အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · တောင်ကြီး

စတော်ဘယ်ရီ စိုက်ပျိုးရန်အတွက် နည်းလမ်းများ မျှဝေပေးပါရှင့်

စိုက်ပျိုး ရေ စတော်ဘယ်ရီ
3

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

သဲနူန်းမြေသည် မြေဆွေးဓာတ်ပါဝင်မူများသဖြင့် စတော်ဘယ်ရီ စိုက်ပျိုးရန် ကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်ရှိ ခဲမြေတွင် စိုက်ပျိုးလေ့ ရှိပြီးတောင်ပေါ်မြေနီစေးတွင် စိုက်ပျိုးခြင်းထက် အထွက်နူန်း တစ်ဆခန့် ပိုမိုပါသည်။ အေးမြသောရာသီဥကို ကြိုက်နှစ်သက်သည်။ အလွန်ခြောက်သွေ့ ပူပြင်းက အသီးမတင်ခြင်းနှင့် အသီး ပုံသဏ္ဌာန် မမှန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်သေစေနိုင် ပါသည်။ စတော်ဘယ်ရီသီးမှ အစေ့ထုတ်ယူ၍ အပင်ဖောက်ကာ မျိုးပွားနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရန် အတွက်မူ ပင်မကြီးမှ ထွက်လာသော မြစ်လျှောက် ပင်စည်များ အဆစ်နားမှ အပင် သားတက်များ(Runner) ထွက်လာရာမှ အမြစ် တွယ်လာပြီးနောက် သားတက်များကို ဖြတ်တောက်မွေးမြူ၍ ရွေ့ပြောင်း စိုက်ပျိုးလေ့ ရှိပါသည်။ ပျိုးပင်ဘဝတွင် အအေးဓာတ် လွမ်းခြုံပေးခြင်း ခံရပြီး ဖြစ်သည့်အတွက် မြေပြန့်ဒေသများတွင် စိုက်ပျိုးပါကလည်း ပုံမှန်သီးပွင့်မှု ရရှိစေနိုင်ပါသည်။ စတော်ဘယ်ရီအားလုံး ဆွတ်ခူးပြီးပါက မိခင်ပင်အားလုံးကိုတောင်ပေါ်ဒေသသို့ပြန်လည်ပြောင်းရွေ့ စိုက်ပျိုးရန် လိုအပ်ပါသည်။ အစေ့မှ မျိုးပွားခြင်း ကောင်းစွာ ရင့်မည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည် အထိထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ် ဆေး၍ မျိုးစေ့များ ထုတ်ယူ ရရှိနိုင်ပါသည်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင် ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။ ရရှိသော မျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူသောရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများ ထည့်၍ လက်မဝက် ပတ်လည်အကွက်များ အရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျ ရောက်စေရန် အတွက် ပိုးသတ်ထားသောရေဖြင့် အစိုဓာတ် လိုအပ်မူပေါ် မူတည်၍ အနည်းငယ်စီသာ ပတ်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅−၅၀ ရက်ခန့်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ မိုးအကုန် ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ပြောင်းရွေ့ စိုက်ပျိုးလေ့ ရှိပြီး စိုက်ဘောင်များပေါ်တွင် ပင်ကြား တန်းကြား ၂×၁ ပေ ထားရှိ စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးပင် ၁၅၀ဝဝ မှ ၂၀ဝဝဝ ထိ လိုအပ်ပါသည်။ ၈။ မြေသြဇာ နူန်းထား တစ်ဧကအတွက် ကြက်ချေး ၅တန် (၃၀၀၀ ပိဿ) ယူရီးယား ၂၂၄ပေါင် (၆၃ ပိဿ) တီစူပါ ၁၁၂ပေါင် (၃၁ ပိဿ) ပိုတက်ရှ် ၂၂၄ပေါင် (၆၃ ပိဿ) ဘောင်ပြုပြင်ချိန်တွင် ကြက်ချေးနှင့် တီစူပါမြေသြဇာများ ထည့်သွင်းပေးရမည်။ ယူရီးယားနှင့် ပိုတက်ရှ် ဓာတ်မြေသြဇာများကို ဆတူရော၍ ရွေ့ပြောင်းစိုက်ပြီး နှစ်ပတ်သားမှ စတင်၍ ပထမအသီး စတင် ဆွတ်ခူးသည့် အထိ အကြိမ်ကြိမ် ခွဲ၍ ကျွေးရန် ဖြစ်ပါသည်။ ၉။ မြေပြူပြင်ခြင်း စတော်ဘယ်ရီပင်သည် မြေတွင်ကပ်၍ ကြီးထွားသော အပင်မျိုး ဖြစ်သဖြင့် ပေါင်းမြက် ကင်းစင်အောင် အထူး ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ နွားချေး၊ မြေဆွေးကို အသုံးပြုပါက ပေါင်းထလွယ်သဖြင့် မှုန့်ညက်နေအောင် ပြုပြင်ထားသော စိုက်ဘောင်များပေါ်တွင် ကြက်ချေး ခပ်ပါးပါး ဖြူး၍ စိုက်ပျိုးသင့်ပါသည်။ ၁၀။ စိုက်ပျိုးခြင်း စတော်ဘယ်ရီ မျိုးသားတက်များအား ညနေပိုင်းတွင် ရွေ့ပြောင်း စိုက်ပျိုး ရပါမည်။ မြေတွင် ကပ်လျက် ကြီးထွားသော မျိုးဖြစ်၍ ပေါင်းနှုတ် မြေဆွခြင်းကို လိုအပ်သလိုဆောင်ရွက်ရန် ဖြစ်ပါသည်။ စတော်ဘယ်ရီပင် စိုက်ပျိုးရာတွင် အမြစ်ဆုံ(Crown)မှ အညွန့်ငယ် များအားမြေပေါ်တွင် ကောင်းစွာပေါ်နေစေရန် အရေးကြီးပါသည်။ မြေတွင် မြုပ်သွားပါကရွေ့ပြောင်း စိုက်ပျိုးစဉ် အပင်အသေအပျောက် များတတ်ပါသည်။ နှစ်ချင်းထွက်ရှိသော မျိုးတက် အသစ်များကိုသာ သီးသန့် စိုက်ပျိုးပါက အပင်ပွားထွက်ပေါ်ခြင်း မရှိဘဲ သီးပွင့်နေမည် ဖြစ်ပါသည်။ ၁၁။ အပင်ပြုစုခြင်း စတော်ဘယ်ရီစိုက်ပျိုးရာတွင် အပင်၊ သားတက် အသစ်များသာ မဟုတ်ဘဲ ပင်မမြစ်ဆုံ(Crown)များ ပါ ရောပြွမ်း၍ စိုက်ပျိုးပါက ပင်မအမြစ်ဆုံမှ သီးပွင့်ခြင်းနှင့် မျိုးတက်ထွက်ခြင်းတို့တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေ့ ရှိသဖြင့် အသစ်ထွက်သော အပင်သားတက်များအား အချိန်စော၍ စိုက်ဘောင်ပေါ်တွင် အမြစ်စွဲစေရန် ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ နန်းကြိုး အသေးအား တစ်လက်မခွဲခန့်အရှည်များ ဖြတ်တောက်ကာ (ဂ) ပုံသဏ္ဌန် ကွေး၍ မျိုးတက်အား ကုတ်တွယ် စိုက်ပေးရန်လည်း လိုအပ်ပါသည်။ စတော်ဘယ်ရီအသီးနှင့် မြေကြီးထိပါက အသီး ပုပ်ရိတတ်သောကြောင့် မျိုးပင်ရွေ့စိုက် အမြစ်စွဲ ပြီးနောက် အပင်ပတ်လည် မြေကြီးပေါ်၌ ကောက်ရိုးပုံ သို့မဟုတ် မြက်ခြောက် ခင်းပေးထားရန် လိုအပ်ပါသည်။ သို့မဟုတ် မစိုက်မီ ပလတ်စတစ် အနက်စများကို ဘောင်များပေါ်တွင် ဖုံးအုပ်ပေးပြီး စိုက်ကျင်းပေါက်ဖောက်၍ စိုက်နိုင်ပါသည်။ ပုံသဏ္ဌာန်မှန်သော အသီးများ ရရှိရေးအတွက် ပန်းပွင့်အား မနက်စောစော အချိန်တွင် စုတ်တံသေးသေးဖြင့် မျက်နှာသစ်ပေးခြင်းကိုဆောင်ရွက်နိုင်ပါသည်။ ၁၂။ ဆွတ်ခူးရောင်းချခြင်း စတော်ဘယ်ရီသီးများအားနေ့စဉ် ဆွတ်ခူးရောင်းချ နိုင်သော်လည်း ငါးရက်တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်းမွန်ပါသည်။ အသင့်တော်ဆုံး အခြေအနေမှာ အသီးများ အနီရောင် မရင့်မီ အချိန်တွင် ခူးဆွတ်ရန် ဖြစ်ပါသည်။ ၁၃။ သီးထွက်နူန်း တစ်ဧကလျှင် သီးထွက် ပိဿာ ၃၀ဝဝ မှ ၄၀ဝဝ အထိ ရရှိနိုင်ပြီး စတင် ခူးဆွတ်ချိန်မှ ရက်ပေါင်း၆၀ ခန့်ပုံမှန် ခူးယူရရှိ နိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။