ပျားများ၏ အသုံးဝင်ပုံများ

02/02/2018 16:23 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စားပွဲနားမှာလာဝဲနေတဲ့ အမဲအဝါကြား အကောင်တစ်ကောင်က ကျွန်တော်တို့ကို ထခုန်မိအောင်လည်း တတ်နိုင်ပါသေးတယ်။ တစ်ချို့ သူတွေက သူတို့ကို မကြိုက်ပါဘူး၊ ဒါပေမဲ့ သူတို့ဟာ ကမ္ဘာကြီးရဲ့ တာဝန် တစ်ချို့တစ်ဝက်ကို ကျောပိုးထားတဲ့ အကောင်လေးတွေ ဖြစ်နေပြန်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ သူတို့များ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ရပ်တည်ဖို့လည်း ခက်ပါလိမ့်မယ်။ လူတွေက သူတို့ ဆီက ပျားရည်တွေစားတယ် ပျားဖယောင်းတွေ ယူတယ်၊ ကျွန်တော်တို့ အစားအစာတွေ ကြီးထွားဖို့အတွက် သူတို့အပေါ်မှီခိုတယ်။ အများကြီးပါပဲ။

ပျားတွေကို ပျားရည်အတွက်ချည်းပဲ မဟုတ်ပဲ နောက်ထပ် ဘာတွေအတွက်များ သုံးနေကြတာလဲ အသုံးဝင်တာလဲ ဆိုတာကို ဆက်ပြီးတော့ ကြည့်လိုက်ကြရအောင်။

ဝတ်မှုန်ကူးခြင်း

ငယ်ငယ်လေးကတည်းက ပန်းပွင့်လေးတွေကနေ ဝတ်မှုန်တွေ တစ်ခုကနေ တစ်ခုကို သယ်ဆောင်ပြီး ပျားလေးတွေ ဝတ်မှုန်ကူးတယ် ဆိုတာကို သင်ခဲ့ရဖူးပါတယ်။ အံသြစရာကောင်းတာက လူတွေစိုက်ပျိုးသမျှထဲ က ၈၅ ရာခိုင်နုန်းကို ဝတ်မှုန်ကူးပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ အံသြစရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်၊ ပျားရည်ကနေလည်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ရနိုင်ပါသေးတယ်။ ဝတ်မှုန်ကူးတဲ့ ပျားကလေးတွေ မရှိဘူးဆိုရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ တွေးကြည့်တာနဲ့တင် ကြောက်ဖို့တောင် ကောင်းပါတယ်။

သီးနှံတွေ

ဝတ်မှုန်ကူးပေးတာတောင်မှ ၈၅ ရာခိုင်နန်းအထိတောင် ဆိုတော့ သီးနှံဖြစ်ထွန်းမှုဆိုတာကလည်း ပြောစရာ မလိုတော့ပါဘူး။ သူတို့ ဝတ်မှုန်ကူးတာနဲ့တင် အသီးလေးတွေ သီးလာမယ်။ ကျွန်တော်တို့ စိုက်ခင်းတွေလည်း တစ်မုဟုတ်ချင်း တိုးတက်လာမှာကတော့ ပြောစရာမလိုတော့ပါဘူး။

ပတ်ဝန်းကျင်

ပျားတွေ မရှိတော့ဘူးဆိုရင်တော့ ရှင်းပါတယ်၊ အပင်တွေအများကြီးကတော့ မျိုးဆက်ပွားနိုင်မှာ မဟုတ်ပဲ သေကုန်မယ်။ မျိုးတွေ ပြုတ်သွားတဲ့အခါ အဲ့အပင်လေးတွေကို မှီခိုနေရတဲ့ အကောင်လေးတွေကနေ တစ်ဆင့် တစ်ဆင့် အကုန်လုံးကို ထိခိုက်မှာဖြစ်ပါတယ်။ ကြောက်စရာပါပဲ။ တစ်ချို့အပင်တွေက မျိုးပွားဖို့အတွက် ပျားလေးတွေကိုပဲ အားထားရတာဖြစ်ပါတယ်။ 

ကဲ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ပျားလေးတွေက နှစ်တိုင်းမှာ တော်တော်များများ သေဆုံးနေကြရပါတယ်။ ဖျက်ပိုးကျတာတွေ၊ ရောဂါတွေနဲ့ ပိုးသတ်ဆေးတွေကြောင့်ပဲ ထိခိုက်နေကြရတာ ဖြစ်ပါတယ်။ အဲ့လို ဖြစ်နေတာကြောင့်ပဲ ကျွန်တော်တို့ရဲ့ စားသောက်ကုန်တွေကလည်း ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ ပျားတွေ ပျောက်ကွယ်သွားတာက ကျွန်တော်တို့ ပတ်ဝန်းကျင်က အန္တရာယ်နဲ့ ကြုံနေတာလို့ သတိပေးနေတာဖြစ်ပါတယ်။ အမြောက်အများသေဆုံးနေတာကို တွေ့နေရရင်တော့ ဓါတု နည်းအားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီးဟာ တိုက်ခိုက်ခံနေရတယ်လို့ ညွန်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ရာသီဥတု ဖောက်ပြန်တာမျိုးတွေနဲ့ ကြုံနေရတယ်လို့ ပြောတာဖြစ်ပါတယ်။ 

ပျားရည်

ကျွန်တော်တို့ အသိဆုံးတွေပဲဖြစ်ပါတယ်။ ပျားတွေကနေ ပျားရည်တွေ ယူတယ်။ ပျားရည် က ကျန်းမာရေးအတွက် ကောင်းတယ်လေ။ တစ်ခြားသော အားသာချက်တွေလည်း အများကြီးလည်း ရှိပါသေးတယ်။ ဘက်တီးရီးယားတွေကိုလည်း တိုက်ထုတ်နိုင်တဲ့ အာနိသင်တွေရှိပြီး အာဟာရတွေ အများကြီးရှိနေတာကြောင့် ဖြစ်ပါတယ်။ ချိုမြပြီး အရသာရှိလှတဲ့ ပျားရည်ကို ကျွန်တော်တို့ ကြိုက်ကြပါတယ်။

အစားအစာတွေ

ပျားရည်ကနေ ထုတ်ထားတဲ့ ချိုမွေးပြီး စားလို့ကောင်းတဲ့ စားစရာတွေကလည်း အများကြီးပါပဲ။ အဲ့လို ပုံစံမျိုးစုံနဲ့ ပြုလုပ်စားသောက်ကြတာ အရင်ကတည်းကပါပဲ။ ခုမှ မဟုတ်ဘူးပေါ့။ လက်ဖက်ရည်ထဲ ထည့်သောက်ကြတယ်။ အရင် အီဂျစ်ဘုရင်တွေ လက်ထက်ကတည်းက စားသုံးကြတယ်လို့ စာမှာဖတ်ဖူးပါတယ်။ 

ပျားရည်က ထုတ်ထားတဲ့ အစားအစာတွေ အများကြီးပါပဲ။ စားစရာတွေရော သောက်စရာတွေရော။ အလှအပတွေအတွက်ပဲ ကြည့်ဦးမလား ရှိပါသေးတယ်။ နှစ်ရာချီပြီး အသုံးဝင်နေဆဲ နည်းလမ်းတွေဖြစ်ပြီးတော့ ခုထိပါပဲ။

ပျားဖယောင်း

ပျားဖယောင်းကနေ ထုတ်ထားတဲ့ ဖယောင်းတိုင်တွေနဲ့ ရင်းနှီးတဲ့ သူတွေအများကြီးပါပဲ။ ဒါပေမဲ့ ပျားဖယောင်းတွေက အဲ့ဒီထက်ပိုပြီးတော့ အသုံးချနိုင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အိမ်သုံးပစ္စည်းတွေ ပရိဘောဂ ပစ္စည်းတွေလုပ်တဲ့နေရာမှာ သုံးကြတာ ဖြစ်ပါတယ်။ အလှကုန်တွေမှာလည်း သုံးတယ်။ နူတ်ခမ်းနီ တွေမှာလည်း သုံးတယ်။ ပီကေတွေမှာလည်း သုံးပါတယ်။ အများကြီးပါပဲ။ 

ဖယောင်းတိုင်

ပျားဖယောင်းတွေနဲ့ လုပ်တဲ့ ဖယောင်းတိုင်တွေက နာမည်ကြီးပါပဲနော်။ အဲ့ဖယောင်းတိုင်တွေကနေ ထွက်လာတဲ့ အရည်ပျော်နေတဲ့ ဖယောင်းလေးတွေကို နှိပ်နယ်ဖို့အတွက်လည်း အသုံးပြုကြသလို အလှအပတွေမှာလည်း သုံးကြပါသေးတယ်။ တစ်ခါတစ်လေမှာ သွားပေါက် ဖာတဲ့နေရာမှာတောင် သုံးကြပါသတဲ့။

ဖယောင်းထုတ်ကုန်များ

ပျားဖယောင်းတွေကို သုံးထားတဲ့ ထုတ်ကုန်တွေဟာ တောက်ပမှုကို ထိန်းထားနိုင်တာကြောင့် ဆံပင်တွေကို အရောင်တင်တဲ့ ထုတ်ကုန်တွေလိုမျိုးမှာ သုံးကြပါတယ်။ ပြီးတော့ အစားအစာတွေကို ပျားဖယောင်းနဲ့ အုပ်ထားပေးရင် ကြာရှည်ခံတဲ့ အကျိုးကိုလည်း ရရှိနိုင်တာ ဖြစ်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အစိတ်အပိုင်းတွေ

ပျားရည်က အာဟာရပဲ ဖြစ်တာမဟုတ်ပါဘူး။ တစ်ချို့ဖျားနာ ကိုက်ခဲတာတွေကို ပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ ချောင်းဆိုးတာမျိုး အစာမကြေတာမျိုး စတဲ့ အသေးစားလေးတွေကို သူနဲ့တင်ပျောက်စေ နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒါကို အန်တီဘက်တီးရီးယားလို့ ဘိုလိုခေါ်ကြတာဖြစ်ပါတယ်။ အဲ့ အချက်ကလေးကတင် ဘက်တီးရီးယားတွေ ကို ပြန်တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိတာဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ အချက်တွေအရ ပြောပြတာပဲ ရှိပါသေးတယ်။ အလုပ်ကြိုးစားတဲ့ ပျားကလေးတွေကနေ ကောင်းကျိုးတွေက ထပ်ပြီး ပေါ်ပေါက်လာနေဆဲပဲ ဖြစ်ပါတယ်။

ထွန်းဝင်းကျော် မှ သင့်လျော်သလို ဘာသာပြန်ပါသည်။

Source-https://www.perfectbee.com/learn-about-bees/the-benefits-of-bees/ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်