စပါးခင်းမှာ အဲ့လို ရေညှိပုံစံ အတုံးချွဲချွဲတွေကဘာတွေလဲရှင့် အာ့တွေရှိရင် စပါးမထိုးထွက်နိုင်ပဲအကုန်သေကုန်လို့
စျေးနှုန်းလေးသိပါရစေရှင့် အလွယ်တကူဝယ်ယူလို့ရေညရနိုင်လား ဘယ်လိုအချိုးမျိုးနဲ့သုံးရတာလဲရှင့်
Pendimethalin 33% အား အသုံးပြု၍ ရပါတယ်။ ပင်လုံးပြန့်အာနိသင်ရှိ သီးနှံမျိုးစုံရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ ထိုပေါင်းသတ်ဆေးအား ပက်ဖြန်းပါလျင် ပကန်များ အရည်ပျော်သွားပြီး စပါးပင်များအတွက် အဟာရဖြစ်သွားပါလိမ့်မည်။ ဝိစာရ ပရိုဂိမ်း၊ Farmlink ကြိုရှင်း၊ အာမို ပန်ဒါ တို့အား အသုံးပြု၍ ရပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်
အချို့လည်း..ကော့ပါးဟိုဒြောက်ဆိုက်ကို လယ်ထဲပက်ရင် ရတယ်လို့ဆိုပါတယ်။
ပကန်ခေါ် ရေညှိတွေပါ. ရေလှောင်ကြာတယ်၊ရေဝပ်ကြာတယ်။ ရေသွင်းရေထုတ်မလုပ်တဲ့လး်တွေမှာ ဖြစ်တတ်ပါတယ်။ ဒုတ္ထာ(ကော့ပါးဆာလဖိတ်)ကို ပက်ပေးပါ။ ဒါမှမဟုတ် ဒုထ္တာကို ပီနံအိတ်ထဲထည့်၊ အိတ်ကို တုတ်ချွန်နဲ့ အပေါက်တွေဖောက်ပြီး ၊ကြိုးချည်။ လယ်ထဲ ပတ်ဆွဲပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်မတို့ပျိုးစိုက်တဲ့စပါးခင်းမှာ ပင်ခြေမှာရေညှိတွေတအားတက်နေလို့ ဘာနဲကာကွယ်ရင်ရနိုင်မလဲ
ဖြေကြားချက် 3 ခု
လယ်ထဲမှာရေညှိုတွေတက်လိုပါ ဘယ်လိုသေအောင်လုပ်ရပါမလဲ
ဖြေကြားချက် 1 ခု
ရေညှိပေါတဲ့မြေကချည်တယ်ဆိုဟုတ်လားဆရာ
ဖြေကြားချက် 3 ခု
စပါးခင်းထဲမှာပေါက်တဲ့ရေညှိတွေကိုဘယ်လိုလုပ်ရမလဲ အထွက် နှုန်းထိခိုက်မှုရှိလား
ဖြေကြားချက် 3 ခု
စပါး စိုက်ခင်းတွေ မစိုက်ပျိုးခင် ရေညှိ တွေတက်တက်တယ် ဘာကြောင့်လည်း ဘာကျဲရင် ပျောက်သလဲဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။