အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၄ နှစ် က · ပြည်

ဘာပိုးသတ်ဆေးသုံးရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၄ ခု

756 လွန်ခဲ့သော ၄ နှစ် က

အေမီဒါကလိုပစ်/အက်စီတာမီပရစ် ဈေးသင့်ရာဝယ်ယူသုံးစွဲပေးပါဗျ... စုပ်စားပို(ပျပိုး) ကျရောက်နေခြင်းဖြစ်ပါသည်

260,000 လွန်ခဲ့သော ၄ နှစ် က

ပိုးအမျိုးအစားကတော့ ပျပိုးဖြစ်ပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

တမာပိုးသတ်ဆေးရည် ကထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။ (၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား (၂)​ ရေ ၁ ဂါလံ တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄)​ နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။ နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။ တမာပိုးသတ်ဆေးရည်သည် ပျ၊ ဖြုတ်ပိုး၊ မွှားပင့်ကူနီ၊ ဖြုတ်၊ စိန်ကွက်ဖလံ၊ ခူနှင့် ပေါက်ဖတ် စသည့်ပိုးများကို ကာကွယ်နိုင်သည်။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ပျတွေဖြစ်ပါတယ် တမာ သို့မဟုတ် ဆေးရွက်ကြီးပိုးသတ်ဆေးနဲ့ ရပါတယ် ဓာတုဆိုရင်တော့ စုပ်စားပိုးတွေဖြစ်လို့ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်ခုခုကိုဖျန်းနိုင်ပါတယ် ဥပမာ အစီဖိတ် သို့ ဖစ်ပရိုနေး သို့ ကာတက် ဟိုက်ဒရိုကလိုရိုက် သို့ သိုင်ရာမီသောက်ဇမ် နှစ်သက်ရာကုန်မဏီအလိုက်သုံးနိုင်ပါတယ်၊စုပ်စားပိုးတွေဖြစ်ပါတယ် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်ခုခုကိုဖျန်းနိုင်ပါတယ် ဥပမာ အစီဖိတ် သို့ ဖစ်ပရိုနေး သို့ ကာတက် ဟိုက်ဒရိုကလိုရိုက် သို့ သိုင်ရာမီသောက်ဇမ် နှစ်သက်ရာကုန်မဏီအလိုက်သုံးနိုင်ပါတယ်၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။