အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က

လာဗင်ဒါပန်း စိုက်ပျိုးပြုစုနည်းအကြောင်းသိချင်ပါတယ်

စိုက်ပျိုးနည်း အိမ်တွင်းအလှစိုက်ပင်
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

လက်တင်အမည် - lavandula အင်္ဂလိပ်အမည် - Lavender မြန်မာအမည် - လဗင်ဒါရေမွှေးပန်း (တက်တိုးအဘိဓါန်) တရုတ်အမည် - 薰衣草 တခြားအမည် - ဆိတ်ငြိမ်သောရေမွှေးပန်း ပန်းပွင့်ရာသီ - ဆောင်းရာသီ ၁၂လပိုင်းမှ ၂လပိုင်း၊ နွေရာသီ ၆လပိုင်းမှ ၈လပိုင်း ပန်းပွင့်အဓိပ္ပါယ် - Waiting for love (ချစ်ခြင်းကိုစောင့်မျှော်သူ) ပန်းပွင့်အရောင် - အပြာ၊ ခရမ်း၊ ခရမ်းပြာ၊ ပန်းရောင်၊ အဖြူရောင် နဂိုပေါက်ရောက်ရာဒေသ - မြေထဲပင်လယ်၊ အာဖရိကတိုက်တောင်ပိုင်း၊ အိန္ဒိယအရှေ့တောင်ပိုင်း လဗင်ဒါပန်းမျိုးစိတ် (၄ဝ)ကျော်ရှိတဲ့အထဲမှာ များသောအားဖြင့်တွေ့မြင်ရတဲ့ အပြာရောင်၊ ခရမ်းရောင်ရဲ့ ပေါက်ရောက်ရာဇာတိမှာ ဥရောပတိုက်တောင်ပိုင်း မြေထဲပင်လယ်၊ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Provenceဒေသ ဖြစ်ပါတယ်။ ပန်းရောင်လဗင်ဒါနှစ်မျိုးက ပြင်သစ်နိုင်ငံမှာပေါက်ရောက်တဲ့ Frenchလဗင်ဒါနဲ့ စကောတလန်မှာပေါက်တဲ့ Lodden Pinkလဗင်ဒါတို့ ဖြစ်ပါတယ်။ အဖြူရောင်လဗင်ဒါကိုတော့ စကောတလန်၊ အင်္ဂလန်နဲ့ Walesတွေမှ တွေ့ရပါတယ်။ Provenceမှာပေါက်ရောက်တဲ့ လဗင်ဒါကို အဓိကသုံးမျိုးခွဲထားပြီး ပထမတစ်မျိုးက အင်္ဂလိပ်လဗင်ဒါလို့ခေါ်တဲ့ အမျိုးအစားအကောင်းဆုံး လဗင်ဒါဖြစ်တယ်။ သူ့ကို အကောင်းစားရေမွှေး၊ အမွှေးနံ့တွေလုပ်ရမှာ အသုံးပြုတယ်။ ဒီလိုလဗင်ဒါမျိုးက အရွက်သေးသွယ်ပြီး ပန်းပွင့်ပုတိုပါတယ်။ နောက်တစ်မျိုးက mint (ဘူဒီနာ)လဗင်ဒါဖြစ်ပြီး အရွက်ကြီးသလို ပန်းရိုး၊ ပန်းပွင့် ပိုရှည်လျားပါတယ်။ နောက်ဆုံးတစ်မျိုးက အပေါ်ကနှစ်မျိုးပေါင်းစပ်ထားတဲ့ လဗင်ဒါပန်းမျိုးပဲဖြစ်ပါတယ်။ ဒီလိုပန်းမျိုးကို အခုလက်ရှိ Provenceမှာ အများဆုံးတွေ့ရပါတယ်။ English lavender ၊ French lavender ဆိုတာ ပေါက်ရောက်ရာဒေကကို အစွဲပြုပြီးခေါ်တာ မဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံ Provence မှာပေါက်တဲ့ English lavender မျိုးက ဆောင်းဒဏ်ကိုခံနိုင်တဲ့ လဗင်ဒါဖြစ်ပါတယ်။ လဗင်ဒါအသုံးဝင်ပုံ လဗင်ဒါပန်းခြောက်တွေကို အိတ်တွေထဲထည့်ပြီး အမွှေးအိတ်အဖြစ် အဝတ်ဘီရိုတွေထဲထည့်ထားရင် အဝတ်အစားတွေကို မွှေးကြိုင်စေတဲ့အပြင် ပိုးမွှားကိုက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ တချို့က စီးပွါးရေးအရ လဗင်ဒါအဆီတွေ ထုတ်ပြီး ပိုးသတ်ဆေး၊ အမွှေးနံ့အဖြစ် ထုတ်လုပ်ကြတယ်။ လဗင်ဒါဝတ်မှုန်တွေနဲ့ လဗင်ဒါပျားရည်တွေ ထုတ်လုပ်ကြတဲ့အပြင် လဗင်ဒါယိုတွေပါ ထုတ်လုပ်ကြပါတယ်။ အခုဆိုရင် လဗင်ဒါကို ဆေးပညာရပ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ လဗင်ဒါအဆီက ပိုးမွှားကိုက်တဲ့ဒဏ်ရာ၊ အပူလောင်တာတွေကို သက်သာစေသလို ခေါင်းကိုက်ဝေဒနာကိုလည်း သက်သာစေပါတယ်။ လဗင်ဒါဆီလိမ်းပေးခြင်းဖြင့် အညောင်းအညာ သက်သာစေပါတယ်။ တချို့က လဗင်ဒါဆီကို ရေထဲထည့်ပြီး စိမ်တတ်ကြတယ်။ အရေပြားရောဂါတွေ ပျောက်ကင်းတယ်ဆိုပေမယ့် လဗင်ဒါဆီကို သတိထားသုံးရပါမယ်။ လဗင်ဒါဆီက အလာဂျီဖြစ်စေတတ်လို့ပါပဲ။ လဗင်ဒါပန်းနဲ့မျိုးစေ့က လူကိုအိပ်ပျော်စေအောင် အထောက်အကူပြုတာကြောင့် တချို့က ခေါင်းအုံးထဲ ထည့်အိပ်ကြပါတယ်။ လဗင်ဒါသမိုင်း ရှေးဂရိတွေက လဗင်ဒါကို Nardus လို့ခေါ်ကြတယ်။ အလွယ်တကူ Nardလို့လည်း ခေါ်ကြတယ်။ ဒီနာမည်က Syrianနိုင်ငံ Naarda မြို့ကလာတာဖြစ်တယ်။ ရှေးရောမခေတ်မှာ လဗင်ဒါပန်းတစ်ပေါင်ကို (၁ဝဝ)denarii တန်ဖိုးရှိပါတယ်။ ဒီတန်ဖိုးဟာ အဲဒီခေတ်တုန်းက လယ်သမားတစ်ဦးရဲ့ တစ်လစာဝင်ငွေ ဒါမှမဟုတ် ဆံသသမား လူ(၅ဝ)ယောက်ကို ဆံပင်ညှပ်ပေးတဲ့ငွေနဲ့ ညီမျှပါတယ်။ ရောမလူမျိုးတွေက လဗင်ဒါပန်းနဲ့ တခြားရနံ့ပန်းတွေအတူရောပြီး ချိုးတဲ့ရေမှာ ထည့်ချိုးတတ်ကြတယ်။ Black Deathကာလ ပြင်သစ်နိုင်ငံGrasseမြို့က လက်အိတ်လုပ်သားတွေဟာ လဗင်ဒါဆီနဲ့ သားရေတွေကို အမြဲထည့်စိမ်ခဲ့တာကြောင့် Bubonic plague (အကျိတ်၊ အဖု)ရောဂါမှ ကင်းဝေးခဲ့ရတယ်။ ဒီလိုအကျိတ်အဖုတွေက သန်း၊ လှေးတွေက ဖြစ်ပွါးတာဖြစ်တယ်။ လဗင်ဒါက သန်း၊ လှေး၊ ပိုးမွှားတွေကိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လဗင်ဒါရာဇဝင် လဗင်ဒါပန်းနဲ့ ပတ်သက်တဲ့ရာဇဝင်ပုံပြင်တွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီထဲက ပုံပြင်တိုလေးနှစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ (၁) လဗင်ဒါရဲ့ဇာတိ ပြင်သစ်နိုင်ငံ Provenceဒေသမှာ ဒီလိုအချစ်ရာဇဝင်လေးတစ်ပုဒ် ရှိခဲ့ပါတယ်။ Provenceဒေသ ရွာလေးတစ်ရွာက မိန်းမပျိုလေးတစ်ယောက်ဟာ အေးစိမ့်တဲ့တောနက်ထဲမှာ တစ်ယောက်တည်း ပန်းတွေကို ခူးနေခဲ့တယ်။ ပန်းတွေကိုခူးနေဆဲမှာ အဝေးကလာတဲ့ ဒဏ်ရာရ ခရီးသွား လူငယ်တစ်ယောက်နဲ့ သွားဆုံတယ်။ လူငယ်ကို မြင်လိုက်တဲ့တခဏအတွင်း မိန်းမပျိုလေးရဲ့ နှလုံးသားဟာ လူငယ်ရဲ့အပြုံး ဖမ်းစားတာကို ခံလိုက်ရတယ်။ မိန်းမပျိုလေးဟာ လူငယ်ကိုနေအိမ်ထိခေါ်လာပြီး လူကြီးတွေကန့်ကွက်တာကို နာမခံဘဲ ဒဏ်ရာတွေကို ကုသပေးခဲ့တယ်။ ရက်အတန်ကြာမှာ လူငယ်လေး နေကောင်းကျန်းမာလာခဲ့သလို မိန်းမပျိုလေးနဲ့ သံယောဇဉ်တွေလည်း တိုးလာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင် ဖြစ်ခဲ့ကြတယ်။ တစ်ရက်မှာ လူငယ်က မိန်းမပျိုလေးကို နှုတ်ဆက်ပြီး ခရီးဆက်ဖို့ပြင်တယ်။ ဒါကို မိန်းမပျိုလေးက မခွဲနိုင် မခွါရက်နိုင်လို့ လူငယ်နဲ့အတူလိုက်ဖို့ပြင်တယ်။ ဆွေမျိုးသားချင်း၊ မိသားစုတွေ ဝိုင်းတားပေမယ့် လူငယ်ရဲ့နေရပ် နှင်းဆီပန်းတွေ ဖူးပွင့်တဲ့အရပ်ကိုလိုက်ဖို့ မိန်းမပျိုလက်မလျော့ခဲ့ဘူး။ လူငယ်နောက် မိန်းမပျိုလိုက်ဖို့ ပြင်နေတုန်းမှာ အဘိုးအိုတစ်ဦးက မိန်းမပျိုလေးကို လဗင်ဒါပန်းတစ်စီး ပေးလိုက်တယ်။ လဗင်ဒါပန်းနံ့က မစင်ကြယ်တာတွေကို မောင်းထုတ်နိုင်တဲ့ အစွမ်းရှိတာကြောင့် ဒီပန်းစီးလေးနဲ့ လူငယ်ကို စမ်းစေဖို့ဖြစ်တယ်။ လူငယ်က မိန်းမပျိုလက်ကိုတွဲပြီး ရွာကထွက်ခွါခါနီးမှ မိန်းမပျိုလေးက အသင့်ဝှက်လာတဲ့ လဗင်ဒါပန်းနဲ့ လူငယ်ကိုယ်ပေါ် ကျဲပက်လိုက်တယ်။ ကျဲပက်လိုက်တယ်ဆိုရင်ပဲ လူငယ်ဟာ အငွေ့အသွင်ပြောင်းပြီး လေနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ မျှော်လင့်မထားတဲ့အရာမို့ မိန်းမပျို အရမ်းခံစားခဲ့ရတယ်။ တောတောင်လျှိုတွေကြားမှာ လူငယ်ရဲ့ရယ်သံကိုပဲ သူကြားယောင်နေခဲ့တယ်။ သိပ်မကြာပါဘူး... မိန်းမပျိုလေးလည်း ရွာကနေ ပျောက်သွားခဲ့တယ်။ မိန်းမပျိုလေးဟာ လူငယ်လိုပဲ အငွေ့အဖြစ်နဲ့ တောတောင်လျှိုတွေကြားမှာ ပျောက်သွားခဲ့တယ်လို့ လူတချို့က ထင်ကြေးပေးကြတယ်။ တချို့ကလည်း နှင်းဆီပန်းပွင့်တဲ့ဒေသကိုသွားပြီး လူငယ်ကိုသွားရှာတာဖြစ်မယ်လို့ ပြောကြတယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် လဗင်ဒါပန်းရာဇဝင်လေး ထင်ကျန်ရစ်ခဲ့တယ်။ ဒီနေ့ခေတ်အထိ လဗင်ဒါပန်းကို မကောင်းဆိုးဝါးတွေ မောင်းထုတ်ရာမှာ လူတွေအသုံးပြုခဲ့ကြတယ်။ (၂) လဗင်ဒါပန်းရဲ့ အဓိပ္ပါယ်က "ချစ်ခြင်းကိုစောင့်မျှော်သူ"ဖြစ်တယ်။ ဒါလေးနဲ့ပတ်သက်တဲ့ ရာဇဝင်က ဒီလိုဆိုပါတယ်။ ဟိုးရှေးရှေးတုန်းက အိန်ဂျယ်တစ်ယောက်ဟာ လူ့ပြည်က လဗင်ဒါလို့ခေါ်တဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ အိန်ဂျယ်ဟာ ကောင်မလေးအတွက် သူ့တောင်ပံနဲ့ မျက်ရည်တစ်စက်ကို ပေးရတယ်။ နာကျင်ပေမယ့်လည်း သူပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်ချိန်တွေ တိုတောင်းခဲ့တယ်။ တစ်နေ့မှာ နတ်မင်းကြီးက အိန်ဂျယ်ကို ကောင်မလေးနဲ့ခွဲပြီး ကောင်းကင်ပေါ်ဖမ်းခေါ်သွားခဲ့တယ်။ ကောင်းကင်ပေါ်မပြန်ခင် အိန်ဂျယ်က ကောင်မလေးအတွက် မျက်ရည်တစ်စက်ထားခဲ့ပြန်တယ်။ မျက်ရည်ကို လိပ်ပြာအသွင်ပြောင်းစေပြီး သူချစ်တဲ့ကောင်မလေးအနားမှာ အဖော်လုပ်စေခဲ့တယ်။ ကောင်မလေးက လိပ်ပြာနဲ့အဖော်ပြုပြီး အိန်ဂျယ် လူ့ပြည်ပြန်အလာကို စောင့်နေခဲ့တယ်။ အိန်ဂျယ်ထားခဲ့တဲ့ပန်းခြံလေးမှာ နေ့နေ့ညည စောင့်နေခဲ့တယ်။ နောက်ဆုံးမှာ အမြစ်တွယ်ပြီး အပင်လေးတစ်ပင် ဖြစ်သွားခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ခရမ်းရောင်ပန်းလေးတွေပွင့်ပြီး အိန်ဂျယ်ကိုရှာဖို့ နေရာအနှံ့ မျိုးပွါးခဲ့ကြတယ်။ လူတွေက အိန်ဂျယ်ရဲ့ပြန်အလာကို စောင့်မျှော်နေတဲ့ ခရမ်းရောင်ပွင့်တဲ့ပန်းလေးကို "လဗင်ဒါပန်း" လို့ ခေါ်ခဲ့ကြတယ်။ ref : http://en.wikipedia.org/wiki/Lavender https://baike.baidu.com/item/薰衣草/14513 https://zh.m.wikipedia.org/zh-hant/薰衣草 . #နိုင်းနိုင်းစနေ .

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။