အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
6,815
လွန်ခဲ့သော ၄ နှစ် က · မိုးညို

သဘာဝအသီးပွင့်အားဆေးလုပ်နည်းသိချင်ပါတယ်

အပင်အာဟာရ ပဲတီစိမ်း

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အလွယ်ဆုံးနဲ့ အၽမြန်ဆုံးအားဆေးပါခင်ဗျာ။ ကျွန်တော့် လက်တွေ့ အကျိုးများပါတယ်ခင်ဗျာ။ “လိုအပ်သောပစ္စည်းများ” – M150 အချိုရည် ၁ လုံး – M 150 ပုလင်းအလွတ် ၁ လုံး – အချိုမှုန့် အထုပ်သေး ၁ထုပ် (85g) “ပြုလုပ်နည်း” – M 150 အချိုရည်တစ်ပုလင်းကို ပုလင်းအလွတ်တစ်လုံးနဲ့ ညီမျှစွာ ပုလင်းဝက်စီခွဲလိုက်ပါ။ – ပြီးနောက် အချိုမှုန့်အထုပ်သေးအားဖောက်ပြီး အချိုရည်ပုလင်း (၂) ပုလင်းစီသို့ ညီမျှစွာထည့်ပြီး သမအောင် အဖုံးပိတ်ပြီးခါလိုက်ပါ။ – ထို့နောက် မိနစ် (၃၀) ခန့်စိမ်ထားရပါမည်။ – မိနစ်၃ဝကြာသောအခါ လိုအပ်သော အသီး အပွင့်အားဆေးကို ရရှိပါပြီ။ “အသုံးပြုနည်း” ရရှိလာသောဆေးရည်ကို တစ်ပုလင်းလျှင် ရေ၁၅လီတာရော၍ အပင်အားအပွင့်ထွက်ချိန်တွင်ပက်ဖြန်းနိုင်သည်။ ပက်ဖြန်းရာတွင် အပွင့် အရွက်နှင့်အရွက်၏အောက်ဘက်ပိုင်းတွင် ပက်ဖြန်းရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် အပင်တစ်ပင်၏ အစာချက်လုပ်သည့် အစိတ်အပိုင်းသည် အရွက်၏အောက်ခြေတွင် ရှိသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့် အပင်၏ အပွင့်အသီးအား ၇၀%ခန့်အကျိုးဖြစ်ထွန်းစေမှာပါ။

1,979 လွန်ခဲ့သော ၄ နှစ် က

ဗီးစပ်ရွက်များများရှာစင်းပြီး ထန်းလျှက်စစ်စစ်ဖြင့်စိမ်ထါးပါနှစ် ပေါက်အောင်ထါးပေးနိုင်လျှင်ပိုကောင်းပါတယ် နောက်တစ်နည်းက အသီးအမှည့်လွန်သော ပိန်းနဲသီးသဘ်ောသီး ငှက်ပျောသီးမှည့်အခြင်းအသီးမှည့်များအားလုံးလှီးပြီး စဉ်းအိုးထဲထည့်ထန်းလျက်အစစ် ရာဝင်အိုးဆိုပါကသုံးပိဿာခန့်ကျော်ထဲ့ပါစဉ်းအိုးအားမြေတစ်ဝက်နီးပါးမြုတ်ပြီးလေလုံအောင်ထါးပါနှစ်ဝက်နှစ်ပေါက်လေါက်ထါးပေးနိုင်ကပိုကောင်း၏ ၎င်းစိမ်ထါးသောအရည်များအားရေဖြင့်စပ်ဖြန်းပေးပါကအသီးအပွင့်အားဆေးဖြစ်စေပါသည်ဘေးထွက်ဆိုးကျိုးမရှိပါ သတိ။ချဉ်သောအသီးများရှောက်သီးသံပရာကဲ့သို့အသီးများ မထဲ့ပါနှင့်နော် အက်ဆစ်ဓါတ်ဖြစ်နိုင်ပါသဖြင့်

260,000 လွန်ခဲ့သော ၄ နှစ် က

နောက်တစ်နည်းကတော့ ကြက်ဥ ၁လုံး၊ အုန်းရည်၁လုံး၊ အချိုမုန့်တစ်ဇွန်းကို ရောပြီး ဘူထဲပိတ်ထားပါ။ ၃ရက်နေရင် သုံးလို့ရပါပြီ။ ကျွန်တော် ခရမ်းချင်တုန်းက အထွက် ၅၀%လောက်ပို ထွက်ခဲ့ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။