အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,903
လွန်ခဲ့သော ၄ နှစ် က · ပြင်ဦးလွင်

ဩဂန်းနစ်မြေဆွေးလုပ်နည်းရှင်းပြပါအုံး

မြေဆီလွှာ ဂန္ဓမာ

ဖြေကြားချက် ၂ ခု

19,845 လွန်ခဲ့သော ၄ နှစ် က

ရိုက်ရှာကြည့် နည်းလမ်းတွေ အများကြီးပဲ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်း" ဘိုကာရှီသဘာဝမြေသြဇာပြုလုပ်ဖို့အတွက်...... (၁)ပဲဖတ် ၂၀ပိဿာကိုပီပါ (သို့)ပလက်စတစ်ပုံးအကြီးစားထဲရေထည့်ပြီး တစ်ညစိမ်ပါ။ (၂)တစ်ညစိမ်ပြီးနောက် တင်လဲရည် ၅၀ကျပ်သားကို ပီပါထဲထပ်ထည့်ပေးပါ။ ငါးပုတ်ရည်၊ဝါးပေါင်းခံရည်တို့ကိုပါထည့်ပေးနိင်ရင်အကောင်းဆုံးပါ။ (၃)ကြက်ချေး၊နွားချေး (၅)အိတ်၊ မြေဆွေး(၂)အိတ်၊ ထင်းပြာ၊စပါးခွံပြာ(၂)အိတ်၊ ဖွဲနု(၁)အိတ်တို့ကိုရောသမပြီးမွှေပါ။ငါးမှုန့်၊အရိုးမှုန့်တို့ပါထည့်ပေးပါက ပိုကောင်းပါတယ်။ (၄)ရောမွှေထားတဲ့အပုံထဲကို ပဲဖတ်စိမ်ရည်လောင်းပြီး သရိုးနယ်သလိုနယ်ပေးပါ။ရေစိုထိုင်းဆ ၆၀%ခန့်ဖြစ်ရပါမယ်။ဆိုလိုတာက ရောနယ်ထားတဲ့ကုန်ကြမ်းတွေကို လက်နဲ့ဆုပ်ကြည့်လိုက်ရင် အလုံးပုံစံဖြစ်ပီး လက်ညိုးနဲ့ထိုးခွဲလိုက်ရင် ကွဲကြေသွားတဲ့အခြေအနေဟာ ရေစိုထိုင်းဆ၆၀%ဖြစ်ပါတယ်။လက်နဲ့ဆုပ်ကြည့်လို့အလုံးပုံစံမဖြစ်ဘူးဆိုရင် ရေနဲလို့။ပဲဖတ်စိမ်ရည်ထပ်လောင်းပေးရမယ်။အလုံးပုံစံ ကွဲကြေမသွားဘူး ဆိုရင် ရေများလို့ပါ။ကုန်ကြမ်းထပ်ထည့်ပေးရပါမယ်။ (၅)အားလုံးပြီးစီးသွားတဲ့အခါမှာ  အရောအနှောကုန် ကြမ်းတွေကို တစ်ပေခွဲ အမြင့်ပုံပေးပါ။အနံ ၃ပေ(သို့) ၄ပေ အလျားကိုလိုသလောက်ဆန့်ထုတ်နိင်ပါတယ်။ ပုံရမယ့်နေရာကနေရောင်တိုက်ရိုက်မကျတဲ့ သစ်ပင်၊ ဝါးပင်အောက် (သို့)အမိုးအကာပါတဲ့အဆောက်အဦး အောက်မှာပြုလုပ်ရပါမယ်။သစ်ပင်၊ဝါးပင်အောက် မှာ ပြုလုပ်မယ်ဆိုရင် မိုးရေ၊ ဘေးမှစီးဝင်လာမဲ့ရေများကို ကာကွယ်ပေးထားရပါမယ်။ ပုံပြီးတဲ့အခါမှာ အပေါ်မှကောက်ရိုး (သို့)မြက်ခြောက် အမှိုက်တွေနဲ့အုပ်ပေး ထားပါ။ပလက်စတစ်နဲ့မအုပ်ပါနဲ့။   (၃)ပါတ်(၄)ပါတ်ခန့်ကြာတဲ့အခါ (သို့) အပူချိန်လုံးဝကျသွားတဲ့အခါမှာ အသုံးပြုန်ိင်ပြီဖြစ်တဲ့ ဘိုကာရှီ သဘာဝမြေသြဇာကိုရရှိပါပြီ။ချက်ချင်းအသုံးမပြုသေးပါက အိတ်များအတွင်းထည့်၍ အရိပ်အောက်တွင် သိမ်းဆည်းထားနိင်ပါတယ်။ အသုံးပြုနည်း။     ။ ဘာအပင်ပဲစိုက်စိုက် ဘိုကာရှိမြေသြဇာကို မစိုက်ခင်ကြိုတင်ထည့်တာအကောင်းဆုံးပါ။ပိုပြီး ထိရောက်မှုပါတယ်။ စိုက်ပြီးသားအပင်ကို ထည့်မယ်ဆိုရင်အပင်ပတ်လည်မှာကျင်းဖောက်ပြီးထည့်ပါ။ပြီးရင်မြေပြန်ဖုံးပေးပါ။ ဘိုကာရှီသဘာဝမြေသြဇာမှာ NPKပါဝင်မှုများပြီး အပင်လိုအပ်တဲ့အဟာရများကို ထောက်ပံ့ပေးနိင်တဲ့အတွက် အနည်းငယ်အသုံးပြုရုံနဲ့ ထိရောက်မှုရှိပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။