အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
15,275
လွန်ခဲ့သော ၄ နှစ် က · သံတွဲ

ရှောက်ပင်ကိုင်းကူးစိုက်ချင်လို့ မြေထုပ်စည်းပြီး ကိုင်းကူးနည်း‌ သိချင်လို့ပါ။

စိုက်ပျိုးနည်း ရှောက်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

 (၁) အခေါက်ပျော့ရှိသောအပင်များ၊ မနုလွန်း၊ မရင့်လွန်း၊ မကြီးလွန်း၊ မသေးလွန်းသည့် တစ်နှစ်သားခန့်ရှိသော အကိုင်းများဖြစ်ရမည်။ (၂) ကိုင်းဖျားမှ ( ၈” ) မှ ( ၁၂” )အကြား နေရာများသည် မြေထုပ်စည်းရန်အတွက် အကောင်းဆုံးဖြစ်၏။ (၃) သံချေးကင်းပြီး ထက်ရှသောဓါးဖြင့် ထိုနေရာတွင် မျက်နှာပြင်ဗျက် ( ၁” )အကျယ်ရအောင် ကိုင်းတစ်ပတ်လည်၏ အခေါက်ကို ခွာ(လွှာ)ပါ။ (၄) ထိုနေရာတွင် ကြိုတင်စီမံထားသောမြေ(ဓါတ်မြေသြဇာမထည့်သင့်)ဖြင့် ပတ်လည်အုံပေးပြီး အုန်းဆံဖတ် သို့မဟုတ် ချည်ထည်ပိတ်စကျဲအုပ်ပြီး ပုံပါအတိုင်းစည်းနှောင်ပါ။ (၅) စည်းနှောင်ထားသောမြေထုပ်များ အစဉ်အစိုဓါတ်ရှိနေရန် လိုအပ်သည်။ (၆) မြေထုပ်စည်းရန်အတွက် အကောင်းဆုံးအချိန်သည် ယေဘူယျအားဖြင့် သစ်ရည်တက်ချိန် သို့မဟုတ် ရွက်နုထွက်ချိန် တန်ခူး၊ ကဆုန်လများဖြစ်သည်။   (၇) အကိုင်းမှအမြစ်များထွက်လာပါက တနေ့လျှင်နဲနဲချင်းဖြင့် ဖြတ်ထုတ်ပြီးမှ မြေပြင်ထားရာတွင် စိုက်ပျိုးသင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။