အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
761
လွန်ခဲ့သော ၄ နှစ် က · ပင်းတယ

ဂေါ်ရခါးသီး ခေါ် စူကာသီးမှာ ကျတတ်တဲ့ ပိုးအကြောင်းနှင့် အသီးတင်နည်းတဲ့အကြောင်းလေး မျှဝေပေးပါအုံး။ ဓာက်ပုံထဲမှာ...

ဂေါ်ရခါးသီး ခေါ် စူကာသီးမှာ ကျတတ်တဲ့ ပိုးအကြောင်းနှင့် အသီးတင်နည်းတဲ့အကြောင်းလေး မျှဝေပေးပါအုံး။ ဓာက်ပုံထဲမှာတွေ့ရတဲ့ ပိုးအကြောင်းလေးသိရင် ပြော​ပေးပါအု

ပိုးမွှားရောဂါ ဂေါ်ရခါးသီး
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

white flyယင်ဖြူ​တွေပါ စုပ်စားပိုးဖြစ်လို့ အပင်ကိုအားနည်း​စေပါတယ်။

761 လွန်ခဲ့သော ၄ နှစ် က

အသိပညာတွေ တဆင့်မျှဝေပေးသူအားလုံး ကျေးဇူးအထူးတင်ပါတယ်ဗျ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

ဓါတု​ဆေးအ​နေနဲ့ဆိုရင် သိုင်ယာမိသိုဇင်(တင်းဒါး..) သို့မဟုတ် အဆီတာမိပရစ်(အဆက်-20) တမျိုးမျိုးဖျန်းပါ။

193,301 လွန်ခဲ့သော ၄ နှစ် က

ယင်ဖြူကျရောက်ပြီဆိုရင် ဒီနည်းလမ်းလေးအတိုင်းဖြေရှင်းကြည့်ပါရှင့် ၁) ပထမဦးဆုံး နည်းလမ်းကတော့ ရေပိုက်နဲ့ထိုးဖျန်းပေးခြင်းပါ။ ဒီနည်းလမ်းက အရိုးရှင်းဆုံးဖြစ်ပြီး ယင်ဖြူတွေကို ကြောက်လန့် ထွက်ပြေးသွားစေနိုင်ပါတယ်။ ၂) ပြီးတော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာရည်နဲ့ အရွက်တွေကို ဖျန်းပေးရပါမယ်။ အဓိက ဖျန်းပေးရမှာကတော့ အရွက်ရဲ့အောက်မျက်နှာပြင်ကိုပဲ ဖြစ်ပါတယ်။ အခုလိုဖျန်းပေးခြင်းက အရွက်ကို အလွှာတစ်ခုအနေနဲ့ ဖုံးထားပေးတဲ့အတွက် ယင်ဖြူနှိမ်နင်းရာမှာ အရမ်းကို ထိရောက်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ၂ ကြိမ်ကနေ ၃ ကြိမ် ဖျန်းပေးနိုင်ပါတယ်။ (ပြုလုပ်နည်း-ပုံမှန် အသုံးပြုနေကျ ပန်းကန်ဆေးဆပ်ပြာဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဟင်းသီးဟင်းရွက်ဆီ တစ်ခွက်နှင့် ရောနှော၍ ပုလင်းထဲထည့်ပြီး လှုပ်ပေးပါ။ ၎င်းအရော တစ်ဇွန်းနှင့် တစ်ဝက်ကို ရေတစ်ဖန်ခွက်နှင့်ရောနှောပြီး သေချာစွာလှုပ်ပေးပါ၊ ဆီနဲ့ရေက မရောသွားတတ်သည့်အတွက် ဖျန်းမည်ဆိုပါက သေချာစွာလှုပ်ပေးရန် လိုအပ်ပါတယ်။) ၎င်းကို မနက်အစောပိုင်းနှင့် ညနေပိုင်းကဲ့သို့သော အေးမြတဲ့ အချိန်မျိုးတွင်သာ ဖျန်းပေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အပူများသည့်အချိန်တွင်ဖျန်းခြင်းသည် မိမိတို့၏ အပင်များကို ဆိုးရွားသောဓာတ်ပြုခြင်း ဖြစ်စေသောကြောင့် ဖြစ်ပါသည်။ အကယ်၍ ဆေးဖျန်းပြီး မိုးရွာခဲ့ပါက ပြန်၍ ဖျန်းပေးသင့်ပါတယ်။ ၃) သဘာဝတမာပိုးသတ်ဆေးကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ တမာဆီ ၁ အောင်စကို ရေ ၁ ဂါလံနှင့်ရောနှော၍ အရွက်ကိုဖျန်းပေးပါ။ အထူးသဖြင့် အရွက်၏အောက်မျက်နှာပြင်ကို ဖျန်းပေးပါ။ ဒါမှ ကပ်နေတဲ့ ဥတွေ၊ သားလောင်းတွေ၊ ဖလံတွေကို သေစေမှာ ဖြစ်ပါတယ်။ ၄) နောက်ဆုံးအဆင့်အနေနဲ့ ယင်ဖြူအရေအတွက် အရမ်းများပြားလာတယ်ဆိုရင်တော့ အဆိပ်အတောက်အနည်းဆုံးသော သက်တမ်းတိုသည့် အော်ဂဲနစ် ပိုးသတ်ဆေးများကို သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် အပင်အစိတ်အပိုင်းများမှ ထုတ်လုပ်ထားတဲ့ Botanical insecticides (ဥပမာ ဂန္တမာပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး) များကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ ၎င်းပိုးသတ်ဆေးများဟာ အခြားဓာတုပိုးသတ်ဆေးများထက် အန္တရာယ်ဖြစ်မှု နည်းသည့်အတွက် ယင်ဖြူအဆိုးဆုံးကျသည့်အချိန်တွင် အသုံးပြုပေးနိုင်ပါသည်။

761 လွန်ခဲ့သော ၄ နှစ် က

ဘာဆေးဖြန်းရင် အဆင်ပြေလဲဗျ။ သိရင် ညွှန်းပေးပါအုံး။ ကျေးဇူးတင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။