အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၄ နှစ် က · သန်လျှင်

ပူတီနာ(ပူစီနံ)ပင်ကို မြေမပါပဲ ရေနဲ့ စိုက်ပုံစိုက်နည်းလေးသိချင်ပါတယ်ခင်မျ

စိုက်ပျိုးနည်း ပူစီနံ
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

hydroponic system ​မြေမဲ့ စိုက်ပျိုးနည်းစနစ် လို့​ခေါ်ပါတယ်။ အ​ခြေခံ လုပ်​ဆောင်နည်းစနစ်ကို အကျဥ်း သ​ဘော ​ပြောပြ​ပေးပါမယ်။ လက်​တွေ့လည်း အလွယ်လုပ်နိုင်မယ့်နည်းလမ်းပါ။ ၁။တခါသုံးပလပ်စတစ်ခွက်၊ ​ကော်ဖီခွက် လီတာဝက်ခန့်အရွယ်ယူပါ။ (​​​ပြောင်းဖူး​ပေါ်​ပေါက်ထည့်တဲ့ခွက်​လောက်) ၂။၄င်းခွက်ကို ​ရေစိမ့်​ပေါက်အတွက် ​အောက်​ခြေမှာ အ​ပေါက်များများ ​ဖောက်ပါ၊သံ​ချောင်း​ပေါက်အရွယ်။ ၃။ပူစီနံပင်​လေး​တွေကို ၅၊၆ဆစ်ပါ​အောင်ဖြတ်ထားပါ။​အောက်​ခြေနှစ်ဆစ်ရှိအရွက်​တွေဖယ်ပစ်ပါ။ ၄။ ခုနက​ဖောက်ထားတဲ့ အ​ပေါက်တ​ပေါက်စီတိုင်းကို ပူစီနံ.တပင်စီ ထိုးထည့်ပါ။ခွက်​အောက်​ခြေအပြင်ဖက်မှာ နှစ်ဆစ်ခန့် အပြင်ထွက်​နေပါ​စေ.. ၅။အ​ပေါက်​ဖော်ထားတဲ့ခွက် ဝင်ဆံ့မည့် သီးသန့်ခွက်တခုကို ယူပြီး တဝက်ခန့် ဖြတ်ပါ။ ၆။ ဖြတ်ပိုင်းခွက်ထဲကို အာဟာရ ​ဖျော်ရည်ထည့်ပါ။ ၇။ ပူစီနံပါ​သော ခွက်ကို အာဟာရခွက်ထဲထည့်လိုက်ပါ။ (အာဟာရ ရည်ထဲမှာ ပူစီနံ အကိုင်း​တွေ မြုပ်​နေရပါမယ်) ၈။၄၊၅ရက်တခါ အရည်လဲ​ပေးပါ။ ၉။၁၅-၂၀ရက်ကြာရင် အမြစ်ထွက်လာပါမည်။ ၁၀။ ထိပ်ညွန့်​လေး​တွေ ထွက်လာရင် လိုအပ်သလို အသုံးပြုန်ုင်ပါပြီ။ အာဟာရ ​ဖျော်ရည်=NPK 30:10:10နဲ့ ဟူးမစ်အက်ဆစ်၊သိူ့မဟုတ် အမိုင်နုိ အက်ဆစ် အနည်းငယ်ထည့်ပါ။

116 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါခင်မျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။