အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3,756
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

ခရမ်းတွင် ကျရောက်တက်သော အဖျက်ပိုးများအကြောင်းကိုသိခြင်ပါတယ်ခင်ဗျာ၊ သဘာဝ ပိုးသတ်ဆေးသုံးမယ်ဆိုရင်ကော အဆင်ပြေ...

ခရမ်းတွင် ကျရောက်တက်သော အဖျက်ပိုးများအကြောင်းကိုသိခြင်ပါတယ်ခင်ဗျာ၊ သဘာဝ ပိုးသတ်ဆေးသုံးမယ်ဆိုရင်ကော အဆင်ပြေနိုင်လားခင်ဗျာ ( တမာပိုးသတ်ဆေး / ဆေးရွက်ကြီး) ဘယ်နစ်ရက်သားတွင် အစာကြွေးရမလဲ စိုက်ပျိုးရာသီတစ်လျောက် ဘယ်နစ်ကြိမ်ကျွေးရမလည်း ပိုးသတ်ဆေးကိုလည်း ဘယ်နစ်ကြိမ်ဖြန်သင့်ပါသလည်းခင်ဗျာ၊ သဘာဝပိုးသတ်ဆေးများရှီရင်လည်း ပြောပြပါခင်ဗျာ ဓာတုထုတ်ကုန်တွေ ကင်းလွတ်ခြင်လို့ပါ ( သဘာဝမြေဩဇာ/သဘာဝအားဆေး/ သဘာဝပိုးသတ်ဆေး) စတာတွေကိုဘဲသုံးခြင်လို့ပါခင်ဗျာ မြေစမ်းခရမ်းပျိုးကြည့်ခြင်လို့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ဆရာများဖြေပေးကြပါ။

ပိုးမွှားရောဂါ ခရမ်းသီး

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပိုးသတ်ဆေးကို တစ်ရာသီ၂ကြိမ်လောက်နဲ့ ဆေးများများထည့်မကျွေပဲ တစ်ရာသီ ၅ကြိမ်လောက် အလီလီကျွေးတာ ပိုကောင်းပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ခရမ်းကိုကျင်းနဲ့စိုက်ပါ။ ၁ကျင်းကို စူပါဘိုကာရှီ(super bokashi) လက်တစ်ဆုပ်လောက်နဲ့ နွားချေး ပြည်ဝက်ကနေ ၁ပြည်ထိထည့်ပါ။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) ၃-၅ရက်တစ်ခါဖြန်းပေးပါ။ အပွင့်လိုက်ပြီဆိုတာနဲ့ ကြက်ဥဟော်မုန်းတိုက်ပေးပါ။ စပါးခွံဖွဲပြာမြေထဲထည့်ပြီး မြေဆွပေးပါ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖျက်ပိုးတွေကတော့ Greenway ဆောင်းပါးတွေထဲမှာ ရိုက်ရှာဖတ်ကြည့်နိုင်သလို အခြား facebook page တွေမှာလဲရှိတတ်ပါတယ် ပိုးသတ်ဆေးကတော့ တမာ ဆေးရွက်ကြီးဆိုရင် ၅ - ၇ ရက်ခြားဖျန်းပေးပါ မကျခင်ကတည်းကဖြစ်ပေးပါ ဆေးမလောင်ပါ၊ အစာကွျေးနည်းကတော့ ပုံသေမရှိပါဘူးခင်ဗျ မိမိရဲ့ မြေအနေအထား နဲ့ မျိုးပေါ်မူတည်ပါမယ်၊

3,756 လွန်ခဲ့သော ၄ နှစ် က

ဟု့ကဲ့ အခု့လိုဖြေကြားပေးတဲ့ ဆရာများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ကျန်းမာကြပါစေ ချမ်းသာကြပါစေ

260,000 လွန်ခဲ့သော ၄ နှစ် က

ခရမ်းမြေလုပ်ဖို့ မမေ့ပါနဲ့နော်။ အော်ဂဲနစ်နဲ့ပဲ သီးသန့်စိုက်ချင်တယ်ဆိုလို့ ဝမ်းသာမိပါတယ်ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ခရမ်းပင် အဖူးလိုက်လာပါပြီခင်ဗျာ။ အော်ဂဲနစ် အသီးဆေးလေး ပြောပြပေးပါဦး ဆရာတို့ရေ။

ဖြေကြားချက် 3 ခု

PH 3 နှင့် 4 ကြားတွင်ရှိသောမြေကို ဘယ်လိုပြုပြင်ပေးရမလဲ? ပညာရှင်များနှင့်အတွေ့အကြုံရှိကြသူစိုက်ပျိုးရေးလုပ်...

ဖြေကြားချက် 4 ခု

ခရမ်းသီးပင်ပုံထဲကအတိုင်းပါဗျာ အရွယ်လေးရောက်လာမှ သေကုန်တယ် ဘာရောဂါလဲ ဘာဆေးသုံးရမလဲ ပညာရှင်များနှင့် အတွေ့အကြုံ...

ဖြေကြားချက် 8 ခု

tin aye ခရမ်းပင် အရွက်အဖျားပိုင်းများ ဝါပြီး ခြောက်သွားပါသ ဖြင့် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အကြံပြုပေးပါ

ဖြေကြားချက် 6 ခု

Ph Leval 3.4 ပဲရှိတဲ့မြေကို ကွမ်းစိုက်လို့အဆင်ပြေပါမလားဗျ။ မြေကိုလည်းဘယ်လိုပြုပြင်ပေးရမလဲခင်ဗျာ။ အတွေ့အကြုံရှိ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။