ဖြေကြားချက် ၈ ခု
https://www.youtube.com/watch?v=fuP1bmLOXGo ဒီလင့်လေးကို ထိပြီးလေ့လာလိုက်ပါခင်ဗျာ။ တို့ခတ်လယ်ယာက video လေးပါ။ မျိုးယူချိန်နှင့် မျိုးယူနည်းလည်း ပါပါတယ်ခင်ဗျာ။
ဆရာသမားများ ဆွေးနွေးပေးပါဦးဗျ
ကျွန်တော်သိထားတာက အသီးသီးပြီးမှ မျိုးယူ(mother plant)ပေါ့။ ၂လလောက်ကြာမှ အဲ့ဒီmother plantကတဆင့် မျိုးပြန်ယူပြီး စိုက်ခင်းထဲစိုက်။ ကျွန်တော်သိတာ မှားနိုင်ပါတယ်။ အခု အပင်၄၀၀လောက်စိုက်ထားတာ သီးနေပါပြီ။ နောက်နှစ်အတွက် မျိုးပွားချင်လို့ပါ
https://www.youtube.com/watch?v=Ka7hy-aspHc&t=300s ဒီလင့်လေးကိုထိပြီးလေ့လာလိုက်ပါ။ အစေ့ကနေ မျိုးယူပုံလေးပါခင်ဗျာ။
စတော်ဘယ်ရီကို အစေ့မ မျိုးယူရနိုင်သလို ကိုင်းပြက်ကနေလည်းမျိုးယူနိုင်ပါတယ်ခင်ဗျာ။ အစေ့ကဆိုရင်တော့ ကိုင်းပြက်က မျိုးယူတာထက် ပိုကြာနို်ငပါတယ်ခင်ဗျာ။
မသီးခင်ယူရင် ပိုကောင်းပါတယ် တစ်ချို့ကလဲ အိုတာပိုကြိုက်တယ် သီးပြီးမှ ယူကြပါတယ်
အသီးသီးပြီးမှ မျိုးယူရတာလားဗျ
အပင်သားတက် (Runner) ရယူခြင်း စတော်ဘယ်ရီသီးမှ အစေ့ထုတ်ယူ၍ အပင်ဖောက်ကာ မျိုးပွားနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရန် အတွက်မူ ပင်မကြီးမှ ထွက်လာသော မြစ်လျှောက် ပင်စည်များ အဆစ်နားမှ အပင် သားတက်များ(Runner) ထွက်လာရာမှ အမြစ် တွယ်လာပြီးနောက် သားတက်များကို ဖြတ်တောက်မွေးမြူ၍ ရွေ့ပြောင်း စိုက်ပျိုးလေ့ ရှိပါသည်။ ပျိုးပင်ဘဝတွင် အအေးဓာတ် လွမ်းခြုံပေးခြင်း ခံရပြီး ဖြစ်သည့်အတွက် မြေပြန့်ဒေသများတွင် စိုက်ပျိုးပါကလည်း ပုံမှန်သီးပွင့်မှု ရရှိစေနိုင်ပါသည်။ စတော်ဘယ်ရီအားလုံး ဆွတ်ခူးပြီးပါက မိခင်ပင်အားလုံးကိုတောင်ပေါ်ဒေသသို့ပြန်လည်ပြောင်းရွေ့ စိုက်ပျိုးရန် လိုအပ်ပါသည်။ ၅။ အစေ့မှ မျိုးပွားခြင်း ကောင်းစွာ ရင့်မည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည် အထိထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ် ဆေး၍ မျိုးစေ့များ ထုတ်ယူ ရရှိနိုင်ပါသည်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင် ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။ ရရှိသော မျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူသောရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများ ထည့်၍ လက်မဝက် ပတ်လည်အကွက်များ အရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျ ရောက်စေရန် အတွက် ပိုးသတ်ထားသောရေဖြင့် အစိုဓာတ် လိုအပ်မူပေါ် မူတည်၍ အနည်းငယ်စီသာ ပတ်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅−၅၀ ရက်ခန့်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ မိုးအကုန် ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ပြောင်းရွေ့ စိုက်ပျိုးလေ့ ရှိပြီး စိုက်ဘောင်များပေါ်တွင် ပင်ကြား တန်းကြား ၂×၁ ပေ ထားရှိ စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးပင် ၁၅၀ဝဝ မှ ၂၀ဝဝဝ ထိ လိုအပ်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီ မျိုးထုတ်ဖို့အတွက် မြေဘယ်လိုစပ်ရပါသလဲ အုန်းစံမှုန့် ဘယ်လိုသုံးသင့်ပါသလဲခင်ဗျာ
ဖြေကြားချက် 2 ခု
blueberry ပင်လေး စိုက်ချက်လို့ ရှမ်းပြည်ေတာင်ပိုင်း အင်းေလးဒေသ မှာဆိုစိုက်လို့ရနိုင်မလားရှင့်
ဖြေကြားချက် 2 ခု
ဘယ်လိုမြေဆွေးမျိုးထည့်ရင် ပိုသင့်တော်ပါသလဲ နောက်ပြီး စနစ်တကျ ဘယ်လို ပြုစုပျိုးထောင်သင့်ပါသလဲခင်ဗျာ ကျွန်တော်က...
ဖြေကြားချက် 1 ခု
စတော်ဘယ်ရီ စိုက်ပျိုးရန်အတွက် နည်းလမ်းများ မျှဝေပေးပါရှင့်
ဖြေကြားချက် 3 ခု
ရေအဆက်ခြကိုမြေသြဇာဘယ်လိုသုံးရမလဲ ဗျာ
ဖြေကြားချက် 4 ခု