ဖြေကြားချက် ၅ ခု
သိုင်ရာမီသောက်ဇင် အဆင်ပြေပါတယ်၊ မြေခံမာ ဖစ်ပရိုနေးအမှုန့် သို့ အီမီဒါအမှုန့်ကို မြေဆွေးနဲ့လုံးပြီးချလဲရပါမယ်
နှံစုပ်ပိုးဟာ၊ မြန်မာနိုင်ငံ အနှကျရောက်နေပါတယ်။ စပါးနို့ရည်ခဲချိန်ကျရောက်တတ်လို့၊ ဖုံးလုံးချိန်ကတည်း.ပင်လုံးပြန့်ပိုးသတ်ဆေး ကြိုဖျန်းသင့်ပါတယ်။ ကာတက် ဟိုက်ဒြိုကလိုရိုဒ်၊ပရိုဖိနိုဖော့၊အက်ဆီဖိတ်၊သိုင်ယာမီသိုဇင် တမျိုးမျိုး ဖျန်းပါ။ စျေးကွက်ထဲမှာ၊ တင်းဒါး/ ဆလက်ပလပ်၊ စသဖြင့်ဆေးဆိုငမေးမြန်းဆွေးနွေးပြီး ဖျန်းပါ။
တစ်ကောင်တလေပဲတွေ့သေးရင်တော့ အဆီဖိတ်သုံးပါတယ်။ အခင်းထဲဝင်တာနဲ့ ဂျပိုးအနံ့ရတယ် အကောင်လဲများတယ်ဆို ဆိုင်ကလုန်း (သို့)ဖိုင်းယားဖျန်းပါတယ်။ဒါကတော့ ကျွန်မအခင်းတွေမှာ အဆင်ပြေခဲ့တာပါ။ရှေ့ပိုင်းမှာ သုံးခဲ့တဲ့ သွင်းအားစုပမာဏလဲ များနေပီဆိုရင်တော့ သဘာဝပိုးသတ်ဆေးလေးနဲ့တွဲပီးသုံးစေချင်ပါတယ်။တောင်သူကုန်ကျစရိတ်ကို သေချာတွက်ပီး သုံးစေချင်ပါတယ်ရှင့်
သဘာဝနည်းဆို တမာပိုးသတ်ဆေး ပြုလုပ်သုံးစွဲနိုင်ပါတယ်ခင်ဗျာ။ ဓာတုပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသော စျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။ အသေးစိပ်ကို အောက်ပါလင့်လေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စပါးအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ နှံစုပ်ဂျပိုး (Rice earhead bug)
ဆက်စပ်မေးခွန်းများ
မိုးစပါးနှံဖြူစိုက်တာဘာ့ကြောင့်လဲ
ဖြေကြားချက် 1 ခု
စပါးထဲမှာအာ့လိုပိုးကျနေလို့ ဘာဆေးနဲ့ကုသရင်အဆင်ပြေမလဲ
ဖြေကြားချက် 3 ခု
ပုံထဲကပိုးကစပါးအတွက်ဘာဖြစ်နိုင်လဲ
ဖြေကြားချက် 7 ခု
ယခုစပါးသက်တမ်း ရက်၆၀ကျော်ပါပီနှံစုပ်ပိုးကိုဘလိုကြိုတင်ကာကွယ်နိုင်မလဲ စပါးအနှံထွက်ချိန်မှာဆေးဖျန်းဖို့အခတ်အခဲ...
ဖြေကြားချက် 1 ခု
စပါးအခင်းထဲနှံစုပ်ပိုးကျတာဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲခဗျာ။
ဖြေကြားချက် 3 ခု