အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
6,815
လွန်ခဲ့သော ၄ နှစ် က · မိုးညို

စုတ်စားပိုးနိုင်တဲ့သဘာဝဆေးနည်းလေးသိချင်ပါတယ်

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်
1,337 လွန်ခဲ့သော ၄ နှစ် က

တမာဆီကိုဆပ်ပြာဆီနဲ့ဆတူရောပြီးဖျော် အဲဒီလိုဖျော်ပြီးရေနဲ့ထပ်ရောပြီးဖြန်းနိုင်ပါတယ် မနက်စောစောနဲ့ညနေ နေဝင်ချိန် ဖြန်းပါ ၁၅ ရက်တစ်ခါဖြန်းနိုင်ပါတယ် ကာကွယ်ဆေးအနေနဲ့သုံးနိုင်ပါတယ် တမာဆီ လီတာဝက် ၅၀၀ မီလီ တစ်ဗူး၅၀၀၀ ဘဲရှိတယ် တစ်ဧက. သုံးနိုင်ပါတယ်

116 လွန်ခဲ့သော ၄ နှစ် က

မန်ဂျာရှားပျိုးထောင်နည်း

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

လိမ္မော်ရောင်စာတန်းများကိုနိုပ်၍ လေ့လာနိုင်ပါတယ် ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည်

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

တမာပိုးသတ်ဆေး သို့မဟုတ် ဆေးရွက်ကြီးဖြစ်ပါတယ်၊

260,000 လွန်ခဲ့သော ၄ နှစ် က

အဝါရောင်ကော်သုတ်ထားသောပိုးထောင်ခြောက်လည်းပြုလုပ်ကြည့်ပါ။ ယင်ဖြူကြောင့် ဖြစ်တဲ့ စုပ်စားပိုးကို ကာကွယ်ပေးပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဆားခါး လ္ဘက်ရည်ပန်းကန်လုံး တစ်ခွက် နှင့် ရေ (၅) ဂါလံ ရောစပ် ပက်ဖျန်း ခြင်းဖြင့် ကျိုင်း ( Beetle) နှင့် အချို့သော ဥယျာဉ်ခြံ ဖျက်ပိုးများကို နှိမ်နင်း နိုင် ပါသည်။ ရေ နှင့် ဆားခါး အရောကို ပုံအကြီးကြီးထဲတွင် ထည့် ဆားခါးများ ကောင်းစွာ ပျော်ဝင်အောင် ဖျော်ပါ။ ဖျော်ထားသော ဖျော်ရည်ကို ဖျန်းစက်ခြင့် အရွက်များ အပေါ်သို့ ဖြန်းပါ။ ဆားခါးကို ဖျက်ပိုး ကာကွယ်ရန် အတွက် သုံးစွဲနိုင်သော်လည်း သုံးစွဲ သည့်အခါ သေချာ စဉ်းစား ဆုံးဖြတ်ရမည်။ သတိပြုရန်မှာ ဆားခါးကို ဟင်းသီးဟင်းရွက် စုတ်စားပိုးများ ကာကွယ်ရန် အတွက် အသုံးပြုသောအခါ စိုက်ပျိုးသော မြေနေရာသည် တစ်နေရာ နှင့် တစ်နေရာ / သီးနှံ အလိုက် ကြိုက်နှစ်သက်မှု လိုအပ်ချက်များ မတူသည့် အတွက် မိမိ မြေနေရာ/ စိုက်ပျိုးမည့် သီးနှံ စသဖြင့် အခြေအနေအလိုက် အကျိုးရလာဘ် မတူညီဘဲ ကွဲပြား ခြားနားခြင်းတို့ ရှိမည် ဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။