ဖြေကြားချက် ၇ ခု
အီးအမ် ဖျော်ရည်အပြင်း - ၁ ဆ တင်လဲရည် - ၄ ဆ ရေ - ၉၅ ဆ - အထက်ပါနည်းအတိုင်းရောစပ်ပြီး ရရှိလာတဲ့ ဖျော်ရည်ကို သန့်ရှင်းတဲ့ ပလပ်စတစ်ပုလင်း ထဲထည့်ပြီး လေလုံအောင် ပိတ်ထားရပါမယ်။ - အီးအမ်ကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့ အရိပ်၊ အေးမြသောနေရာမှာ ထားရပါမယ်။ - တစ်ရက်ကို တစ်ကြိမ်ခန့် သမအောင်မွှေပေးရပါမယ်။ - ဓါတ်ငွေ့တွေထွက်လာပါက အဖုံးကို ခဏတာဖွင့်ထားပေးပြီးတော့ လေလုံအောင်ပြန်ပိတ်ထားပေးရပါမယ်။ - (၃-၄) ရက်ခန့်ကြာတဲ့အခါမှာ ဝါညိုရောင်အဖြစ်ပြောင်းသွားတဲ့အခါ သုံးစွဲဖို့ အသင့်ဖြစ်ပါတယ်။ သတိပြုရမယ့်အချက်တွေကတော့ အီးအမ်အပြင်းတွေက (၆)လ၊ (၁) နှစ်ခန့်လောက်ထိ သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရောင်းချနိုင်ပေမယ့် အသင့်သုံး အီးအမ်တွေကတော့ (၇) ရက်ကနေ (၁၀) ရက်ခန့်လောက်အထိသာ သိုလှောင်လို့ရပါတယ်။
OEM 1လီတာ တင်လဲရည် 1လီတာ ရေ18 လီတာရောလိုက်ရင် ရလာတဲ့အရည်က EM အပြင်းလား ဆရာ
အသင့်သုံးEMဖြစ်ဖို့ OEMကိုဘာထပ်ရောရမလဲဗျ
Iemကဘယ်လိုမျိုးလဲဗျ
OEM ဆိုတာ ပင်မအီးအမ်ကိုခေါ်တာပါခင်ဗျာ။ မြေဆွေးလုပ်တဲ့နေရာမှာ အသင့်သုံးEMကိုသုံးတာအကောင်းဆုံးပါ။ အသင့်သုံးEMဆိုတာ IEMကိုပြောတာပါခင်ဗျာ။
ဘိုကာချီ
OEM ဆိုပိုအဆင်ပြေပါတယ် ရေအဆကတော့ လုပ်တဲ့မြေဆွေးအပေါ်မူတည်ပါမယ် ဘိုကာချီလား ရိုးရိုးမြေဆွေးလား သိပါရစေ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲ65ကျပ်သား တင်လဲရည် 1လီတာ ဆန်ဆေးရည်10လီတာရောစိမ်ရင် 46:0:0နဲ့ညီတယ်ဆိုတာမှန်ပါသလား ဘယ်လိုအကျိုးအာနိသင်ရှိမလဲဗျ
ဖြေကြားချက် 8 ခု
NPKကွန်ပေါင်းဓာတ်မြေဩဇာကိုအရည်ဖျော်ပြီးပဲပင်ကိုဖျန်းလို့ရလား
ဖြေကြားချက် 2 ခု
အပင်အာဟာရနှင့်ပက်သက်ပြီးတော့သိချင်လို့ပါရှင့် နိုက်ထရိုဂျင်ဆိုရင်အပင်ကိုအားပေးပြီး အပွင့်နှင့်အသီးကျတော့ဘယ်လို...
ဖြေကြားချက် 5 ခု
မြေပြင်ဖို့အတွက်ဘယ်လိုEMသုံးပေးရမလဲ ရေနဲ့စပ်ရမယ့်အချုးလေးပါသိချင်ပါတယ် ငါးအမိုင်နို ပဲအပုတ်ခံရေ ငှက်ပျောဇီဝ...
ဖြေကြားချက် 2 ခု
EMအပြင်းလုပ်နည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု