အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,284
လွန်ခဲ့သော ၄ နှစ် က · ရပ်စောက်

fermented fruit juice (ffj)စနစ်တကျထုတ်လုပ်ပုံသိချင်ပါတယ်ခင်ဗျာသရ်မှာသုံးချင်လို့ပါ

အပင်အာဟာရ သရက်

ဖြေကြားချက် ၂ ခု

2,284 လွန်ခဲ့သော ၄ နှစ် က

သရက်နှင့်ပြုလုပ်ခြင်ပါတယ်အသီးတစ်ကီလိုဂရမ်ကအစေ့အပါလား အသားသက်သက်လား ပြုလုပ်ပြီးပါကသိမ်းဆည်းထားရမည့်ကာလအပိုင်းခြားသိခြင်ပါတယ်ခင်ဗျာ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က

အသီးအချဉ်ဖောက်ရည်   အသီးအချဉ်ဖောက်ရည်မှာ လူတို့ပြုလုပ်ရရှိသော ပျားရည်ဖြစ်သည်။ အပင်များအတွက် အာဟာရဖြစ်စေသည့် နိူးကြားတက်ကြွသော အင်ဇိုင်း(အကူအသားဓါတ်)များ ဖြစ်ပြီး သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်သော စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလွန်အသုံးဝင်ထိရောက်သော သဘာဝဓါတ်မြေသြဇာတစ်မျိုးဖြစ်သည်။ အသီးအချဉ်ဖောက်ရည်သည် အပင်အချဉ်ဖောက်ရည် ကဲ့သို့ပင်ဖြစ်ပြီး အသီးများကိုသာ အဓိကထားအသုံးပြုခြင်းဖြစ်သည်။ FFJ ကို ရာသီပေါ်သီးနှံများ,ကောက်ပဲသီးနှံများ, တိရိစ္ဆာန်မွေးမြူရေး နှင့် လူသုံးကုန်များတွင်လည်း အသုံးပြုနိူင်သည်။ အဓိက အသုံးပြုနိူင်သော အသီးများမှာ ငှက်ပျောသီး, သရက်သီး,သင်္ဘောသီး,စပျစ်,ဖရဲ,ပန်းသီး စသော အသီးများဖြစ်ကြသည်။ ***သတိပြုရန်မှာ အသုံးပြုသောအသီးများမှာ ချိုသောအသီးများဖြစ်ရန်လိုအပ်သည်။*** အသီးအချဉ်ဖောက်ရည်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများမှာ- ၁။ ငှက်ပျောသီး ၂။ သကာရည်/တင်လဲရည်/ထန်းလျက်ညို/သကြားညို(အရောင်ချွတ်ဆေးများနှင့်ဓါတုဗေဓပစ္စည်းများမပါဝင်သော) ၃။ အဝကျယ်ပလပ်စတစ်ပုံး/ဖန်ပုလင်း/စဉ့်အိုး ၄။ ယောက်မ(သစ်သား/ဝါးတို့ဖြင့်ပြုလုပ်ထားသော မွှေရန်တုတ်ချောင်း) ၅။ စဉ့်နှီးတုံး နှင့်ဓါး ၆။ စက္ကူပါး/ပိတ်ပါးစ(ဆေးရောင်ဆိုးထားခြင်းမရှိသောပိတ်စအဖြူ)   ပြုလုပ်ပုံအဆင့်ဆင့် ၁။ ရင့်မှည့်နေသော အသီးများကို ခူး/ကြွေကျ ယူပါ။ သဘာဝအတိုင်းရင့်မှည့်နေသောအသီးများ ကို မိမိတို့သက်ဆိုင်ရာဒေသမှထွက်ရှိသော အသီးများကို ရွေးချယ်အသုံးပြုပါ။ ဟင်းနုနယ်,ကန်ဇွန်းဥ,မျောက်ဥ,ဂေါ်ဖီထုပ်,သခွားသီးနှင့် ဟင်းသီးဟင်းရွက်များမှရသော အရိုးစိမ်းများကို ပေါင်းထည့်နိူင်သည်။ စပျစ်သီး ကို စပျစ်ပင်များအတွက်သာပြန်လည်အသုံးပြုပါ။ သံပုရာ,ကျွဲကော,လိမ္မော်သီးများကိုလည်း သက်ဆိုင်ရာအပင်များတွင်သာပြန်လည်အသုံးပြုပါ။ အထက်ပါအသီးများမှရသော အချဉ်ဖောက်ရည်ကို အခြားအပင်များတွင်အသုံးပြုပါက အကျိုးသက်ရောက်မှု့နည်းပါးသည်။ အကြောင်းမှာ ၎င်းအသီးများ ၏ အေးမြ၍ ချဉ်သော သဘာဝကြောင့် မြေဆီလွှာပြောင်းလဲမှု့ကိုဖြစ်ပေါ်စေနိူင်သောကြောင့်ဖြစ်သည်။ ၂။ အသီး ၁ကီလိုဂရမ်(၆၀ကျပ်သားခန့်) ကို သကြားညို ၁.၃ကီလိုဂရမ်(ပူပြင်းသောရာသီဥတု)     အသီး ၁ကီလိုဂရမ် ကို သကြားညို ၁ ကီလိုဂရမ် (အေးမြစိုစွတ်သောရာသီဥတု) သကြားညိုသည် အချဉ်ဖောက်ခြင်းဖြစ်စဉ်တွင် အစိုဓါတ်ကိုထိန်းသိမ်းပေးသဖြင့် ပူပြင်းသောရာသီဥတုတွင် ပိုမိုထည့်သွင်းရန်လိုအပ်သည်။ ၃။ ပလပ်စတစ်ပုံး/ဖန်ပုလင်း/စဉ့်အိုးကို ရေဆေး၍ နေရောင်တွင်အခြောက်ခံပါ။ ၄။ အသီးများကို နှုတ်နှုတ်စဉ်းပြီး အိုးအတွင်းထည့်ပါ။ ယခုအဆင့်ကို အလျင်အမြန်ပြုလုပ်ရန်လိုအပ်သည်။ သို့မှသာ အသီးများတွင်ပါဝင်သော အာဟာရဓါတ်များ ခြောက်ခမ်းလျော့ပါးခြင်းကို ကာကွယ်နိူင်မည်ဖြစ်သည်။ ခုတ်စဉ်းရန်ခက်သော အသီးများ (ဥပမာ စပျစ်သီး စတော်ဘယ်ရီသီးများကို) သန့်ရှင်းသောလက်ဖြင့် ညစ်ခြေ၍အိုးအတွင်းထည့်ပါ။ ၅။ သကာရည်/တင်လဲရည်/ထန်းလျက်ညို/သကြားညိုတို့ကို နှံ့အောင်ဖြူးပြီးသေချာစွာမွှေပါ။ မွှေရာတွင် ဖြေးညှင်းစွာ စိမ့်ဝင်နှံ့စပ်အောင် ဂရုပြုပါ။ ပူပြင်းသောရာသီဥတုများတွင် အကြိမ်ရည်အနည်းငယ်ဖြင့် နှံ့စပ်အောင်မွှေပြီး, အေးမြစိုစွတ်သောရာသီဥတုတွင် အကြိမ်ရည်များများမွှေပါ။ ၆။ အိုး/ဖန်ပုလင်း အဝကို ပိတ်ပါးစ/စက္ကူပါးဖြင့် ဖုံးအုပ်ပြီး သားရေကွင်းဖြင့်စည်းနှောင်ပါ။ ပိတ်ပါးစသည် လေဝင်လေထွက်ကောင်းရန်လိုအပ်သည်။ ၇။ ပူပြင်းသောရာသီဥတုတွင် အချဉ်ပေါက်ရန် ၄ရက်မှ ၅ရက်ခန့်ကြာတတ်ပြီး အေးသောရာသီဥတုတွင် ၇ရက်မှ ၈ရက်ခန့်ကြာတတ်သည်။ ၈။ အချဉ်ပေါက်ခြင်ဖြစ်စဉ်ပြီးဆုံးပါက အမြုတ်/ပူဖောင်းငယ်များ ဖြစ်ပေါ်ခြင်း ရပ်တန့်သွားမည်။ သကြားညို/ထန်းလျက်ခဲအညို အမှုန့်အနည်းငယ်ကို မျက်နှာပြင်ပေါ်ပါးပါးဖြူးပြီး အေး၍ခြောက်သွေ့သောတေရာတွင်သိမ်းဆည်းပါ။ အချဉ်ဖောက်ရည်သည် ပုံမှန်အတိုင်းဖြစ်ပါက ဖြူထားသော သကြားညိုတို့သည် အပေါ်ယံမျက်နှာပြင်တွင်တင်ကျန်နေမည်ဖြစ်သည်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။