အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,390
လွန်ခဲ့သော ၈ နှစ် က · တိုက်ကြီး

နာနို နှင့်ချီတိုစံ သဘာ၀ ဆေးအကြောင်းသိချင်လို့ပါခင်ဗျ နောက်ဆုံးပေါ် သဘာဝဆေးလားခင်ဗျ

အပင်အာဟာရ ကွမ်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၈ နှစ် က

နာနို ကတော့ international မှာ ပိတ်ထားပါတယ် နောက်တစ်ခုက နာနို နဲ့ ပတ်သတ်ပြီး တိကျတဲ့ result တွေ ခုချိန်ထိ မရှိကြောင်းပါ IFOAM လို့ ခေါ်တဲ့ နိုင်ငံတကာ အော်ဂဲနစ် အဖွဲ့ အစည်းကလဲ nano ဆေးတွေကို organic farm တွေမှာ ပိတ်ထားကြောင်းပါခင်ဗျာ

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၈ နှစ် က

နာနိုကတော့ သိပ်မသိဘူး။ သြဂဲနစ်မဟုတ်ဘူးလို့ ဆရာမတစ်ယောက်ပြောပြဖူးပါတယ်။ ခိုင်တိုစန်ကတော့ စိုက်ပျိုးရေးမှာ တော်တော် အသုံးဝင်တာတွေ့ရတယ်။ အစိမ်းရောင်လမ်းမှာ တင်ထားတဲ့ ခိုင်တိုစန်၏ အကျိုးကျေးဇူးများတွေ ဖတ်ကြည့်စေချင်တယ်။ ၁။ အပင် ခုခံအားကောင်းပြီး ပင်ညှိုးရောဂါ/မြစ်ပုပ်ရောဂါ ၊ မီးခိုးမှိုရောဂါ၊ နှောင်းပင်နာကျရောဂါ/ ဖိုင်တိုသိုရာမှိုရောဂါ၊ ဖားဥမှိုရောဂါ၊ မှိုစက်ပြောက်ရောဂါအပြင် အမြစ်နီမတုတ် ရောဂါကိုလည်း ကာကွယ်သည်။ ၂။ ဖျက်ပိုး၊ အင်းဆက်၊ ဗိုင်းရပ်စ်၊ မြေအောင်းပိုးရောဂါ များကို ကာကွယ် ခုခံနိုင်စွမ်း ရှိသည်။ ၃။ မျိုးစေ့စိမ်ရာတွင် အသုံးပြုခြင်းဖြင့်လည်း အပင်ပေါက်အားကောင်းပြီး အမြစ်ထွက်နှုန်းကောင်း စေ သည်။ အပင်ကြီးထွားနှုန်းကို ပိုမိုစေသည်။ ၄။ ရွက်ဖြန်းအဖြစ် အသုံးပြုရာတွင် အရွက်၊ အပွင့်၊ အဖူး၊ အသီးတို့ အပေါ်တွင် ပါးလွှာသော ဖယာင်းလွှာ အသွင် ဖြစ်စေပြီး ပြင်ပမှှရောဂါ ဖျက်ပိုးတို့ကို ကာကွယ်ပေးသော ဒိုင်းကဲ့သို့ ဖြစ်စေသည်။ ၅။ အလင်းဖြစ် အစာချက်ခြင်း ဖြစ်စဉ်ကို အားမြှင့်ကူညီပေးသောကြောင့် အပင်ကြီးထွားနှုန်း၊ အသီးတင်နှုန်း မြင့်မားစေသည်။ ၆။ မြေပြင်ရာတွင် အသုံးပြုခြင်းဖြင့် မြေဆီလွှာ အဏုဇီဝတို့နှင့်ဇီဝဖြစ်စဉ်တို့ကို့ တိုးတက် ကောင်းမွန်စေသောကြောင့် အပင်အတွက် လိုအပ်သော အာဟာရများ ပေးစွမ်းစေရန် ကူညီပေးသည်။ ၇။ မြေဆီလွှာတွင် ခိုင်တိုစန်များ ပေါများနေခြင်းကြောင့် မြေဆီလွှာတွင် အာဟာရချို့တဲ့မှု နောက်ဆက်တွဲ အပင်ရောဂါဖြစ်စေနိုင်မှုများကို လျော့ပါးစေသည်။ ၈။ ခိုင်တိုစန် ရွက်ဖြန်းအသုံးပြုခြင်းဖြင့် အသီး ၊ အပွင့်၊ သက်တမ်းကို ကြာရှည်ခံစေသောကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသည်။ အသေးစိတ်ဖတ်ရင်ချင်ရင် ဒီလင်ကို နှိပ်လိုက်ပါ။ https://greenwaymyanmar.com/posts/procedures-of-chitosan

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။