အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၄ နှစ် က · ကွမ်းခြံကုန်း

ပိုးကျနေလို့ဘယ်လိုကာကွယ်ရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၈ ခု

522 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ထွာကောင်စိမ်းဖြစ်ပါတယ် ကိုက်ဖြတ်စားပိုးဖြစ်လို့ မည်သည့်ပိုးသတ်ဆေးနဲ့မဆို ရပါတယ်၊

260,000 လွန်ခဲ့သော ၄ နှစ် က

ဆေးရွက်ကြီးကို ပိုးသတ်ဆေးအဖြစ် အသုံးပြုရာတွင် နီကိုတင်းများများပါသော (ဥပမာ - ဗာဂျီးနီး ယား ဆေးရွက်ကြီး) အမျိုးအစားကို အသုံးပြုရသည်။ အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ - အရွက်၊ အရိုး၊ ရွက်ကြော အာနိသင်ထိရောက်ပုံ ပိုးသေ၊ တွန်းလှန်၊ မှိုသတ်၊ မွှားသတ်၊ ထိသေ၊ စားသေ၊ ရှူသေ(အသက်ရှူလမ်းကြောင်း အဆိပ်သင့်) လူတို့အပေါ်အန္တရာယ် သက်ရောက်မှု နီကိုတင်း အာနိသင်ပြင်းထန်းသဖြင့် လူ၊ တိရိစ္ဆာန်တို့ ခန္ဓာကိုယ်များနှင့် မထိမိစေရန် မစားမိစေရန် ဆေးဖျန်းစဉ်တွင် လိုအပ်သော ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သည်။ သွေးနွေးသတ္တဝါများ အဆိပ် သင့်စေသဖြင့် စိုက်ခင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေးဖြန်းပြီး (၃ - ၄) ရက်ကြာပြီးမှသာ စားသင့် သည်။ ဆေးရည်ပက်ဖြန်းချိန်တွင် အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်နှင့် အထက်တွင် အာနိသင် သက် ရောက်မှုရှိသည်။

260,000 လွန်ခဲ့သော ၄ နှစ် က

(က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။ (ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။ ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။

260,000 လွန်ခဲ့သော ၄ နှစ် က

အော်ဂဲနစ် ဆေးရွက်ကြီးပိုးသတ်ဆေး ပြုလုပ်သုံးစွဲကြည့်ပါခင်ဗျာ။

522 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ကျရောက်မှုများပါတယ်ဗျ

260,000 လွန်ခဲ့သော ၄ နှစ် က

ကျရောက်မှု များသလားခင်ဗျာ။

524 လွန်ခဲ့သော ၄ နှစ် က

ဖော်ယူကိုး ၃ဇွန်းနှုန်းပါတ်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။