ဖြေကြားချက် ၄ ခု
ကျွန်တောအကြံပေးချင်တာက အရိုးမုန့်ကို ထည့်စေချင်ပါတယ်ခင်ဗျာ။ တစ်နစ်ကို နစ်ခါထည့်ပေးပါ။ သို့ အသီးသီးပြီးတိုင်းမြေဆွေထည့်ပေးပါခင်ဗျာ။ အဆင်ပြေပါစေ။
တကယ်တော့ နွားချေးမကြိုက်တာ မဟုတ်ဘူးခင်ဗျ။ အပင်တွေအားလုံး နွားချေး၊တိရစ္ဆာန်ချေး ကြိုက်ပါတယ်။ သိူ့သော် ဆွေးမြေ့တဲ့အဆင့် ရောက်မှ အနုဇီဝသက်ရှိလေးတွေက အစာရှာပေးနိုင်တာပါ။ မဆွေးသေးဘဲ ကျွေးရင်တော့..သရက်ပင်မှမဟုတ်ပါဘူး။ဘယ်အပင်မှ မကြိုက်ပါဘူး၊ထွက်လာတဲ့ အပူငွေ့က နွားချေးထဲ ကြက်ဥမြုပ်ရင်တောင် ၊နောက်ရက်မှာ ထော်ကြည့်ရင် ကျက်လောက်ပါတယ်။ ဒီအပူဒဏ်ကို အပင်တွေ မခံနိုင်ပါ။ အပင်နုလေ၊ ပိုဆိုးလေ။ အစိုဓါတ်နည်းလေ၊ ပိုပူလေပါဘဲခင်ဗျ။
ဟုတ်ကဲ့ပါဆရာ သရက်က နွားချေးမကြိုက်ဘူးလို့ပြောကြပါတယ် အဲ့ဒါရော ဟုတ်ပါသလားခင်ဗျ
သရက်ပင် ဖြစ်ထွန်းဖို့ရာ မြေသြဇာနဲ့ ရေအစိုဓါတ်လုံလောက်ဖို့ အရေးကြီးပါတယ်။ အမြစ်က အစာစားမှ အပင်ကြီးထွားမှာမို့ သဘာဝမြေဆွေး များများလိုအပ်ပါတယ်။ မြေကြီးထဲက အကျိုးပြုအနုဇီဝတွေ ရှင်သန်ဖို့ အစိုဓါတ်နဲ့ အော်ဂင်းနစ်အာဟာရ လိုအပ်ပါတယ်ခင်ဗျာ။ အပင်ငယ်စဥ်ကတည်းက ခါးဆွခြင်း၊ပေါင်းရှင်းခြင်း၊မြေဆီကျွေး၊ရေသွင်းခြင်း ပုံမှန်ဆောင်ရွက်ပါက ရှင်သန်ကြီးထွားနိုင်ကြောင်းပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
သရက်ပင် သိပ်မသီးဘူးဖြစ်နေပါတယ်
ဖြေကြားချက် 4 ခု
မင်္ဂလာပါစိမ်းရောင်လမ်းခင်ဗျား ကိုင်းကူးပင်တွေစိုက်တဲ့စပ်မြေလုပ်နည်းလေးသိချင်ပါတယ်ဗျကိုတိုင်လုပ်ကြည့်ချင်လို့...
ဖြေကြားချက် 1 ခု
သရက်ပင် ပြဒါးကျတာ ဘာဆေးဖြန်းရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
ပရိုကိုရပ်မှိုသတ်ဆေးအကြောင်းသိခြင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 7 ခု
သရက်စိုက်ပျိုးနည်းလမ်းလေးပြောပြပေးပါဆရာသမားတို့
ဖြေကြားချက် 1 ခု