အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · ရမည်းသင်း

Nitrogenကျွေးရင်စပါးပင်အတွက်ဘာတွေကောင်းကျိုးပြုနိုင်မလဲ သုသေသနလုပ်ထားသောအဖြေများကိုလဲတိတိကျကျသိချင်ပါတယ်ခင်ဗျ

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
2

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ သဘာဝအလျှောက် ရှိရင်းစွဲပမာဏသည် စပါးပင်အတွက် လုံလောက်မှုမရှိနိုင် သဖြင့် နိုက်ထရိုဂျင်ပါသော ဓာတ်မြေသြဇာကို မဖြစ်မနေ ထပ်မံဖြည့်စွက်ထည့်သွင်းရန် လိုအပ်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်အတွက် အလိုအပ်ဆုံးအချိန်များတွင် ကျွေးပေးရန်လိုသည်။ အပင်ပွားချိန်၊ မှို့ကပ်ချိန်နှင့် စပါးစေ့နို့ရည်တည်ချိန်တို့သည် နိုက်ထရိုဂျင် အာဟာရရရှိရေးအတွက် အရေးကြီးသည့်အချိန်များဖြစ်သည်ဟု သိထားပါသည်။ အပင်ပွားချိန်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလတို့တွင် ထည့်ပေးခြင်းသည် ပင်ပွားအများဆုံးကို ဖြစ်စေပြီး အနှံပါသော ပင်ပွားအရေအတွက်များစေသည်။ မှို့ကပ်ချိန် သည် စပါးအနှံလောင်းဖြစ်တည်ချိန်ဖြစ်သည်။ မှို့ကပ်ချိန်နှင့် အစေ့အဆံပြည့်ဖြိုးချိန်တို့တွင် နိုက်ထရိုဂျင်‌မြေသြဇာကို ကျွေးပေးခြင်းဖြင့် အနှံအရေအတွက်၊ တစ်နှံပါအစေ့အ‌ရေအတွက်နှင့် အောင်စေ့ကိုများစေသည်ဟု ဆိုပါသည်။ ထည့်သွင်းနည်းစနစ် စပါးပင်သည် ၄င်း၏ ကြီးထွားအဆင့်အလိုက် နိုက်ထရိုဂျင်အာဟာရကို လိုအပ်ခြင်းကြောင့်လည်းကောင်း၊ နိုက်ထရိုဂျင်မြေသြဇာ၏ သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်၍လည်းကောင်း၊ ယူရီးယားဓာတ်မြေသြဇာကို စပါးစိုက်ခင်း၌ ထည့်သွင်းရာတွင် တစ်ကြိမ်တည်းထည့်သွင်းရုံဖြင့် မလုံလောက်နိုင်ဟုသိရသည်။ မြေသြဇာ၏ အကျိုးအာနိသင် အပြည့်အဝရရှိစေရေးအတွက် အကြိမ်ကြိမ်လီ၍ ခွဲဝေထည့်သွင်းသင့်ပြီး လီ၍ကျွေးတိုင်း ထုထည်တူ မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာကြဲပက်သင့်ပါသည်။ သက်လျင်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံထွက်ချိန်တို့တွင် သုံးကြိမ်လီ၍လည်းကောင်း၊ သက်လတ်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံလောင်းဖြစ်တည်ချိန်နှင့် အနှံထွက်ချိန်တို့တွင် လေးကြိမ်လီ၍လည်းကောင်း၊ ယူရီးယားဓာတ်မြေသြဇာကို ထည့်သွင်းပေးရန် လိုအပ်ကြောင်း သိထားပါသည်။

260,000 လွန်ခဲ့သော ၄ နှစ် က

Nitrogenကစပါးပင်အပါအဝင် မည်သည့်အပင်တွက်မဆိုမရှိမဖြစ် ရေးကြီးဆုံးအာဟာရဖြစ်ပါတယ်။ စပါးပင်က နိုက်ထရိုဂျင်ကို အများကြီးစုပ်ယူပါတယ်။ အပင်ကြီးထွားဖို့၊ အပင်တိုးတက်ကောင်းမွန်ဖို့၊ အထွက်တိုးတက်ဖို့အတွက် အဓိကပါပဲ။ သူက မြေကြီထဲမှာ ရှိနေပေမဲ့လို့ အပြင်ကနေ ထပ်ပြီးတော့ ပံ့ပိုးပေးနိုင်မှ ကောင်းတာဖြစ်ပါတယ်။ ပုလဲကျွေးတယ် ဆိုတာ အပင်ကို နိုက်ထရိုဂျင် ထည့်ပေးတာပါပဲ။ ပင်ပွားထွက်တဲ့အချိန် နဲ့ ပန်းခိုင်စတင်ဖြစ်ပေါ်တဲ့အချိန်မှာ လုံးဝကို အရေးကြီးပါတယ်နော်။ အရွက်ထွက်တဲ့အချိန်လေးတွေမှာ အရွက်တွေမှာ စုတယ်။ နောက်ပြီးတော့ စပါးစေ့လေးတွေထဲ အထိ နိုက်ထရိုဂျင်က ပါပါတယ်။ စုပ်ယူလိုက်တဲ့ နိုက်ထရိုဂျင် (၇၅%) က စပါးစေ့လေးထဲမှာ သွားစုတာပါ။ အဲ့တော့ နိုက်ထရိုဂျင် က အရေးကြီးတယ်ဆိုတာကို ပြောစရာကိုမလိုတော့ပါဘူး။ နိုက်ထရိုဂျင် ချို့တဲ့တယ်ဆိုရင်တော့ ခုဏက ပြောထားတဲ့ အကျိုးကျေးဇူးတွေကတော့ မရတော့ပဲ အပင်ပုတာ၊ အပင်တွေ ဝါတာတွေ ကိုတွေ့ရမှာပါ။ နိုက်ထရိုဂျင်က အပင်ထဲမှာတင် ရွေ့ပြောင်းနိုင်တဲ့ အာဟာရဖြစ်ပြီးတော့ ပျောက်ဆုံးလွယ် ပျက်စီးလွယ်ပါတယ်။ ၂ရက် ၃ ရက်ကြာရင် အာနိသင်ပြပြီးတော့ ကျွေးတာများရင်လည်း အပင်တွေ ယိုင်လဲတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အငွေ့ပျံလွယ်တယ်၊ အရည်ပျော်လွယ်တယ်၊ စတဲ့အချက်တွေရှိတာကြောင့် ကျွေးတဲ့နေရာမှာတော့ တကယ့်ကို သတိထားပေးရမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။