copper oxychloride နဲ့ copper hydroxide ကဘယ်လို ကွာခြားသလဲခင်ဗျ ဘက်တီးရီးယား ရွက်ပြောက်အတွက်အတွက်ဆို ဘယ်က ပိုအ...
copper oxychloride နဲ့ copper hydroxide ကဘယ်လို ကွာခြားသလဲခင်ဗျ ဘက်တီးရီးယား ရွက်ပြောက်အတွက်အတွက်ဆို ဘယ်က ပိုအဆင်ပြေလဲ ဆရာများ
copper oxychloride နဲ့ copper hydroxide ကဘယ်လို ကွာခြားသလဲခင်ဗျ ဘက်တီးရီးယား ရွက်ပြောက်အတွက်အတွက်ဆို ဘယ်က ပိုအဆင်ပြေလဲ ဆရာများ
ကျေးဇူးပါ ဆရာကြီး
copper အခြေခံ မှိုသတ်ဆေးများဖြစ်ကြတဲ့ hydroxide ရော oxyclorideရော ဘက်တီးရီးယားသတ်ပုံ သိပ်မကွားပါဘူး။ အထူးသဖြင့် xanthomonas ,pseudomonasဘက်တီးရီးယားတွေဟာ coppersတွေကို ခံနိုင်ရည်ရှိနေပြီလို့ ဆိုပါတယ်။ အဓိက ကွာခြားတာကတော့၊hydroxide ကinorganicဖြစ်ပြီး oxyclorideကorganicဖြစ်ပါတယ်။ ဘက်တီးရီးယားကို ကာကွယ်ရုံသာ တတ်နိုင်ပြီး ကုသဖို့ဆိုရင်၊ hydroxideက ၂၅%လောက်ထိရောက်ပြီး၊oxyclorideကတော့ တမျိုးတည်းနဲ့ မရနိုင်ဘဲအခြားbactericideနဲ့ တွဲရပါသတဲ့။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
Captan မိူဆေး ဘယ်ကုမဏီထုတ်တွေရှိပါသလဲခင်ဗျ လမ်းညွန်ပါဦး
ဖြေကြားချက် 1 ခု
ဘာပိုးခေါ်ပါသလဲ ဘယ်လိုကာကွယ် နှိမ်နှင်းရပါမလဲခင်ဗျာ ငရုတ်သီးနှံပါ ဘာဆေးမှ ပတ်ဖျန်းထားခြင်းမရှိသေးပါ
ဖြေကြားချက် 2 ခု
ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲခင်ဗျ ငရုတ်ပင် ပင်ခြေမှာ အဲလိုမိူတွေ ကျရောက်နေပါတယ် ဘာဆေးမှ ပတ်ဖြန်းထားခြင်း မရှိ...
ဖြေကြားချက် 6 ခု
ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲခင်ဗျ mancozeb. ဖြန်းထားပါပြီ
ဖြေကြားချက် 1 ခု
ငရုတ်မှာ ကျရောက်သော ငရုတ်မှဲ့ပြောက်စွန်းနှင့် ငရုတ်ရွက်ပြောက်ရောဂါအတွက် copper oxychloride နဲ့ copper hydroxid...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။