အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
705
လွန်ခဲ့သော ၄ နှစ် က · မကွေး

ဆားပေါက်မြေ(Saline Soil) မှာ pH က 8.5အောက်လို့ဆိုထားတော့ 8.5အောက်ဆိုတာက ဘယ်pHထိလဲဆိုတာ ယေဘူရအားဖြင့် ဘယ်လိုသတ်...

ဆားပေါက်မြေ(Saline Soil) မှာ pH က 8.5အောက်လို့ဆိုထားတော့ 8.5အောက်ဆိုတာက ဘယ်pHထိလဲဆိုတာ ယေဘူရအားဖြင့် ဘယ်လိုသတ်မှတ်ကြလဲမသိဘူး,,, ဆားပေါက်မြေ(Saline Soil) ကို ဘယ်လိုပြုပြင်ပီး သီးနှံစိုက်ပျိုးလို့ရပါသလဲ

မြေဆီလွှာ စပါး မြေချဉ်ငန်ဓာတ် (pH)

ဖြေကြားချက် ၉ ခု

705 လွန်ခဲ့သော ၄ နှစ် က

ဆားပေါက်မြေကို ဆန်ကွဲ ဖွဲနုပက်ကြဲပေးတာက ဆားဓာတ်ကိုလျှော့ပေးနိုင်တယ်လို့ဆိုလိုတာလားဗျ,,,

705 လွန်ခဲ့သော ၄ နှစ် က

Gypsum CaSO4.2H2O ကထုံးဖြစ်တယ်လို့မမှတ်သားဖူးပါခင်မျာ,,,,,,,,,, Gypsumက မြေပိုငန်လာနိုင်တယ်လို့လည်းမမှတ်သားဖူးပါခင်မျာ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

gyspum က ထုံးဖြစ်တဲ့အတွက် မြေပိုငန်လာနိုင်ပါတယ်၊ သို့ပေမယ့် ဆားပမာဏကိုတော့ မလျော့ချနိုင်ပါ ရေသွင်းချင်းဖြင့်တော့ရနိုင်ပါတယ်

705 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့,,,Saline Soil ဖြစ်နေတယ်ဆိုရင် ဂျစ်ပဆန်သုံးပေးဖို့မလိုအပ်ဘူးလို့မှတ်သားဖူးတော့ (ဆားပါဝင်မှုကနည်းနေလို့) Saline Soilမှာ ရေချိုနဲ့နည်းအမျိုးမျိုးသုံးပီးဆေးမချပဲ ဂျစ်ပဆန်သုံးပီးဖြေရှင်းလိုက်ရင် ဘယ်လိုဖြစ်လာနိုင်ပါသလဲ

5,343 လွန်ခဲ့သော ၄ နှစ် က

ဆားပေါက်မြေ ပြုပြင်နည်း က ရေ လိုပါတယ် ၊ ရေနဲ့ဆေးချတဲ့နည်း ပေါ့၊ ရေသွင်း ထွန်မွှေ ပြီး ရေဖေါက်ထုတ် တာမျိုးလုပ်နိုင်ပါတယ် ဆန်ကွဲ သို့ ဖွဲနု ပက်ပေးတာမျိုးလုပ်နိုင်ပါတယ် အဲဒါတွေမလုပ်နိုင်ရင် ဆားငံဒါဏ်ခံနိုင်တဲ့ နေကြာ စိုက်ပါ နေကြာရိုးတွေကို မြေထဲထယ်ထိုးမြှုပ်ပါ သစ်ရွက်စိမ်းမြေဩဇာ ကျွေးပါ မြို့နယ် စိုက်ပျိုးရေးရုံးမှ မြေအသုံးချ ပညာရှင်အားအကူအညီတောင်း၍ မြေကိုဓါတ်ခွဲစမ်းသပ် ပါ၊ အဖြေပေါ်မူတည်၍ ဂျစ်ပဆန် နှင့် လကြေး တစ်မျိူမျိုးထည့် ရန် ညွှန်ကြား လာနိုင်ပါသည်။ ဂျစ်ပဆန် နှင့် လကြေး ကိုမိမိသဘော နှင့် မှန်းဆ၍ မထည့်ရပါ

705 လွန်ခဲ့သော ၄ နှစ် က

ဟုတျကဲ့ပါ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

Saline Soil ဆိုတာ ဆားပေါက်​မြေကို ပြောတာဖြစ်ပါတယ် pH 7 ဖြစ်နေပေမယ့်လဲ ဆားပေါက်နိုင်ပါတယ် - ဘာနဲ့တိုင်းသလဲဆိုရင် ph တန်ဖိုး 8.5 ထက်နဲ၍ EC 4 ထက်များပြီး SAR 13 ထက်များတယ် ESP 15 ထက်များတယ်ဆိုရင်ပါ အဲ့တော့ pH တစ်ခုထဲနဲ့ ဆားပေါက်မြေ Saline လား ဆပ်ပြာပေါက်မြေ Sodic soil လား ဆိုတာ ပြောလို့မရနိုင်ပါ၊

705 လွန်ခဲ့သော ၄ နှစ် က

ဖြေပေးကြပါအုံး

705 လွန်ခဲ့သော ၄ နှစ် က

ဥပမာ စပါးသီးနှံစိုက်မယ့်မြေက pH ၆.၄၅ ရှိပီး ESP က ၁၅%ထက် နည်းနေတယ် ,,,, အဲလိုဖြစ်နေတဲ့မြေမျိုးဆိုရင် pHက ၈.၅ထက်နည်းနေတော့ Saline Soilလို့ပဲ ယူဆလို့ရသလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။