ကြက်မောက်ပင်ရှိပါတယ် အသီးကမသီးသလောက်ပါ ဘလိုလုပ်ရမလဲ အပင်ခြေရင်းနား ကျင်းလေးတူးပြီး ပြာ နွားချေး တို့ထည့်ရမလား...
ကြက်မောက်ပင်ရှိပါတယ် အသီးကမသီးသလောက်ပါ ဘလိုလုပ်ရမလဲ အပင်ခြေရင်းနား ကျင်းလေးတူးပြီး ပြာ နွားချေး တို့ထည့်ရမလား မြေသြဇာခ မတတ်နိုင်ပါ ။
ကြက်မောက်ပင်ရှိပါတယ် အသီးကမသီးသလောက်ပါ ဘလိုလုပ်ရမလဲ အပင်ခြေရင်းနား ကျင်းလေးတူးပြီး ပြာ နွားချေး တို့ထည့်ရမလား မြေသြဇာခ မတတ်နိုင်ပါ ။
အပင်သက်တမ်းဘယ်လောက်ရိပြိလဲခင်ဗျာ။
ပင်ငွေ့ပြန်ခြင်းဆိုတာဘာလည်းခင်ဗျာ
အပင်ရဲ့အခွံကို ဓားနဲ့ အစောင်းလိုက် အရာကြီးကြီး ထင်အောင် လုပ်
ကြက်မောက်ပင် ဘာပိုးကျတာလဲဗျ နှိမ်နင်းနည်းလေး ပြောပြကြပါ
အပင်သက်တမ်း နှစ် ၂၀လောက်ရှိပါပြီ အသီးမတင်တာပါ
အပင်ပုံအရအဟာချို့တဲ့တာ မြေဆီလိုတာမလိုတာထက် အပင်ရဲ့ကိုင်းများနေမှု(အပင်အပေါ်ပိုင်းကြီးထွားမှုများနေခြင်းကသည်) ပန်းပွင့် နှင့် အသီးလိုက်ဖို့ အဟန့်ဖြစ်နေတာဖြစ်ပါသည်။
အပင်ခြေမှ ၄ ပေအကွာ ပတ်လည် မြောင်း အနက် ၆ လက်မတူးပြီး ရေသွင်းပေးပါ မြောင်းထဲ စက်ဖွဲပြာ တတင်း ဖြန့်ပြီးထည့်ပေးပါ ။ နွားချေးကိုလည်း ထည့်ပေးနိုင်ပါတယ်။ ကြက်ချေးဆိုပိုကောင်းပါတယ်။ အလွယ်တကူ စုဆောင်နိုင်ပါက ကြက်ဥခွံ ရေဆေး အခြောက်လှန်း အမှုန့်ကြိတ် ပါ ။ သုံးစွဲပြီး လက်ဖက်ခြောက် အချိုခြောက် နှင့် အကြမ်းခြောက်များကို အခြောက်လှန်း အမှုန့်ကြိတ်ပါ။ ဆတူရော အပင်ပတ်ဝန်းကျင်မြောင်းထဲထည့်ပေးပါ။ အခြောက်လှန်းအမှုန့်ကြိတ်ပြီးသုံးစွဲမှ အကျိုးပြုမှာပါ။ အပင်ခြေအစိုဓါတ်လေလွင့်ဆုံးရှုံးမှုမရှိရလေအောင် ပင်ခြေဖုံးခြင်းကိုလည်း လုပ်ပေးပါ။ ပင်ခြေကောက်ရိုး မြက် သစ်ရွက်ဆွေး အဆင်ပြေရာနဲ့ ဖုံးနိုင်ပါတယ်။ ဖုံးတဲ့အခါ အပင်ရဲ့ပင်စည်က ၆ လက်မ ခွါပြီး ဖုံးရပါမယ်။ အပွင့်ပွင့်ချိန် ကြက်ဥဟော်မုန်းဖြန်းပေးနိုင်ရင်ပိုကောင်းပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကြက်မောက်ပင်လေးတွေ ရေစပေးလို့ရပြီးလားဆရာတို့ ရေပေးမှအပွင့်လိုက်တာလားဆရာတို့
ဖြေကြားချက် 3 ခု
မင်္ဂလာပါ ကြက်မောက်ပင်လေးတွေ ရေစပေးလို့ရပြီးလားဆရာတို့ ရေပေးမှအပွင့်လိုက်တာလားဆရာတို့
ဖြေကြားချက် 2 ခု
ကြက်မောက်ပင် 10 နှစ်သားပါ၊ ဒီမြေသြဇာတစ်မျိုးစီကို တခါကျွေးရင် ဘယ်လောက် KG (or) ပိဿာကျွေးရမှာလဲဆရာတို့။ အရင်လမှ...
ဖြေကြားချက် 4 ခု
အိမ်မှာ သရက်ပင် ကွမ်းသီးပင် အပင်တွေပေါပါတယ် တနေ့တနေ့ အရွက်တွေမနည်းမနောပါဗျာ သစ်ရွက်ခြောက်တွေ ကိုမြေဆွေး အရွက်...
ဖြေကြားချက် 4 ခု
ကြက်မောက်ပင်အရွက်တွေအဲလိုဖစ်တာဘာရောဂါကျတာလဲ?ဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။