အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
580
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

ခရမ်းပင်ကဒီလိုဖြစ်နေတဲ့အတွက် သင့်တော်မဲ့ဆေးလေး သိချင်လို့ပါ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၁၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ခါးရိ​ရောဂါပါ အစိုဓါတ်များ​နေ​သေးရင်.. ဂျစ်ဆန်မှုန့်ဖြူး​ပေးပါ. ​အ​ပေါ်ယံ​မြေ ဖန့်(ထန့်)ရင် ခါးဆွ/​မြေဆွ​ပေးပါ။ ဖိုးစီဖျန်းပါ

232 လွန်ခဲ့သော ၄ နှစ် က

ခေါင်ညွှန့်ထိုးပိုးပါ ညှုိနာတဲ့အရွက်အရိုးချိုးပီကြည့်ပါ ပိုးနဲ့လမ်းကြောင်းတွေ့ပါလိမ့်မယ်

755 လွန်ခဲ့သော ၄ နှစ် က

ရွက်သစ်ထိနာကိုပိုဝင်းနားနင့်တူးထဲဗျအထဲမှားကြားလာရင့်အပေါက်ကြီးဖြစ်သွာတာဗျ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

ဂျစ်ဆန်မရရင် သဲနဲ့ ပြာနဲ့​ရောပက်ပါ။ ဖိုးစီကို ၇ရက်ခြား ၂ကြိမ်ဖျန်းပါ

580 လွန်ခဲ့သော ၄ နှစ် က

ဂျစ်ဆန်မှုန့်ဝယ်မရရင် အစားထိုးဖြူးလို့မဲ့ဟာရယ် ဖိုးစီကိုဘယ်နှရက်ကြာ ဘယ်နှခါဖြန်းပေးရမလဲဆိုတာကို အဆင်ပြေမယ်ဆိုဖြေပေးပါဦးဆရာ

580 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ အကြံပေးတဲ့အတိုင်းလုပ်လိုက်ပါ့မယ် ခုလိုရှင်းပြ ပြောပြပေးလို့ကျေးဇူးအထူးတင်ပါတယ်ဆရာ

580 လွန်ခဲ့သော ၄ နှစ် က
580 လွန်ခဲ့သော ၄ နှစ် က

အဲ့လို့ဖြစ်နေတယ်ဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

အ​ခြေအ​နေဆိုးတဲ့တပင်​လောက်ကို နုတ်ကြည့်ပါ။ အမြစ်​တွေ ပုပ်​နေသလား ခါးရိ​နေသလား ​ရေ​သောက်မြစ် နာ​နေသလား.. အဲသလိုဖြစ်​နေရင် ​မြေ​ဆောင်မိှု​ရောဂါပါ၊ အထက်​အောက်up and down ပြန့်တဲ့မှို​ဆေး ဖို့စတိုင်းအလူမိနိယံ(ဖိုးစီ )ကို​ဆေးတပုံး ၆၀ဂရမ်ဖျန်းပါ။

580 လွန်ခဲ့သော ၄ နှစ် က

တခင်းလုံးမှာ အပင်၂၀/၃၀လောက်အဲ့လိုဖြစ်နေတာဆရာ တခြားသူတွေရဲ့အခင်းမှာဆို အပင်ရာနဲ့ချီပြီအဲ့လိုသေသေသွားလို့ မှိုကြောင့်လို့တော့ပြောကြတယ်ဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

​ဆေး​လောင်တာနဲ့တူ​နေတယ်ခင်ဗျ။ ဒီတပင်တည်းဖြစ်တာလား.. အပင်​တွေအများကြီးဖြစ်တာလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။