အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18,513
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

ဓာတုမြေသြဇာတွေစျေးကြီးနေလို စပါးကိုရွက်ဖျန်းဆေးတွေနဲသုံးလိုရလားခင်ဗျားရရင်လဲဘယ်လိုရွက်ဖျန်းဆေးတွေသုံးသင့်လဲပညာ...

ဓာတုမြေသြဇာတွေစျေးကြီးနေလို စပါးကိုရွက်ဖျန်းဆေးတွေနဲသုံးလိုရလားခင်ဗျားရရင်လဲဘယ်လိုရွက်ဖျန်းဆေးတွေသုံးသင့်လဲပညာရှင်များအတွေကြုံရှိတဲသူများဆွေးနွေးပေးပါးအုန်းဗျ

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

အကောင်းဆုံးအကြံပေးချင်တာက စပါးကို ပျိုးရွေ့ စိုက်ပြီး အပင် ၁၅ ရက်သားမစပြီး ရက်၄၀ထိကို ငါးအမိုင်နို ၃-၄ ရက်တစ်ခါ ဖြန်းပေးပါ။ ရက် ၄၀ အတွင်း လက်တွန်းစက်ဖြင့် ပေါင်းလိုက်ခြင်းကို ၃-၄ ကြိမ်ခန့် လိုက်ပေးပါ။ တစ်ဖန်မိူ့ကပ်ချိန်တွင် ငါးအမိုင်နို ထပ်လိုက်ပါ။ သာမန်စိုက်တာထက် အနည်းဆုံး အတွက် ၃၀% လောက်ကို ပိုထွက်နိုင်ကြောင်း အာမခံပါတယ်ခင်ဗျာ။ လေ့လာထားဖူးတဲ့ အော်ဂဲနစ် စိုက်စနစ်လေးအကြောင်း မျဝေတာပါခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

#စပါးခင်းမှာ၊အရွက်ဖျန်းဓာတ်မြေသြဇာဖျန်းသင့်ပါသလား..??? """"""""""""""""""""""""""""""""""""""" မြေဆီစျေးတွေ အဆမတန်မြင့်တက်လာတာနဲ့အမျှ၊စပါးစိုက်တောင်သူတွေမှာ၊ စပါးတသီးကို ဘယ်လိုပြီးအောင်ဖြတ်သန်းရမလဲ..ဆိုတာ ခေါင်းခြောက်အောင်စဥ်းစားနေရပါတယ်။ ဒါကြောင့်လည်း..စပါးခင်းမှာ ရွက်ဖျန်းအားဆေးဖျန်းရင် မြေဆီလျော့ချသုံးစွဲနိုင်ပါ့မလား..ဆိုတဲ့မေးခွန်းတွေ မေးလာကြတာဖြစ်ပါတယ်။ #Folia fertilizer(အရွက်ဖျန်းဓာတ်သြဇာ)ဆိုတာ ဘာလဲ??? အပင်လိုအပ်တဲ့ အာဟာရတွေကို အရွက်ကနေတဆင့် အပင်ထဲကို တိုက်ရိုက်အစာကျွေးတာကို အရွက်ဖျန်းဓာတ်မြေသြဇာ လို့ခေါ်တာပါ။ #ဘယ်လိုအကျိုးအာနိသင်တွေ ရနိုင်မလဲ??? ၁။မြေကြီးထဲမှာ ချို့တဲ့နေတဲ့ အာဟာရတွေ(Nutrient dificiency)ကို အစားထိုးဖြည့်စွက်ပေးပါတယ်။ ( မြေကြီးရဲ့အချဥ်အငံဓာတ်မမျှတရင်(Soil pH နိမ့်လွန်း၊မြင့်လွန်းခြင်း)အပင်ရဲ့အစာစားအမြစ်မွှေးလေးတွေအလုပ်မလုပ်နိုင်တဲ့အခြေအနေမှာ အရွက်ရဲ့လေရှူပေါက်(Stomatas)တွေကတဆင့် အစာကျွေးပေးရပါတယ်။ ဒီလိုအစာကျွေးခြင်းဟာ အမြစ်ကကျွေးခြင်းထက် ရှစ်ဆ ပိုပြီး အာနိသင်ရှိတယ်လို့ ပညာရှင်တွေ သုတေသနပြုကြပါတယ်။ ၂။အမြစ်ကကျွေးတာထက် အာဟာရ လျင်မြန်စွာရရှိစေပါတယ်။ ၃။ကေျွးလိုက်တဲ့အာဟာရကို အပင်က ပြည့်ဝစွာရရှိစေပါတယ်။ (အချို့သော mineral တွေ၊ဖော့စဖရပ်၊မင်းဂနိစ်၊အိုင်းရွန်း၊ကော့ပါး၊ဇင့်..စသည် တို့သည်မြေဆီလွှာပြဿနာကြောင့်ထိန်းချုပ်ခံရလွယ်ပါတယ်(easy to be fixed)။ ၄။စီးပွားရေးတွက်ခြေကိုက်ခြင်း (မိုလစ်ဒီနမ်ကဲ့သို့သော အနည်းလိုဟာရ ဓာတ်တွေကို အပင်က အနည်းငယ်သာ လိုအပ်လို့၊ အမြစ်ကနေ ဝယ်ကျွေးရင် ကုန်ကျစရိတ်များသလောက်ထိရောက်မှုနည်းပါတယ်။ အရွက်ကအစာကျွေးခြင်းဖြင့် အနည်းလိုအာဟာရတွေကို အပင်က ရာနုန်းပြည့်နီးပါးရရှိစေပါတယ်။) ၅။မြေဆီလွှာညစ်ညမ်းမှုတွေကို လျော့ချစေပါတယ်။(Ruduce soil pollution) အနှစ်နှစ်အလလ,က ကျွေးထားတဲ့ နိုက်ထြိုဂျင် မြေသြဇာတွေကြောင့် မြေကြီးထဲမှာ နိုက်ထြိတ်ကွန်ပေါင်းတွေဟာမြေအောက်ရေ အရည်အသွေးနဲ့ မြေဆီလွှာပျက်စီးစေပါတယ်။စားသုံးသီးနှံတွေမှာလည်း နိုက်ထြိတ်ဓာတ်ကြွင်းတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဘေးတွေ့စေပါတယ်။ ဒါကြောင့် ပညာရှင်တွေက အရွက်ကအစာကျွေးခြင်း(folia application)ဟာ အပင်အတွက် အာဟာရပြည့်ဝစွာရရှိရုံသာမက၊ မြေအောက်ရေနဲ့မြေဆီလွှာ ညစ်ညမ်းမှုကိုပါထိန်းသိမ်းပြီးသားဖြစ်လို့၊ ''ခဲလုံးတည်းနဲ့ ငှက်နှစ်ကောင်ထိတယ်'' လို့ ဆိုကြပါတယ်။ နောက်ထပ် သုတေသနပြုချက်တခုအရ,စပါးခင်းမှာ ပိုတက်စီယံsource မြေသြဇာကို ရွက်အနေနဲ့ဖျန်းခြင်းဟာ စပါးပင်ပွား၊အထွက်နုန်းနဲ့ အရည်အသွေးအပြင် ကောက်ရိုးအထွက်ပါတိုးစေပါတယ်လို့ plant production sciences မဂ္ဂဇင်း ဆောင်းပါးတပုဒ်မှာဖော်ပြထားတာတွေ့ရပါတယ်။ Affected by different sources of K. ---------'--------------‐------------------ |treat____tiller___paddy_straw_____ _control| 10.29 | 2784 | 3909. | ------------------------------------- Kcl. | 11.84 | 3023| 4199. | ------------------------------------- K2So4 | 13.89 | 3336| 4876. | ------------------------------------- KNo3. | 12.67 | 3150| 4518. | ----------------------------------‐-- (Ref.,Pakistan journal of agricultural sciences .) အထူးသဖြင့် ပိုတက်စီယံဆာလဖိတ်(k2So4)က အခြားပိုတက်စီယံတွေထက် ပိုထိရောက်တာတွေ့ရပါတယ်။ စမ်းသပ်ချက်မှာ စိုက်ပြီး ၃၀ ရက်နဲ့ ၄၅ ရက် နှစ်ကြိမ် ဖျန်းတယ်လို့ဆိုပါတယ်။ အချုပ်အားဖြင့်.မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်ရေးမှာ အဓိကအဟန့်အတားဖြစ်တဲ့ ဆန်စပါး အရည်အသွေးနိမ့်ကျခြင်း ရဲ့ အဖြေဟာ၊ အာဟာရ မညီမျှခြင်း၊မလုံလောက်ခြင်း၊နည်းစနစ်မှားယွင်းခြင်းကြောင့်လို့ ဆိုချင်ပါတယ်။ ဘာပဲစိုက်စိုက်၊ယူရီးယားနဲ့စိုက် ၊ဆိုရင် စျေးနုန်းမြင့်တက်ပြီးကုန်ကျစရိတ်သာများလာတယ်၊အထွက်နုန်းနဲ့အရည်အသွေးမတက်လာလျှင် စျေးကွက်မဝင်နိုင်ပါ။သီးနှံလည်း စျေးကောင်းမရနိုင်ပါ။ ဆန်အရည်အသွေးမမီလျင် ဥရောပစျေးကွက်၊နိုင်ငံတကာစျေးကွက်ကို မည်သို့ထိုးဖောက်နိုင်မလဲ၊မြန်မာ့ဆန် ၇၀%ကို တရုတ်နိုင်ငံသို့တင်ပို့နေရပြီး၊ အရည်အသွေးအာမခံချက်မပါသဖြင့် ရတဲ့စျေးနဲ့ ဖြစ်သလို တင်ပို့နေရခြင်းအပေါ် ရင်နာနာနှင့်တွေ့နေရပါသည်။ #စပါးခင်းမှာ ပိုတက်စီယံများသော၊အရွက်ဖျန်းမြေသြဇာ၊အနည်းလိုအာဟာရပါသော ရွက်ဖျန်းမြေသြဇာ ဖျန်းသင့်ပါတယ်။ #ယူရီးယားမြေသြဇာ လျော့ချရန်၊ ယူရီးယားကို သဘာဝမြေသြဇာနဲ့ ဂျစ်ဆန်ကို ရောမွှေပြီး ၂၄နာရီ သိပ်ထားကာ ရေစပ်စပ်မှာ ပက်ကျွေးပါ။ တကြိမ်တည်း အဝကျွေးမည့်အစား #အကြိမ်ကြိမ်ခွဲကျွေးနည်း(Splits dose)ကိုအသုံးပြုပါ။ ဤနည်းအားဖြင့် ယူရီးယားလျော့ချသုံးစွဲမှုကို အထောက်အကူပြုလိမ့်ဟု ယုံကြည်ပါတယ်။ သို့ပါ၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ ကုန်ကျစရိတ်လည်းလျော့ချ၊ စိုက်ပျိုးရေးဗဟုသုတလည်းရရှိပြီးသကာလ၊အရည်အသွေးမြင့်မားသောသီးနှံများအထွက်နုန်းမြင့်မားလာစေရန် ရေးသားတင်ပြလိုက်ပါတယ်။ တောင်သူမိတ်​ဆွေများ၊ကပ်ကြီးသုံးပါး​ကျော်လွှားနိုင်ပြီးကျန်းမာချမ်းသာကြပါ​စေ ပျံလွှား(ပုလဲ) 19-8-2021

You

ဆက်စပ်မေးခွန်းများ

မြေဆွေးလုပ်တဲ့အခါ Emဖြန်းမဲ့နေရာမှာ ငါးအမိုင်နိုနဲ့ အစားထိုးဖြန်းလို့ရလားဗျ မြေဆွေးဖြစ်မှု အချိန်ကာလာကရော ကွာ...

ဖြေကြားချက် 3 ခု

ကြက်ချေး နွား ချေးတွေကမြေဆွေးလုပ်တဲနေရာမာ CလားN လားဗျ လွှစာ ပဲမှော် ကောက်ရိုး တွေ ကကော C လား N လား ရှင်းပြပေး...

ဖြေကြားချက် 5 ခု

ကြက်ချေးအိတ်100လွှစာအိတ်50ကို ကိုရွက်15အိတ် EMအပြင်းနဲ မြေဆွေပုံလုပ် ထားတာ လောက်ကောင်တွေ ထွက် လာ လိ​ု ဗျ C.Nအ...

ဖြေကြားချက် 4 ခု

မင်ဂလာပါ လယ်မြေph6ထက်နည်းနေရင် ၁ယူနစ်အတွက် တဧကကို ပျင်းမျှ ထုံးဘယ်လောက်ထည့်ရမလဲပြောကြပါအုံး ဆရာညီကိုတို့ ကျေး...

ဖြေကြားချက် 1 ခု

မြေဆွေးပုံတဲ့နေရာမှာ အညိုဆနဲ့ အစိမ်းဆဟာ တစ်ချို့ဆောင်းပါးတွေမှာ အညို ၃၀ဆ အစိမ်း ၁ဆလို့ဖတ်ရပါတယ်... တစ်ချို့...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။