယူနိုင်ပါသည်။ ဖုန်းမာန်တိုး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သီးနှံဖျက်ပိုးရောဂါ ကာကွယ်ရေးအထူးပြု (၂၀၁၀) ကိုးကား - American Phytopathological Society

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အခင်းပုံလေးရနိုင်မလား

118 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ဘာဆေးသုံးပေးရမလဲရှင့်

260,000 လွန်ခဲ့သော ၄ နှစ် က

မြေတွင်းအောင်းပိုးကြောင့် ဖြစ်နိုင်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ခရမ်းသီးလုံးဖောက်ပိုးဝင်တာဘာသုုံးရမလဲတောင်ငူမိတ်ဆွေတို့ အလန်းဆိုတဲ့ဆေးကထိရောက်မှုရှိလြား

ဖြေကြားချက် 2 ခု

ခရမ်းသီးပင် စိုက်ပျိုးနည်းနှင့် ပြုစုနည်းကို သိချင်ပါတယ်.

ဖြေကြားချက် 1 ခု

ကျွန်တော်ကအခုမှစိုက်ပျိုးရေးစလုပ်တာခင်ဗျကျွန်တော်ခရမ်းပင်တွေကအပင်တွေညိုးအမြစ်တွေပုတ်ပြီးသေနေတာဗျထရိုင်ဂိုဒါး...

ဖြေကြားချက် 6 ခု

ခရမ်းသီးပင်ပုံထဲကအတိုင်းပါဗျာ အရွယ်လေးရောက်လာမှ သေကုန်တယ် ဘာရောဂါလဲ ဘာဆေးသုံးရမလဲ ပညာရှင်များနှင့် အတွေ့အကြုံ...

ဖြေကြားချက် 8 ခု

PH 3 နှင့် 4 ကြားတွင်ရှိသောမြေကို ဘယ်လိုပြုပြင်ပေးရမလဲ? ပညာရှင်များနှင့်အတွေ့အကြုံရှိကြသူစိုက်ပျိုးရေးလုပ်...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။