အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,664
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

မြန်မာနိုင်ငံကြီး ကျိန်စာသင့်နေသလားဗျာ... ရခဲ့တဲ့ ဘွဲ့လက်မှတ်တွေက လစာ ၂သိန်း တောင် မရချင်.. ဟိုသင်တန်းလေး တက်...

မြန်မာနိုင်ငံကြီး ကျိန်စာသင့်နေသလားဗျာ... ရခဲ့တဲ့ ဘွဲ့လက်မှတ်တွေက လစာ ၂သိန်း တောင် မရချင်.. ဟိုသင်တန်းလေး တက် ဒီသင်တန်းလေး တက်တာတောင် အတွေ့အကြုံ မရှိရင် ၂သိန်းခွဲ မရချင်... ကိုယ်ပိုင်အလုပ်လေး အစပျိုးပေမယ့် ခေတ်ပျက်တော့....ယိုင်တိယိုင်တိုင်..... ကိုယ်တိုင်ပဲ ဖြိုဖျက်ပြီး စိုက်ပျိုးရေးထဲ ခြေစုံပစ်ဝင်ခဲ့တယ်.... မြေကြီးက ရွှေသီးဖို့ မျော်လင့်ရင်း.... ပညာတွေ လေ့လာနေပါတယ်.... သင်ခဲ့ရတဲ့ ပညာတွေက အပြင်လောကမှာ သုံးစားမရတော့... ကုန်ခဲ့ရတဲ့ အချိန်နဲ့ ငွေကို နှမျောမိတယ်....... ဒီ software လေးက ကျွန်တော်တို့လို စိုက်ပျိုးရေး ဗဟုသုတ မရှိသူတွေအတွက် အတော်အသုံးဝင်ပါတယ်.....

စိုက်ပျိုးစီးပွား ကွမ်း
6

ဖြေကြားချက် ၆ ခု

193,301 လွန်ခဲ့သော ၄ နှစ် က
2,263 လွန်ခဲ့သော ၄ နှစ် က

ဒါဆိုဗျာ ဒေသကြက်ကို ဥထုတ်ယူတဲ့မွေးမြူနည်းလေး ပြောပြဗျာ ကိုယ်တိုင်လည်းလေ့လာနေတယ် စပါးကိုဘဲ မျော်ကိုးမနေတော့ဘူး စိုက်/ မွေးပေါ့

260,000 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ၊ စိုက်ပျိုးရေးနဲ့ ပတ်သတ်လို့ မသိတာ အကုန်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ပညာမချန် ပြန်လည်ဖြေကြားပေးဖို့ အသင့်ပါခင်ဗျာ။ အတွေ့ကြုံနု အသက်ရွယ် ငယ်သေးပေမဲ့ ကျွန်တော့အဖြေကြောင့် စိတ်ကျေနပ်မူ့ရ၊ အဆင်ပြေကြလိမ့်မယ်လို့ မျော်လင့်ရင်း ..... AKS

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ပုံ​သေလစာအ​ပေါ်မှာ မှီပြီးရပ်တည်တာနဲ့စာရင်၊ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး ကို စနစ်တကျလေ့လာ လုပ်ကိုင်ပြီး ရပ်တည်တာကို ပိုကြိုက်တယ်ဝါသနာပါရင်​ပေါ့​​လေ။မေဂျာမျိုးစုံဘွဲ့ရထားလည်း၊အလုပ်​ပေးစရာ၊ စက်ရုံ၊အလုပ်ရုံ မရှိဘူး​လေ။ စိုက်/ မွေး လုပ်ငန်က​တော့ အသက်ကြီးချိန်အထိ လုပ်နိုင်မယ်။ ကိုယ့်ချဲ့ထွင်ရင်ချဲ့သ​လောက် ကျယ်နိုင်တယ်။ ကိုယ့်နိုင်ငံရေ​မြေ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ သီးနှံ ထွက်ကုနရွေးပြီး.. value added လုပ်နိုင်ရင် ပို အကျိုးရှိနိုင်ပါတယ်။ ပြီး​တော့ဆွေးနွေး တိုင်ပင်ဖို့ရာ လည်း၊ Green way နဲ့တွေ့​နေပြီ ..ဆို​တော့ကား....။

193,301 လွန်ခဲ့သော ၄ နှစ် က

ဆော့ဝဲအသုံးပြုရတာအဆင်ပြေတယ်ကြားလို့ဝမ်းသာရပါတယ်ရှင့်။အခုချိန်မှာတော့ အစစအရာရာအဆင်မပြေမှုတွေကြားထဲက ကြိုးစားပြီးတော့ တော့နေကြရမှာပေါ့ရှင် ခြံလေးထဲမှာ သီးပင်စားပင်လေးတွေစိုက် ဝါသနာပါရာလေးတွေလုပ်ရင်း စိတ်ကိုပျော်အောင်နေကြည့်ပါနော်

4,992 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဆော့ဝဲလ်လေးက ဦးလေးတို့အတွက် အသုံးဝင်ပြီး အကျိုးရှိတဲ့အတွက် ဝမ်းသာပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။