အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
517
လွန်ခဲ့သော ၄ နှစ် က · မြစ်ကြီးနား

ပိုးသတ်ဆေး မှိူရောဂါကာကွယ်ဆေးဖြန်းရာမှာကော်ရည်ရော်စပ်ပေးပါကအရွက်ပင်စည်တွင်ဆေးများဆွဲကပ်စေပြီးဆေးအာနိသင်ပို၍ထိ...

ပိုးသတ်ဆေး မှိူရောဂါကာကွယ်ဆေးဖြန်းရာမှာကော်ရည်ရော်စပ်ပေးပါကအရွက်ပင်စည်တွင်ဆေးများဆွဲကပ်စေပြီးဆေးအာနိသင်ပို၍ထိရောက်သည်ဟုသိရပါတယ်ဟုတ်ရဲ့လား ကော်ရည်ဘယ်လိုလုပ်ဆောင်ပါသလဲ ဆေးဖြန်းပုန်းတစ်ပုံးကိုဘယ်လောက်ရောစပ်ရပါသလဲခင်ဗျား

အပင်အာဟာရ ဂန္ဓမာ

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အသင့်သုံး ​ကော်ရည်(စိမ့်ဝင်၊ပျံ့၊စွဲကပ်​ဆေး)ကို ​ဆေးကုမ္ပဏီ​တွေမှာရနိုင်ပါတယ်။ ​ဆေးတပုံးကို ၁၀စီစီထည့်ရပါတယ်။ ​ဆေးအားလုံး​မွှေပြီးမှ၊ ​ကော်ရည်ကို ​နောက်ဆုံးမှ သီးသန့်​မွှေထည့်ပါ။ ဝမ်းဒါး၊ဘတ်ဒီ၊ .....

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

ဘယ်သီးနှံမဆို သုံးနိုင်ပါတယ်။ နုန်းထားများရင်လည်း ဆိုးကျိုး ကြီးကြီးမားမားမရှိပါဘူးဗျ။ ​ဆေးနဲ့ ​ကော်ရည်အတူထည့်ရင် ​ဆေး​တွေ တွဲသွားပြီး ​ကောင်းစွာမ​ပျော်တာမျိုးဖြစ်တတ်ပါတယ်။

1,358 လွန်ခဲ့သော ၄ နှစ် က

ပိုထည့်မိရင်ဘာဖြစ်တက်လဲဆရာ

1,804 လွန်ခဲ့သော ၄ နှစ် က

နတ်ဆေး၊ဟီးရိုးတို့လိုရွက်ကပ်ဆေးတွေဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါတယ်။ဆေးအညွှန်းမှာသုံးစွဲနည်းဖတ်ပီး ဖြန်းပေးပါ။

1,670 လွန်ခဲ့သော ၄ နှစ် က

ဘယ်သီးနှံမဆိုပတ်လို့ရလားကော်ရည်က

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။