ဖရုံသီးတွေ ဂေါက်သီးအရွယ်လောက်ရောက်ရင် ပုပ်သွားပါတယ်ခင်ဗျ။ နေပြည်တော်မှာ စိုက်တာပါ။ ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။...
ဖရုံသီးတွေ ဂေါက်သီးအရွယ်လောက်ရောက်ရင် ပုပ်သွားပါတယ်ခင်ဗျ။ နေပြည်တော်မှာ စိုက်တာပါ။ ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
ဖရုံသီးတွေ ဂေါက်သီးအရွယ်လောက်ရောက်ရင် ပုပ်သွားပါတယ်ခင်ဗျ။ နေပြည်တော်မှာ စိုက်တာပါ။ ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
ဒီအချိန်မှာတော့ ရောဂါနဲ့ ပိုးကြောင့်ပဲ ဖြစ်ဖို့များပါတယ်။ မိုးတွင်းကာလမှာ အဖိုဝတ်မှုန်တွေ စေးကပ်နေလို့ ပန်းပွင့်ရဲ့ အမအင်္ဂါပေါ်ကို မကျရောက်နိုင်ရင် ဝတ်မှုန်ကူးမှုမရှိလို့ သန္ဓေမအောင်တော့ဘဲ အသီးတွေပုပ်ပြီး ကြွေကျပါတယ်။
ဝတ်မှုံကူးပေးလိုက်ပါ၊အသီးပွင့်အပေါ်ကို အဖိုပွင့်လေးချိုးပြီးအပွင့်ချင်းထပ်ထားပေးလိုက်ပါ။
ဗူး၊ဖရုံ၊ သခွားမျိုးတွေမှာ၊ အသီးကင်းပုပ်တတ်တဲ့ ပြသနာဖြစ်လေ့ရှိပါတယ်။ Black rot diseaseေကြာင့် လို့ အကြမ်းဖျဥ်း သုံးသပ်ကြပါတယ်။ သို့သော်အကြောင်းအတခုတည်းကြောင့်မဟုတ်ဘဲ.. -ပွင့်ခြားဝတ်မှုံကူးမှု အားနည်းခြင်း -အလင်းရောင်ရရှိမှုနည်းခြင်း -ပန်းပွင့်ချိန် အပူချိန်မြင့်ခြင်း -အာဟာရ မညီမျှခြင်း(နိုက်ထြိုဂျင်များခြင်း) -ပျား ပိတုန်း အကူအညီ နည်းခြင်း
သီးလုံးဖောက်ပိုး သို့မဟုတ် ရာသီဥတုနဲ့ မျိုးမကိုက်ညီတာကြောင့် ဖြစ်နိုင်ပါတယ်
အသိးတင်အောင်လုပ်နည်းရှိပါတယ်ကျနော်လည်းဖြစ်ဖူးတယ် ဖုန်းဆက်ပေးပါ ၀၉ ၄၄၄ ၀၆၅ ၀၇၈
ရေရရိမူမညီတာ၊ မြေချင်ငန်ကိန်းမသင့်တာမျိုးတွေဆိုရင်ဖြစ်တက်ပါတယ်ခင်ဗျာ။ စင်တင်အပင်ထက် မြေလွတ်အပင်တွေမာ ပိုပြီးအဖြစ်များပါတယ်။ အသီးမပုပ်အောင် အသီးအောက်ကို ဝါးခြမ်းပြားခံပေးထားတာကလည်း ပြုလုပ်ပေးသင့်ပါတယ်။ ပြီးတော့ အသီးပုပ်တာက သီးထိုးယင်ကြောင့်လဲ ဖြစ်နိုင်တာကြောင့် အသီးကို အပေါက်လေးတွေ ဖြစ်နေ၊ မဖြစ်နေ ကြည့်ပေးပါခင်ဗျာ။ အဆင်ပြေပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖရုံတေအသီးထားမို့ဖစ်နိုင်ပါတော့မလားခဗျာ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
အသီးထားမို့ခဗျာ အောက်ကအတက်တေဖဲ့ပေးရလားခဗျာ
ဖြေကြားချက် 4 ခု
ဆရာတို့ရေကူညီပါအုံဗျာအသီးတွေကသီးပါတယ်အဖတ်မတင်းမဲပြီးပုတ်ကုန်တယ်ဗှာအဒါဘာဖြစ်တာလည်းပြောပြပေးပါအုံနော်
ဖြေကြားချက် 5 ခု
အရှကျတှေအဲလိုဖွဈနေလို့ဘာဖွဈတာလဲးဘာဆေးသုံးရငျကောငျးလဲးဖွေပေးပါကြေးဇူးပါ
ဖြေကြားချက် 1 ခု
အသီးတွေ ကမသီးဘူးဖြစ်နေတယ်
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။