အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · ကျိုက်လတ်

emလုပ်နည်းနဲ့လိုအပ်တဲ့အရာလေးတွေပြောပြကြပါလားဆရာတို့

မြေဆီလွှာ ဂန္ဓမာ
4

ဖြေကြားချက် ၄ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

ဒါကတော့ နောက်တစ်နည်းပါ။ အီးအမ် (EM)ပြုလုပ်နည်း မင်္ဂလာပါခင်ဗျ။ ဒီတစ်ခါမှာတော့ စိုက်ပျိုးရေးမှာ မင်းသားတစ်ပါးလို လူတိုင်းပါးစပ်ဖျားမှာ ပြောပြောနေကြတဲ့ "အီးအမ်" သဘာဝမြေဩဇာ ကို အိမ်တွင်းမီးဖိုချောင်ပစ္စည်းများမှနေ၍ ထုတ်ယူနည်းလေးကို တင်ပြပေးလိုက်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်လေးအတူလေ့လာကြရအောင်နော့်။ အီးအမ် (EM)ပြုလုပ်နည်း(၁) (၁ ဆိုတော့နောက်လာရန်ရှိသေးတယ်ဆိုတဲ့သဘောပေါ့နော့်) လိုအပ်သော ပစ္စည်းများ (၁) သင်္ဘောသီး ၁ လုံး (၅၀ သား ဝန်းကျင်) (၂) ငှက်ပျောသီး ၁ ဖီး (၅၀ သား ဝန်းကျင်) (၃) ရွှေဖရုံသီး ၁ လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ဝန်းကျင်) (၄) ကြက်ဥ ၃-လုံး (၇) ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု ၁- ပိဿာ (၈) ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် ၂ ပိဿာ (၉) ရေ ၅လီတာမှ ၁၀လီတာ ဝန်းကျင် (၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဉ့်အိုး ပြုလုပ်နည်းအဆင့်ဆင့် ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ။) တို့ကို ၅၀သားစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။ ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၃ပိဿာခန့်ဝယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။ ၄။ ထို့နောက် အသီး ၃မျိုး၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ ၃လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ၅။ ရေကို မပျစ်မကျဲ အနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၆။ ၂-ရက် ၃ ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတု ပူလျှင် ၇ ရက် အေးလျှင် ၁၀ ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။ ၈။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသော နေရာတွင် ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။ ၉။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ ၆လအတွင်း အသုံးပြုရမည်။ ၁၀။ အီးအမ်ဖျော်ရည်ရေသန့်ဘူး၄ပုံ ၁ပုံ(၂၅၀ စီစီ)အားရေ (၄) ဂါလံဖြင့်ဖျန်းနိုင်သည်။

260,000 လွန်ခဲ့သော ၄ နှစ် က
116 လွန်ခဲ့သော ၄ နှစ် က

ဂျင်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။