အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4
လွန်ခဲ့သော ၄ နှစ် က · ကြို့ပင်ကောက်

မြေစေးကနေ မြေဖွယ်ဖြစ်လာအောင် ဘာတေလုပ်ဆောင်ရမလဲခင်ဗျ ရှင်းပြပေးပါ

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၄ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

မြေစေးကို ဖွယ်စေချင်ရင်တော့ ဖွဲ၊ သဲ၊ စပါးခွံ၊ ပြာ၊ နွားချေး၊ သဘာဝမြေသြဇာတို့နဲ့ ပြင်နိုင်ပါတယ်ခင်ဗျာ။ တောင်သူအများစုကတော့ နွားချေးနဲ့ စပါးခွံနဲ့ ပြင်တာများပါတယ်ခင်ဗျာ။ တိုက်ရိုက်အသုံးမပြုပဲ ဒိုချက်ကင်၊ https://greenwaymyanmar.com/posts/making-super-bokashi။ တို့လုပ်ပြီး အသုံးပြုက ပိုကောင်းပါတယ်ခင်ဗျာ။ https://greenwaymyanmar.com/posts/making-dochakin။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

မြေ​​​စေးမှ/မြေဖွယ်ဖြစ်​အောင် ရုပ်ပိုငဆိုင်ရာပြုပြင်​ပြောင်းလဲဖို့..အလွယ်ဆုံးနည်းလမ်းက​တော့.. သဲများများထည့်​ပေးရပါတယ်ခင်ဗျ။ တဧက ကို သဲကား ၁၀စီး-၂၀ စသဖြင်မြေ​စေး များရင် များသလိုထည့်​ပေးပါ။ အပင်ကြီးမြန်မှု၊အထွက်နုန်း သိသာစွာတိုးပြီး ဓါတ်​မြေသြဇလျေ့ာချနိုင်ပါတယ်။ သဲထည့်စရိတ် တွက်ချက်ထည့်ပါ။ တနှစ်ထဲနဲ့မနိုင်ရင် ၂-၃နှစ် ခွဲထည့်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

PHနိမ့်နေလို ဥပမာ5.5ကနေ6ဖြစ်ချင်လို မြေကိုဘာနဲ​ြပုပြင်သင်လဲ အထိရောက်ဆုံးနဲအလွယ်ကူဆုံးနည်းလမ်းတွေသိချင်ပါတယ်

ဖြေကြားချက် 7 ခု

ငါးအမိုင်နိုကို မြေကြီးကိုဖျန်းလျှင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လည်း၊ အပင်ကို ဖျန်းမယ်ဆို ဘယ်လိုကျေးဇူးတွေရ...

ဖြေကြားချက် 4 ခု

ဆရာတို့ရေနှစ်တိုင်းလိုလိုပဲတွေသေနေတာတတ်နိုင်သလောက်ကာကွယ်တာပဲအသေမရပ်ဘူးဆကာတို့ဖုန်းနံပါတ်ရှိရင်လဲမန့်မှာရေးမေး...

ဖြေကြားချက် 5 ခု

ပွင့်ထွေတို့လေပိုးတို့ကြရောက်ရင်ဘယ်လို့ဆေးတို့ကိုသုံးသင့်ပါသလဲ

ဖြေကြားချက် 4 ခု

ကျွန်တော်မက်ပဲခင်းတွေမှာပိုးကျနေလို့ဘာဆေးသုံးရမလည်းကူညီပေးပါအုံးဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။