အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၄ နှစ် က · တွံတေး

ငရုတ်ပိုးသတ်ဆေးအကြောင်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စိုက်ပျိုးနည်း ငရုတ်သီး
Post image
3

ဖြေကြားချက် ၃ ခု

642 လွန်ခဲ့သော ၄ နှစ် က

သေး​သေး​လေရယ်

260,000 လွန်ခဲ့သော ၄ နှစ် က

ငရုပ်ပိုးသတ်ဆေး၏ အာနိသင် - စားသေ၊ ပိုးသေဆေး၊ ပိုးဟန့်တားဆေး၊ ထိသေ၊ အဆိပ်ငွေ့ဆေး၊ ဗိုင်းရပ်နှိမ်ဆေး။ နှိမ်နင်းနိုင်သည့် ပိုးမွှားအင်းဆက်များ - ပရွက်ဆိတ်၊ ပျ၊ ပဲသီးတောင့် ထွင်းပိုး၊ ဘလစ္စတာကျိုင်း၊ လောင်မီး ကျိုင်း၊ ခူကောင်များ၊ စိန်ကွက်ဖလံ၊ ပိုးနဂါး၊ ငမြှောင်တောင်၊ ရွက်ဖြတ်ပိုးများ၊ အကြေးပိုး၊ ယင်ဖြူ၊ ခရုပက်ကျိများ။ ကာကွယ်နိုင်သည့် အပင်ရောဂါများ - သခွားဗိုင်းရပ်(စ်)ရောဂါ၊ ဆေးရွက်ကြီးပင်ဗိုင်းရပ်(စ်)ရောဂါများ။ ငရုပ်ပိုးနှိမ်ဆေးသည် ဟင်းသီးဟင်းရွက်များတွင် ကျရောက်တတ်သော ပျပိုးများအတွက် အထူး အသုံးဝင် ကြောင်း တွေ့ရသည်။ ငရုပ်သီးဖျော်ရည်ပြုလုပ်ပုံ ငရုပ်သီးမှည့် - ၃၀ ကျပ်သား ရေ - ၈ ပုလင်း ဆပ်ပြာ - ၂ ကျပ်သား ၁) ငရုပ်သီးမှည့် ၃၀ ကျပ်သားကို ပါးပါးလှီး၊ ရေ ၄ ပုလင်းဖြင့် ၁၅ - ၂၀ မိနစ်ကြာပြုတ်ပါ။ ၂) ဆပ်ပြာ ၂ ကျပ်သားကို ပါးပါးလှီးထည့်ပါ။ ၃) ပြုတ်ရည်ထဲသို့ ရေ ၄ ပုလင်းထည့်ပါ။ ၄) အေအးခံၿပီး အရည္စစ္ပါ။ ၅) အရည်ကို မိုးမရွာလျှင် တစ်ကြိမ်၊ မိုးရွာသောအချိန်တွင် တစ်ပတ် ၂ -၃ ကြိမ် ပက်ဖျန်းအသုံးပြုပါ။ ငရုပ်သီးနှင့် အရက်ဖျော်စပ်ပုံ ငရုပ်သီး - ၃.၅ ကျပ်သား ကြံအရက် - ၄ ပုလင်း ရေ - ၅ ဂါလံ ငရုပ်သီး ၃.၅ ကျပ်သားကို ကြံအရက် ၄ ပုလင်းနှင့်ရော၍ (၁၄) ရက်ကြာထားပါ။ အရည်စစ်ချပါ။ စစ်ရေ ၁၃ ဇွန်းကို ၅ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးစာအတွက် ရေနှင့် ဖျော်စပ်အသုံးချနိုင်သည်။ ခူကောင်၊ ဗောက်ဖတ်များကို ၃ ရက်ခန့်အကြာတွင်သေစေနိုင်သည်။ အထူးသတိပြုရန် ငရုပ်သည် လူတို့၏အရေပြား၊ မျက်စိနှင့် အသက်ရှူလမ်းကြောင်း ထိခိုက်ယားယံစေသောကြောင့် ငရုပ်ဆေးဖော် စပ်ရာတွင် သတိပြုရန်လိုအပ်သည်။ အာနိသင်ပြင်းလွန်းပါက အပင်ကို အဆိပ်သင့်စေနိုင်သဖြင့် စိုက်ကွက်ငယ်တွင် ဦးစွာစမ်းသပ်ပြီးမှ သင့်လျော် သော ဆေးနှုန်းရယူရန်ဖြစ်သည်။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

ငရုပ်ခင်းအတွက် ပိုးသတ်​ဆေးကို​မေးတာလား.. ငရုပ်သီးကို ပိုးသတ်​ဆေးလုပ်နည်းစနစ်​မေးတာလား..မရှင်းဘူးဖြစ်​နေတယ်။ ငရုပ်သီးကို ပိုးသတ်​ဆေး အ​နေနဲ့ လုပ်ချသ်တာဆိုရင်​တော့.. နည်းအမျိုးမျိုး လုပ်ကြတာပါဘဲ။ ငရုပ်သီးမှည့် ၆၀ကျပ်သားကို နုပ်နုပ်စင်းပြီး ၊​ရေတဂါလံနဲ့တညစိမ်ပါ။အရည်စစ်ယူပါ။ အရက်ဦး​ရေ ၂၅၀စီစီထည့်ပါ။ ပန်းကန်​ဆေးဆပ်ပြာရည် ၂၀စီစီ ​ရောပါ။ သမ​အောင်​မွှေပြီးရင် သုံးလို့ပါပြီ။ ၄ဂါလံပိုးသတ်​ဆေးပုံးနဲ့ဖျန်းမယ်ဆိုရင်၊ ၈၀-စီစီထည့်ပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။