အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၄ နှစ် က · ညောင်လေးပင်

အစိုသမန်းပြင် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းနည်းသိချင်ပါတယ်ခင်ဗျာ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၄ နှစ် က

စပါးစနစ်တကျ မျိုးညှောက်ဖောက်နည်း (၁) ဆားဖျော်ရည်နဲ့ ရွေးထုတ်ထားတဲ့ မျိုးစေ့ကို ပလတ်စတစ်ပုံး၊ စည်ပိုင်းပြတ်စတဲ့ ထည့်စရာတစ်ခုထဲထည့်ပါ။ (၂) မျိုးစေ့အပေါ်ကနေ ရေကိုဖြည်းဖြည်းချင်း လောင်းပါ။ ဒါမှ အစေ့အဆန်ပြည့်ဝတဲ့ မျိုးစေ့တွေ ရေပေါ် ပေါလော ပေါ်မလာမှာ ဖြစ်ပါတယ်။ (၃) မျိုးစေ့အထက် ၄လက်မခန့်အထိ ရေဖြည့်ပါ။ (၄) ရေထဲမှာ ရှိတဲ့မျိုးစေ့တွေကို လက်နဲ့မွှေပါ။ ခပ်ပြင်းပြင်းမွှေရပါမယ်။ (၅) မျိုးစေ့တွေရေထဲမှာ ထိုင်သွားတဲ့အထိ စောင့်ပါ။ (၆) ရေပေါ်မှာ ပေါ်နေတဲ့ မျိုးစေ့တွေကို ဖယ်ရှားပစ်ပါ။ (၇) အောက်ခြေမှာမြုပ်နေတဲ့ လုံးပြည့်ဆန်ပြည့် စပါးစေ့တွေကို ရေသန့်နဲ့ (၄-၅) ကြိမ်ခန့် လက်နဲ့ ပွတ်သပ်ဆေးကြောပါ။ (၈) ဆေးကြောပြီး မျိုးစေ့တွေကို အခန်းအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှာ ၂၄ နာရီ စိမ်ပါ။ (၉) ၆ နာရီတစ်ကြိမ် ရေသန့်လဲပါ။ ရေသန့်လဲတိုင်း မျိုးစေ့မှာကပ်နေတဲ့ အကျိအချွဲတွေကို လက်နဲ့ ပွတ်သပ်ဆေးကြောပါ။ (၁၀) ၂၄ နာရီပြည့်တဲ့အခါ မျိုးစေ့တွေကို ရေသန့်နဲ့ (၂-၃) ကြိမ်ဆေးကြောပါ။ (၁၁) မာကြောတဲ့ အောက်ခံတစ်ခုခုအပေါ်မှာ ပလတ်စတစ်၊ ငှက်ပျောဖတ် သင့်ရာတစ်ခုခုခင်းပါ။ အခင်းပေါ်မှာ မျိုးစေ့ကို(၄-၆) လက်မ အထူထားပြီးဖြန့်ပါ။ (၁၂) မျိုးစေ့အပေါ်မှာ စိုစွတ်တဲ့ ဂုန်နီအိတ် အဝစသင့်ရာနဲ့ ဖုံးအုပ်ပါ။ (၁၃) မျိုးစေ့ကို ၁၂ နာရီတစ်ကြိမ်မွှေပေးပါ။ မွှေတိုင်း ရေဖျန်းပေးပါ။ (၁၄) မျိုးစေ့တွေ စာပါးစပ် ဖြူသည်အထိ (၂၄-၃၆) နာရီခန့်ကြာနိုင်သည်။ (၁၅) မျိုးစေ့တွေ စာပါးစပ်ဖြူလာပြီဆိုရင် ပျိုးထောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (၁၆) အညှောက်ဖောက်ထားတဲ့ မျိုးစေ့ကပျိုးခင်း/ စိုက်ခင်းထဲမှာ အမြန်ဆုံးအပင်ပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ကြွက်/ငှက်နဲ့ အင်းဆက်ပိုးတွေဖျက်စီးဖို့ အခွင့်အရေး နည်းသွားပါတယ်။ Ref: ဦးဘဟိန်း (စိုက်ပျိုး) ရဲ့ စပါးအထွက်တိုးနည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

18,513 လွန်ခဲ့သော ၄ နှစ် က

မျိုးစေ့ကိုတစ်ညစိမ် တစ်ညအုပ် အညှောက်ထွက်လာရင်ကျဲ

You

ဆက်စပ်မေးခွန်းများ

တခုလောကျ မေးပါရ စေ နှေစပါးကိုတိုကျရိုကျ ကွဲပကျ ပြီး၁၅သားမှာေရသွင်းအစာ ေကြွးကြရပါတယ်တခုေမးချင်တာကစပါးကြဲပက်ပြီး...

ဖြေကြားချက် 3 ခု

ရက် ၉၀ စပါးကို နွေစပါးအဖြစ် စိုက်ပျိုးမယ်ဆိုရင် ဘယ်အချိန်မှာ စပြီး စိုက်ပျိုးသင့်ပါသလဲ။ ဘယ်အချိန်မှာ ရိတ်သိမ်း...

ဖြေကြားချက် 3 ခု

စပါးအခြောက်ကြဲခင်းနဲ့အစိုကြဲခင်းက ဘယ်ဟာပိုကောင်းလဲဗျ ပေါင်းမြက်နှိမ်နှင်းရာမှာရော အထွက်နူန်းရောကွာလားဗျ မျိုး...

ဖြေကြားချက် 5 ခု

သစ်စိမ်းမြေဩဇာအတွက်ပိုက်ဆံရှော်စိုက်ထာတာ45ရက်သားမာမောင်းသတ်ထားတာ2ရက်ရှိပီးစပါးကျဲလိုရပီလားဗျအစိမ်းရောင်လမ်းကပ...

ဖြေကြားချက် 2 ခု

ပေါ်ဆန်းဘေးကြားစိုက်ပျိုးနည်း ပြောပြပေးပါဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။