ဖြေကြားချက် ၁ ခု
ကွမ်းသီးပင် စိုက်သည့်အခါတွင် ရေမြေကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ရေနှင့် အေးမြသော နေရာ၊ ရာသီဥတုနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မိုးရေချိန် လက်မ ၈၀ မှ ၂၀၀ အထိ ရွာသွန်းသော တိုင်းဒေသကြီးများတွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းပါသည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ပိုမို၍ ဖြစ်ထွန်းပါသည်။ မိုးခေါင်ဒဏ်ကို မခံနိုင်ပါ၊ မိုးခေါင်သော ဒေသတွင် ကွမ်းသီးပင် စိုက်ပျိုးလျှင် အပင် မကြီးထွားနိုင်ပါ၊ ပန်းပွင့်မှုလည်း ညံ့ဖျင်းစေပါသည်။ မိုးရေချိန် လက်မ ၆၀ ခန့်ရရှိသော အခါတွင် ရေသွင်း ပေးရပါသည်။ နေပြင်းဒဏ်ကိုလည်း ကောင်းစွာ မခံနိုင်ပါ၊ လေပူလေပြင်း တိုက်ခတ်လျှင် အသီးအပွင့်ကြွေ၍ အသီးတင်မှု နည်းစေပါသည်။ သို့သော် နေရာဒေသ ပူပြင်းသော်လည်း အေးမြစိုစွတ်သောနေရာတွင် စိုက်ပျိုးပါက ဖြစ်ထွန်းနိုင်ပါသည်။ ကွမ်းသီးပင် စိုက်ပျိုးရာတွင် ရေအဓိကရရှိရန် လိုအပ်ပါသည်။ အပွင့်ပွင့်နေချိန်တွင် ရေကောင်းစွာ မရရှိပါက အသီးမတင်နိုင်ပါ။ အသီးကင်ဖြစ်ချိန်တွင် ရေမရရှိပါက အသီး ကြွေ၍ ကွမ်းသီးလုံးအဆင့်ကို မရောက်ရှိနိုင်ပါ။ မြေသြဇာကတော့ သဘာဝမြေဆွေးပုံတာတို့၊ နွားချေးပုံတာတို့၊ ဓာတ်မြေသြဇာဆိုရင်တော့ ကွန်ပေါင်းမြေသြဇာကိုအသုံးပြုကြတာကိုတွေ့ရပါတယ်။
ဆက်စပ်မေးခွန်းများ