ဖြေကြားချက် ၇ ခု
EM ပြုလုပ်နည်းသိချင်ပါတယ်
ပညာဆင့်ပွားပေးခြင်းအတွက် ကျေးဇူးအထူးတင်ပါတယ်ဆရာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ
ဂျပန် EM 1 အပြင်းဘယ်မှာရနိုင်လဲ ပြောပြပေးပါလား ကျေးဇူးပါ
Dr. Higa ရဲ့ EMRO အဖွဲ့အစည်းမြန်မာပြည် ကိုယ်စားလှယ် Jaguco Myanmar International ကုမ္ပဏီမှာ ၆လတစ်ကြိမ် ဂျပန်မှတိုက်ရိုက်ထုတ်လုပ်ထားတဲ့ မူလE.M ကို တစ်လီတာမှ ၃၅၀၀-၄၅၀၀ကျပ်နဲ့ မှာယူနိူင်ပါတယ်။ ဆက်သွယ်မယ့်ဖုန်းနံပါတ်များထည့်ပေးလိုက်ပါတယ်။ 01-8550793, 01-8550796, 09-73054069, 09-8501411, 09-5002780, 09-73054068
EMပြုလုပ်နည်းမှာEMအပြင်းတစ်ဘူးတင်လဲရည်တစ်လီတာတစ်ဘူးနဲ့ရေလေးဂါလံပုံးတစ်ပုံးလိုအပ်ပါတယ်ခင်ဗျာရေသန့်သာအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာအသုံပြုမည့်ပုံးလဲသန့်ရှင်းဖို့လိုပါတယ်ခင်ဗျာဖျော်စပ်ပီးနေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာအေးမြတဲ့နေရာမျိုးမှာထားရှိပါတမယ်ခင်ဗျာပြုလုပ်ပီးတစ်ပတ်သို့မဟုတ်ဆယ်ရက်အတွင်းမှာစတင်အသုံးပြုလို့ရပါတယ်ခင်ဗျာသုံးပြုရမည့်နှုန်းထားကတော့မြေအနေအထားအပေါ်ကြည့်ပီးအသုံးပြုနိုင်ပါတယ်ခင်ဗျ
ကျေးဇူးအထူးတင်ပါတယ်ဆရာ
Effective Microorganisms (EM) ၁. ၂. ၃. ၄. ၅. ၆ ကျွန်တော်ဒီနေ့တော့ ခဏခဏအမေးများနေတဲ့ (EM) ပွားနည်းလေးတွေကို သိသမျှ မျှဝေပေး ပါမယ်။ မမျှဝေခင် (EM) အကြောင်းတော့ သိသမျှ ဖောက်သယ်နည်းနည်း ချပေးချင်ပါတယ်။ (EM) ကို စတင်တွေ့ရှိသူ ဂျပန်နှိင်ငံသား ဒေါက်တာ တယ်ရူးဟီးဂါး (Dr.Teruo Higa) က1982 ခုနှစ်မှာ (EM) ကိုစတင်တွေ့ရှိခဲ့ပါတယ်။ (EM) ရဲ့ဖခင်ကြီးဆို မမှားနှိင်ပါဘူး။ ထို (EM) ကို ဂျပန်နိုင်ငံရဲ့ ဓါတုအဆိပ်သင့်ပြီး ယိုယွင်းနေတဲ့ ကျန်းမာရေးဆိုင်ရာဘက်မှာ အသုံး ပြုရန် ရည်ရွယ်သုံးရာကနေ (Organic Farming) အော်ဂဲနစ်လယ်ယာဘက်မှာပါ အသုံးပြုလာ ကြပါတယ်။ ထိုမှတဆင့် အသုံးပြုသူများပြားလာကာ လူတိုင်းနှုတ်ဖျားမှာ (EM) က တွင် ကျယ်လာပါတယ်။ (EM)ဆိုတာ အကျိုးပြုအဏုဇီဝပိုးမွှားတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးဘက်ရော စိုက်ပျိုးမွေးမြူရေးဘက်မှာပါ အရမ်းအသုံးဝင်ပါတယ်။ စစ်မှန်တဲ့(EM) ကိုရရှိမှသာ မှန်ကုန်တဲ့ အသုံးဝင်မှု့ကို ပေးမှာပါ။ (EM) ဆိုတာ (Effective Microorganisms) အကျိုးပြုအဏုဇီဝပိုးမွှားလို့ အဓိပ္ပယ်ရပါတယ်။ ထို့ကြောင့် အော်ရဂျင်နယ် EM1(Original EM1) ဂျပန် EM1 ကို အဆင့်ဆင့်ပွားယူလို့ရပါတယ်။ ထို့ကြောင့် (EM1) ရှိပြီဆိုလျှင် အောက်ပါအတိုင်း ပွားယူနိုင်ပါသည်။ (EMပွားနည်း) (EM2) အီးအမ်အပြင်း အော်ရဂျင်နယ် EM1(Orginal EM1) တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရနိုင်ရာ တစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ ခြောက်သွေ့သော နေရောင်တိုက်ရိုက်မထိသော နေရာတွင် ရက် ၃၀ ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em2) အီးအမ်အပြင်းကို ပိုးဆေး၊ မှိုဆေး၊ ငါးအမိုင်နို အက်ဆစ် ဖော်စပ်ရာတွင် ရောစပ်အသုံးပြုနိုင်သည်။ (EM3) အသင့်သုံးအီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။ (EM4)မွေးမြူရေးအစာအားဖြည့်အီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ဆန်ဖွဲနု (သို့) ဂျုံဖွဲနု နို့ဆီဘူး ၄ ဘူး၊ ပဲဖတ်၂၀ သား၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော၊ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ရက် ၃၀ ထားပါ။ မွေးမြူရေးအစာအားလုံးတွင် ရောစပ်ပြီး တိရိစ္ဆာန်အားတိုးအားဖြည့်ဆေး အတွက် အသုံးပြုနိုင်ပါသည်။ (EM5)ပိုးသတ်ဆေးအာနိသင်အီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရှာလကာရေ ၅၀၀ စီစီ၊ အရက်ဆီ ၅၀၀ စီစီ၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော/ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ၁၅ ရက်/ လဝက်ခန့် ထားပြီး ပိုးသတ်ဆေး၊ ပိုးပြေးဆေးအဖြစ် အသုံးပြုပါ။ အော်ဂဲနစ် ပိုးဆေး အားလုံးနဲ့ တွဲဖက်ပြီးအသုံးပြုနိုင်သည်။ (EM6) ပေါင်းမြက်နှင့်ပြုလုပ်သော အပင်အားဖြည့် ပိုးပြေးအီးအမ် EM2 အီးအမ်အပြင်းတစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ပေါင်းပင် စင်းပြီးသား တစ်တင်း၊ ရေလီတာ ၂၀၊ စဉ့်အိုးကြီး တစ်လုံး၊ ပေါင်းပင်စင်းပြီးသားတွေကို စဉ့်အိုးထဲအောက်ခံထည့်ပြီး ကျောက်ခဲတစ်လုံး နဲ့ ဖိထားပါ။ Em2 နှင့် တင်လဲရေ ရေလီတာ ၂၀ အရောကို အပေါ်ကထဲ့ပြီး လေလုံအောင်ပိတ်ပါ။ အေး၍ချောက်သွေ့သော နေရောင်တိုက်ရိုက်မထိတွေ့သောနေရာတွင် ၄၅ ရက် တစ်လခွဲထားပြီး အသုံးပြုနိုင်ပါသည်။ အပင်အားကောင်းဆေးနှင့် ပိုးပြေးဆေးအဖြစ် ရောစပ်အသုံးပြုနိုင်ပါ သည်။ မှတ်ချက်။ ။ ပေါင်းမြက်ထည့်ရာတွင် ပိုးပြေးအာနိသင်ရှိသော အပင်များကို အသုံးပြုလျှင် ပိုးအတွက်ပိုကောင်းပြီး အသီးအနှံများနှင့် အရွက်စိမ်းများအသုံးပြုလျှင် အပင်နှင့်အပွင့်အသီး အတွက် ပို၍ကောင်းသည်။ မိမိလိုသလို အသုံးပြုနိုင်ပါသည်။ တောင်သူအားလုံးစစ်မှန်တဲ့EMနည်းစနစ်ဖြင့်ကြီးပွားတိုးတက်အောင်မြင်ကြပါစေ။ မန္တလေး ထုံးဘို ရိတ်သိမ်းချိန်လွန်သင်တန်းကျောင်းမှ ဦးစီးမှုးဆရာမကြီး ဒေါ်မြင့်မြင့်မေ အား ဂါရဝပြုပါသည်။ စေတနာမေတ္တာများစွာဖြင့် #Phyochitthu facebook page မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းကNPK ဘယ်လိုအချိုးအစားကိုအကြိုက်ဆုံးလဲဗျ ကျနော်သိချင်တာဒီလိုပါ eg. N 3:p4:K3 အာ့လိုအချိုးချချင်တာပါဗျ...
ဖြေကြားချက် 2 ခု
ကွမ်းစိုက်နည်းလေးသိချင်ပါတယ် အပင်1လသားရှိနေပါပြီမြေစာဘာကျွေးရမလဲ ဘာဆေးတွေသုံးသင့်သလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဘယ်လိုကာကွယ်သင့်သလဲပိုးကျရင်
ဖြေကြားချက် 1 ခု
အပင်၅၀၀စိုက်ထားတာ ၄ပိသာပဲ ထွက်တယ် ဘယ်လို လုပ်ရမလဲ
ဖြေကြားချက် 1 ခု
ဘာရောဂါဖြစ်တာလဲ သိချင်ပါတယ် ဘာဆေးသုံးရင် ထိရောက်မှုမြန်မလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု