အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · ထီးချိုင့်

ဒီအပင်လေးကို ဘယ်လိုစိုက်ရမလဲ အပင်လေးက အရွက်တွေနွမ်းနေလို့ပါ ဘယ်လိုရာသီဥတုကိုကြိုက်လဲ နေရောင်ခြည်ကြိုက်လား အ...

ဒီအပင်လေးကို ဘယ်လိုစိုက်ရမလဲ အပင်လေးက အရွက်တွေနွမ်းနေလို့ပါ ဘယ်လိုရာသီဥတုကိုကြိုက်လဲ နေရောင်ခြည်ကြိုက်လား အပွင့်လေးကလဲ အရမ်းသေးနေတယ် ၁၅ ပတ်လည်ထည့်ထားပါတယ် စိုက်ပုံစိုက်နည်းလေးလဲ သိချင်ပါတယ် ပြည့်ပြည့်စုံလေးဖြေပေးပါလားရှင့်....

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ ဂန္ဓမာ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

464 လွန်ခဲ့သော ၄ နှစ် က

ရေလောင်း

260,000 လွန်ခဲ့သော ၄ နှစ် က

မြေဆီလောင်တာလို့ ယူဆရပါတယ်ခင်ဗျာ။ ဘာမြေဆီကျွေးထားမိသေးတုန်း ပြန်စဥ်းစားပေးပါခင်ဗျာ။ မြေဆီကြောင့်ဆို ညနေနေအေးချိန် ရေဝအောင်လောင်းပေးပါ။ ရေတော့ မဝပ်စေရန် အထူးသတိပြုရပါမယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

ဂမုန်းကန်းအုပ်စုနဲ့. သဘာဝဆင်တူပါတယ်။ နုနယ်တဲ့ပန်းပင်အမျိုးအစားဖြစ်ပြီး အပင်နဲ့ ​မြေကြီးနီးကပ်လွန်းတာ​ကြောင့် ၁၅:၁၅:၁၅​မြေသြဇာကို တိုက်ရိုက်မ​​ကျွေးသင့်ပါ။ နိုက်ထြိုဂျင်၁၅%က ၊အ​ငွေ့ပျံလွယ်လို့ ပန်းပင်ကို အပူ​လောင်​စေပါတယ်။ ​မြေသြဇာကို ​ရေ​ဖျော်ပြီး၊ တညသိပ်ထားပြီးမှ၊အပင်​ခြေနဲ့ခပ်ခွာခွာ ​လောင်း​ပေးရပါတယ်။ နုန်းထားများလို့မရပါ။ ဥပမာ၊​ရေတလီတာ ကို ​မြေသြဇာ၅ဂရမ်ခန့်သာ ​ဖျော်​လောင်းပါ။ တကယ်​တော့..သဘာဝအား​ဆေး(အီးအမ်နဲ့ အမိုင်နို)အား​ဆေး ဖျန်းသင့်ပါတယ်၊ ​နေပူပြင်းတဲ့ဒဏ်.မခံနိုင်ပါ။ မနက်ခင်း​နေ​ရောင်ရပြီး၊​နေ့လည်​နေ ရိပ်ရတဲ့​​နေရာထားပါ။ ​အောက်ရွက်များ ရှင်းထုတ်ပါ။ ​ရေအိုင်​နေ​အောင်မ​လောင်းပဲ၊. ​နေ့စဥ် ဆွတ်ဖျန်း​လေးဖျန်းပါ။ တပတ်ကြာရင် အရွက်သစ်ထွက်လာပါလိမ့်မယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။