အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · ဒဂုံမြို့သစ်တောင်ပိုင်း

ပျားအကြောင်းလေးသိချင်လို့ပါ

ကျန်းမာရေး ပျား
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

ပျားများ၏ အသုံးဝင်ပုံများ စာတန်းလေးကို နှိပ်ပြီးလေ့လာလို့လည်း ရပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

ပျားမွေးမြူရေးစာအုပ်ကို အစိမ်းရောင်လမ်းရဲ့ စာအုပ်စင်ကဏ္ဍမှာ ရှိပါတယ်ခင်ဗျာ။ ပင်မစာမျက်နှာကနေ စာအုပ်စင်ကဏ္ဍကို ဝင်ပြီးရယူလိုက်ပါဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ပျားမွေးမြူရာတွင်ပျားများအတွက်အစာရရှိနိုင်မှု၊ရာသီဥတုအခြေအနေ ၊မြေပြင်အခြေအနေ၊မွေးမြူလိုသည့်ပျားအုံအရေအတွက်နှင့်မွေးမြူထုတ်လုပ် လိုသည့်ရည်ရွယ်ချက်တို့အပေါ်မူတည်၍မွေးမြူမည့်စနစ်အားရွေးချယ်ရပါ မည်။မွေးမြူနည်းနှစ်နည်းရှိပြီး ၎င်းတို့မှာအခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်း မွေးမြူနည်းတို့ဖြစ်သည်။ မိတ်အောင်ပျားဘုရင်မများမွေးမြူထုတ်လုပ်ခြင်းနှင့်ပျားနို့ထုတ်လုပ်ခြင်းများ ကိုအဓိကထားလုပ်ကိုင်မည်ဆိုပါကအခြေစိုက်မွေးမြူနည်းဖြင့်မွေးမြူနိုင်ပါ သည်။အခြေစိုက်မွေးမြူနည်းမှာပျားအုံများအား သင့်လျော်သည့်နေရာတွင် တစ်သမတ်တည်းအခိုင်အခန့်မွေးမြူထားခြင်းဖြစ်သည်။အခြေစိုက်မွေးမြူရန် အတွက်ပျားစာမပြတ်ရရှိရန်လိုအပ်ခြင်း၊ပျားစခန်းအဆောက်အဦကောင်းမွန် ခိုင်ခန့်စွာရှိရန်လိုခြင်း၊သန့်ရှင်းသောရေမပြတ်ရရှိရန်လိုခြင်း၊ပျားများအတွက် အန္တရာယ်အမျိုးမျိုးမှအတတ်နိုင်ဆုံးကင်းမဲ့၍ လုံခြုံမှုကောင်းမွန်ရန်လိုအပ်ခြင်း စသည့်အချက်တို့ပြည့်စုံရပါမည်။ အခြေစိုက်မွေးမြူခြင်းကြောင့်ပျားအုံများအားရွှေ့ပြောင်းရန်မလိုအပ်သဖြင့် ပျားမွေးမြူရေးပစ္စည်းများနှင့်ပျားများပျက်စီးမှုနည်းပါးခြင်း၊ပျားနှင့်ပျားအုံများ အားစနစ်တကျသေချာစွာစိတ်ကြိုက်ကိုင်တွယ်ထိန်းသိမ်းနိုင်ခြင်း၊ရောဂါကျ ရောက်မှုဒဏ်၊သဘာဝဘေးဒဏ်နှင့်လူ၊တိရိစ္ဆာန်များ၏နှောင့်ယှက်မှုတို့မှ ကြိုတင်ကာကွယ်နိုင်ခြင်းစသည့် အားသာချက်များရှိပြီးပျားစာမပြတ်လပ် စေရန်ပျားစာရသီးနှံပင်များ အမြဲစိုက်ပျိုးပေးနေရခြင်း၊ ပျားမွေးမြူသူများသည် စိုက်ပျိုးရေး အသိပညာရှိရန်လိုအပ်ခြင်း၊ ပျားစာပြတ်လပ်ချိန်အစာကျွေးရန် လိုအပ်ခြင်း၊ ပျားရည်အမြောက်အများထုတ်ယူနိုင်မှုမရှိခြင်း စသည့်အားနည်း ချက်များ လည်းရှိပါသည်။ စီးပွားဖြစ်မွေးမြူသူများအတွက်မူရွှေ့ပြောင်းမွေးမြူနည်းစနစ်မှာအသင့်တော် ဆုံးဖြစ်ပါသည်။ရာသီဥတုဆိုးဝါးမှုဒဏ်မှရှောင်ရှားခြင်း၊ပျားစာပြတ်လပ်မှု အခြေအနေအားရှောင်ရှားခြင်း၊ပျားရည်အမြောက်အမြားထုတ်ယူလိုခြင်း၊ ပန်းဝတ်မှုန်စုဆောင်းလိုခြင်း၊ သီးနှံအမျိုးအစားအလိုက် သီးသန့်ပျားရည်ရ ယူလိုခြင်း( ဥပမာ-လိုင်ချီးစ်ပျားရည်၊ဇီး(ဆီး)ပျားရည်၊နေကြာပျားရည်)၊ သီးနှံအထွက်တိုးစေရန်အတွက်ဝတ်မှုန်ကူးဝန်ဆောင်မှုဆောင်ရွက်နိုင်ခြင်း စသည့်အချက်များကြောင့်လည်း ရွှေ့ပြောင်းမွေးမြူခြင်းစနစ်အားကျင့်သုံးကြ ပါသည်။ရွှေ့ပြောင်းပျားမွေးမြူရေးဆောင်ရွက်ရာတွင်အောက်ဖော်ပြပါလုပ် ငန်းများအဆင့်ဆင့်ဆောင်ရွက်ရန်လိုပါသည်- (က) ကွင်းဆင်းလေ့လာခြင်း။။နယ်မြေဒေသအသီးသီး၏စိုက်ပျိုးသီးနှံအမျိုး အစား၊သီးနှံပွင့်ဖူးချိန်နှင့် ပျားအုံအတွက်လုံလောက်သည့်ပျားစားကျက်ရှိ/ မရှိတို့အားလေ့လာစုံစမ်းခြင်း၊ပျားစာပြတ်လပ်မှုမရှိစေရန်နေရာဟောင်း နှင့်နေရာသစ်အချိန်ကိုက်ဖြစ်ရန်လိုအပ်ခြင်း၊ဒေသန္တရကန့်သတ်ချက်၊ စည်းကမ်း၊ဆောင်ရန်၊ရှောင်ရန်နှင့်ထူးခြားမှုများအားစုံစမ်းခြင်းစသည့် အချက်များအားကွင်းဆင်းလေ့လာစုံစမ်းထားရပါမည်။ပျားစခန်းချမည့်ပတ် လည်ရှိစိုက်ခင်းပိုင်ရှင်အားလုံး၏သဘောတူညီမှုနှင့်ပိုးသတ်ဆေးသုံးစွဲမှုအား လည်းကြိုတင်ညှိနှိုင်းရန်လိုအပ်ပြီးပြည်သူလူထုအများသုံးလမ်းနှင့်မနီးလွန်း သောနေရာဖြစ်ရပါမည်။ (ခ)ကြိုတင်ပြင်ဆင်ခြင်း။။ရွှေ့ပြောင်းမည့်နေ့ရက်သတ်မှတ်ခြင်း၊ပျားမွေးမြူ ရေးပစ္စည်းစုစည်းခြင်း၊ယာဉ်၊စက်ဆီ၊လုပ်သားများအားကြိုတင်ပြင်ဆင်စု ဆောင်းခြင်း၊ရွှေ့ပြောင်းမည့်အကွာအဝေးနှင့်အချိန်တွက်ချက်ခြင်း၊ရွှေ့ ပြောင်းရာတွင်စိတ်မချရသည့်ပျားအိမ်အစိတ်အပိုင်းများလဲလှယ်ခြင်း၊ပျား ဘုရင်မအားစစ်ဆေး၍လှောင်အိမ်အတွင်းအစာနှင့်အတူထည့်ပြီးသား လောင်းဘောင်(၂)ချပ်ကြားတွင် ပြုတ်မကျစေရန်သေချာစွာထားသိုခြင်း၊ပျား သလက်ချပ်များလှုပ်ရှားမှုမရှိစေရန်သံရိုက်ထိန်းခြင်း၊ရွှေ့ပြောင်းနေစဉ်လမ်း ခရီးတွင်ပျားအိမ်များပြုတ်ကျမှု၊လှုပ်ရှားမှုမရှိစေရန်၊စနစ်တကျစီထားခြင်းနှင့် ညနေစောင်းပျားများပျားအုံတွင်းပြန်ဝင်ပြီးချိန်တွင်မှပျားအုံဝင်ပေါက်အားပိတ် ဆို့ခြင်း၊ လိုအပ်ပါကမော်တော်ယာဉ်နှင့်အနီးဆုံးနေရာသို့ကြိုတင်ရွှေ့ ပြောင်းထားခြင်းစသည်တို့ကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရပါမည်။ (ဂ)သယ်ယူရွှေ့ပြောင်းခြင်း။။ပျားအုံများသယ်ယူရွှေ့ပြောင်းရာတွင်ညအချိန် အပူချိန်လျော့နည်းချိန်တွင်သယ်ယူရွှေ့ပြောင်းရပါမည်။ပျားအုံများအားနေ ဒဏ်၊မိုးဒဏ်မှအကာအကွယ်များပြုလုပ်ပေးရပါမည်။ပျားအုံများအားသယ်ပိုး ရာတွင်ညင်သာစွာကိုင်တွယ်၍တည့်မတ်စွာသယ်ယူရပါမည်။ (ဃ)နေရာသစ်တွင်နေရာချထားခြင်း။။ပျားအုံဝင်/ထွက်ပေါက်များမဖွင့်မီနှင့် ဖွင့်နေစဉ်ရေပက်ဖျန်းပေးခြင်းပြုလုပ်ပေးရပါသည်။နောက်တစ်ရက်တွင်ပျား ဘုရင်မအားလှောင်အိမ်မှ လွှတ်ပေးခြင်း၊ပျားအုံအတွင်းရှင်းလင်းခြင်း၊ ပျက်စီးသွားသောပျားအိမ်အစိတ်အပိုင်းများအားလဲလှယ်ခြင်းတို့ကိုဆောင် ရွက်၍ပတ်ဝန်းကျင်ပြည်သူများအားအသိပေးခြင်း၊လိုအပ်သောတားမြစ်ချက် များရေးသား၍မြင်သာအောင်ချိတ်ဆွဲခြင်းတို့ ပြုလုပ်ရပါမည်။ ရွှေ့ပြောင်းပျားမွေးမြူခြင်းကြောင့်ပျားအုံလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေခြင်း၊တောင်သူများ ၏ သီးနှံအထွက်တိုးမှုကိုဝတ်မှုန်ကူးပေးခြင်းဖြင့်အထောက်အကူပေးနိုင် ခြင်း၊ ပျားရည်၊ဝတ်မှုန်အမြောက် အမြားထုတ်ယူရရှိနိုင်ခြင်း၊ပြည်သူလူထု အားကျယ်ပြန့်စွာထိတွေ့ပညာပေးစည်းရုံးလက်တွေ့ပြသနိုင်ခြင်းစသည့် အကျိုးများရရှိနိုင်ပြီး။ရွှေ့ပြောင်းရသဖြင့်ပျားများ၊ပျားအိမ်နှင့်လုပ်ငန်းသုံး ပစ္စည်းကိရိယာများပျက်စီးနိုင်ခြင်းနှင့်ဟောင်းနွမ်းလွယ်ခြင်း၊ပျားများဆက် တိုက်အလုပ်လုပ်ရသဖြင့်ပင်ပန်းခြင်း၊သက်တမ်းတိုခြင်း၊ပျားအုံအားအမြဲမ ပြတ်ဂရုစိုက်ကြပ်မတ်နေရန်လိုခြင်း၊ပျားရောဂါများကူးစက်လွယ်ခြင်း၊ရေ၊ လေ၊တိရစ္ဆာန်စသည့်မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များကျရောက်တတ် ခြင်းစသည့် အားနည်းချက်များတွေ့ရှိရပါသည်။ (ပျားလုပ်ငန်းဌာနမှ ကူးယူဖော်ပြသည်။)

260,000 လွန်ခဲ့သော ၄ နှစ် က

မွေးမြူနည်း သိချင်တာလားခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။