အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,396
လွန်ခဲ့သော ၄ နှစ် က

အိမ်က အပင်တွေကို ဆန်ဆေးရေ ညသိပ်ပြီးချဥ်လာတာကိုပုံမှန် ကျွေးပြီးနောက်ပိုင်း အဖြူရောင် တီကောင်လိုအကောင်သေးသေးလေး...

အိမ်က အပင်တွေကို ဆန်ဆေးရေ ညသိပ်ပြီးချဥ်လာတာကိုပုံမှန် ကျွေးပြီးနောက်ပိုင်း အဖြူရောင် တီကောင်လိုအကောင်သေးသေးလေးတွေနဲ့ တခြား springtail လို့ထင်ရတဲ့ ပိုးဖြူဖြူသေးသေးလေးတွေတွေ့ရလာလို့ အပင်အမြစ်တွေအတွက် အန္တရာယ်ရှိနိုင်လားခင်ဗျ အိမ်မှာ ဖလံကောင်လိုဖြူဖြူလေးတွေနဲ့ အသီးအနှံတွေကို လာတဲ့အညိုရောင် နှေးနှေးလေးပျံတဲ့ အကောင်ပိစိလေးတွေတော့ရှိပါတယ်ခင်ဗျ

ပိုးမွှားရောဂါ အိမ်တွင်းအလှစိုက်ပင်

ဖြေကြားချက် ၁၄ ခု

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

Fermentation of Washed Rice Water Increases Beneficial Plant Bacterial Population and Nutrient Concentrationsဆန်​ဆေးရည်အချဥ်​ဖောက်ပြီးမြေထဲထည့်ခြင်းဖြင့်၊အကျိုးပြုဘက်တီးရီးယား​တွေ များလာသလို၊အကျိုးပြုမိှုမျှင်​လေး​တွေပွားများ​စေပါတယ်။မြေသားဖွဲ့စည်းမှုကောင်းရင်​တော့ springtail တွေလည်းတွေ့နိုင်ပါလိမ့်မယ်။သေချာတာ တခုက၊ဆန်​ဆေး​ရေအချဥ်​ဖော်က်သုံးခြင်းသည်မြေဆီလွှာကိုတိုးတက်​ကောင်းမွန်​စေတအမှန်ဖြစ်​ကြောင်ပြန်လည်​ဖြေကြားအပ်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဟုတ်၊ နောက် စိုက်ပျိုးရတာ အခက်ခဲရိတိုင်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ပညာမချန် မျဝေပေးပါမယ်ခင်ဗျာ။ ကျေးဇူးပါ။

1,396 လွန်ခဲ့သော ၄ နှစ် က

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်အကို

260,000 လွန်ခဲ့သော ၄ နှစ် က

ဓာတ်ပုံရိုက်ပြထားတဲ့ တွန့်လိမ် တွန့်လိမ် အကောင်လေးတွေက ကျွန်တော့ အတွေ့အကြံအရ မြေဆွေးလုပ်တဲ့ အခါတိုင်း တွေ့ရတက်ပါတယ်ခင်ဗျာ။ ယခုခြံအတွက် ပြုလုပ်ထားတဲ့ ဝါးရွက်ဆွေးတွင်လည်း အဲ့လိုကောင်လေးတွေ တွေ့ရပါတယ်ခင်ဗျာ။ အဲ့မြေဆွေးကို အပင်အမျိုးမျိုးအတွက် အသုံးပြုဖူးပါတယ်။ အန္တရာယ်မဖြစ်ပါခင်ဗျာ။ springtail လို့ထင်ရတျ့ အကောင်လေးတွေကတော့ မမြင်ရလို့မပြောတက်ပါခင်ဗျာ။

1,396 လွန်ခဲ့သော ၄ နှစ် က

ခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားကူညီပေးတာ ကျေးဇူးပါခင်ဗျ

260,000 လွန်ခဲ့သော ၄ နှစ် က

ဆန်ဆေးရည်ကို နောက်တစ်မျိုးအနေနဲ့ နွားချေး၊ ဝါးရွက်၊ ကောက်ရိုး စသည့်တစ်ခုခုကို နေ့စဥ်လောင်းပေးပြီး ၄င်းမြေဆွေးကို အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး ရနိုင်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ကျရောက်မူကော များလားခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ဆန်ဆေးရည်လောင်းတာက အပင်အတွက် အရမ်းကောင်းပါတယ်ခင်ဗျာ။ ဒီကောင်လေးတွေက အပင်အတွက် အကျိုးပြုပိုးလား၊ ဖျက်ပိုးလား သေချာမသိပါဘူးခင်ဗျာ။ လေ့လာပြီး ပြန်ဖြေပေးပါမယ်ခင်ဗျာ။ အခြားပညာရင်များရဲ့ အဖြေများလည်း စောင့်စေချင်ပါတယ်ခင်ဗျာ။

1,396 လွန်ခဲ့သော ၄ နှစ် က

springtail လိုအကောင်လေးတွေက ဖြူဖြူနဲ့ အရမ်းသေးတယ်ခင်ဗျ ခုန်ဆွခုန်ဆွနဲ့ မြေကြီးထဲပြန်ပြန်တိုးဝင်သွားတော့ ကျနော်လည်း သေချာကြည့်လို့မရဘူးခင်ဗျ

1,396 လွန်ခဲ့သော ၄ နှစ် က

အဖြူရောင်အကောင်လေးတွေက ပျံတာထက် ခုန်တာလို့ပြောရမလား မြေဆွလိုက်ရင် ပေါ်လာပြီးထထခုန်တယ်ခင်ဗျ

1,396 လွန်ခဲ့သော ၄ နှစ် က

အဲ့လိုအကောင်လေးတွေပါခင်ဗျ

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

အဖြူရောင်တီကောင်ဆိုတာ ယင်လောင်းလောက်လေးတွေထင်ပါတယ်ခင်ဗျာ။ သေချာသွားအောင် ဓာတ်ပုံလေး ရိုက်ပြပေးပါခင်ဗျာ။ springtail လို့ထင်ရတဲ့ ပိုးဖြူဖြူသေးသေးလေးတွေက အောင်ပါကောင်လေးတွေနဲ့ တူလားကြည့်ပေးပါခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ပြောရတာ ပိုပြီးသေချာသွားအောင် ကျေးဇူးပြုပြီး ပုံလေးတစ်ပုံလောက် ရိုက်ပြပါလားခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။