အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
590
လွန်ခဲ့သော ၄ နှစ် က · တောင်ငူ

ကျနော်တို့ ခရမ်းချဥ်ပင်တွေက အရွက်တွေလိပ်ပြီး တချို့အပင်တွေဆို သေကုန်ကြပါတယ် အသီး သီးနေရင်းနဲ့ပါ ခရမ်းချဥ်ပင်အ...

ကျနော်တို့ ခရမ်းချဥ်ပင်တွေက အရွက်တွေလိပ်ပြီး တချို့အပင်တွေဆို သေကုန်ကြပါတယ် အသီး သီးနေရင်းနဲ့ပါ ခရမ်းချဥ်ပင်အရွက်ကုတ်ပြီး လိပ်ကုန်တာအပင်သေတာတွေ ကဘာကြောင့်များဖြစ်တာပါလဲခင်ဗျာ ပြီးတော့ ဘယ်လိုမျိုးကုသကာကွယ်ပေးဖို့လိုအပ်ပါသလဲခင်ဗျာ့

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖြူစေရီယမ်မှိုကြောင့်ဖြစ်သည်။ အပင်ငယ်စဉ်တွင် အပင်ပုခြင်း၊ အရွက်များဝါ၍ အောက်သို့ကုပ်ခြင်း၊ ပင်စည်အတွင်း အစာရေကြောစည်းများညိုခြင်းများဖြစ်ကာ နောက်ဆုံးတွင် အပင်ညှိုး၍ သေသွားသည်။ အသုံးပြုရမည့်ဆေး- အောက်စီ၊ ပရော့စပါး၊ အင်ဗွိုင်း၊ ခရူဇာ။(ပင်ခြေဖျန်း၍ ကူးစက်မှုကာကွယ်ရန်) ခရမ်းချဉ် ပင်ညိုးရောဂါ

117 လွန်ခဲ့သော ၄ နှစ် က

နှမ်းဖတ်ကိုအပုပ်စိမ်ပြီးရေနှင့်ဖျော် လောင်းပါ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ကျ​နော့်အမြင်​ပြောရရင်ရောဂါတခုခု​ကြောင့်ထက်.ဝန်းကျင်ဖိစီးမှု​ကြောင့် heat stressပုံစံတူ​နေပါတယ်။-​နေပူရှိန်ပြင်းရင်​သော်၄င်း -အစာစားမြစ်နဲ့ရေ ၊အာဟဝေး​​နေရင်သော်၄င်း -အမြစ်၊ခါး/မြေကြီးနဲ့ ထိစပ်ရာမှာ..ဒဏ်ရာ အပူ​လောင်နာရှိ​နေရင်သော်၄င်း..ရေနဲ့ အစာငတ်ပြီး အရွက်လိပ်တတ်ပါတယ်။အပင်​ခြေကို ထုံးဖြူးတာ..မလုပ်သင့်ပါ။ phyto toxicဖြစ်နိုင်ပါတယ်။ Metalaxy +mancozeb (1:4 )အပင်​ခြေ ဖျန်းပါ။

590 လွန်ခဲ့သော ၄ နှစ် က

အပင်ခြေရင်းတွေကိုတော့ အခု ထုံးမူန့်အနဲငယ်စီ လိုက်ဖျူးပေးထားပါတယ် အခု အသီးအပွင့်ဝင်နေတဲ့ သခွားခင်းအသစ်မှာလဲ ထုံးမူန့်လေးအနဲငယ်စီတော့ ဖျူးပေးထားပါတယ် ထုံးမူန့်ဖျူးပေးတာ သင့်တော်ရဲ့လား ဆရာတို့

590 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဖြေပေးကြတဲ့ဆရာတွေကို ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အစိမ်းအတိုင်းညိုးတာလား အဲ့ဆ်ုရင်တော့ ကုသရန် ဓာတုဆေး မြန်မာပြည်တွင်မရှိပါ၊ တစ်ခြားသီးနှံပြေညင်းစိုက်စေချင်ပါတယ်၊ သို့မဟုတ် မြေကို အပူဖြင့်ပေါင်း၍ စိုက်နိုင်ပါမယ်

349 လွန်ခဲ့သော ၄ နှစ် က

ဖြူစေရီယမ်ပင်ညိုးရောဂါ စိုက်ကတည်းကမျိုးစေ့ကိုလူးနယ်ခဲ့မှာ ခုချိန်မှာတော့ဖြစ်နေတယ့်ပင်တွေကိုနုတ်ပစ်p ကျန်တယ့်အပင်တေံအသေနည်းအောင် မှိုဆေးဖျန်းလိုက်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။