အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

မှော်ဘီ ဘက်မှာ အာလူးနဲ့ ကန်စွန်းဥ စပြီး စိုက်ပျိုးချင်လို့ပါခင်ဗျ။သင့်တော်သောစိုက်ပျိုးနည်းများကို လမ်းညွန်ဖြေ...

မှော်ဘီ ဘက်မှာ အာလူးနဲ့ ကန်စွန်းဥ စပြီး စိုက်ပျိုးချင်လို့ပါခင်ဗျ။သင့်တော်သောစိုက်ပျိုးနည်းများကို လမ်းညွန်ဖြေကြားပေးကြပါခင်ဗျ။မျိုးဥကိုဘယ်မှာဝယ်ရင် သင့်တော်မလဲဆိုသော အကြံဉာဏ်လေးများ လမ်းညွန်ကူညီပေးကြပါဦးခင်ဗျ။ကျေးဇူးတင်ပါတယ်။

စိုက်ပျိုးနည်း အာလူး
Post image

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၄ နှစ် က

မှော်ဘီ (မြေကအနီဆန်ပါတယ်ခင်ဗျ) ရှေ့လထဲစိုက်မယ်ဆို ဘယ်လိုအာလူးမျိုးကိုရွေးချယ်သင့်ပါသလဲခင်ဗျ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

မျိုးကို​တော့ ​အောင်ပန်းပွဲရုံ​တွေမှာလို့ရပါတယ်။ စိုက်ဖို့ရာမှာ..ရှမ်းပြည်လို မိုးစိုက်အာလူး အဆင်မ​ပြေပါ။ ​ချောင်းကမ်းန​ဘေး၊ သဲနုန်းပြင်​မြေမှာ ​အောက်တိုဘာလ စိုက်ကြရပါတယ်။ စိုက်နည်းစနစ်က​တော့..သိပ်အထူးအ​ထွေ မလိုပါဘူး။ မိိုးအာလူး​တွေကို မျက်​စေ့​လေး​တွေမထိခိုက်​အောင် ခွဲခြမ်းရပါတယ်၊ သီရမ် မိှုသတ်​ဆေးကို ​ရေ​ဖျော်ပြီး မျိုးစိမ်​ပေးပါ(၂မိနစ်ခန့်) စိုက်ခင်း​မြေကို သဘာဝ​မြေသြဇာ၊ဓါတ်​မြေသြဇာ အပြညွ်အဝခံပြီး မိိုးအာလူးများကို ၅×၈လက်မခြား စိုက်ပါ။ အ​သေးစိပ်သိလိုပါက၊ အစိမ်း​ရောင်လမ်းမှာ အာလူး/ကန်စွန်း စိုက်ပျိုးနည်းလို့ ရိုက်ရှာပြီး ​လေ့လာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

EMနဲ့ထရိုင်ကိုဓါးမား သုံးစွဲတဲ့အညွန်းတိတိကျကျရှိပါသလားခင်ဗျ ဥပမာ EM ကိုမျိုးစေ့စိမ်တဲ့နေရာမှာနံပါတ်ဘယ်လောက်...

ဖြေကြားချက် 9 ခု

ပဲခူးမြို့ရာသီဥတုနဲ့ ဒီလထဲ ဘာ ရာသီပင်တွေစိုက်လို့ရနိုင်ပါသလဲခင်ဗျာ။ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။

ဖြေကြားချက် 1 ခု

အာလူးကို သဲမြေ၊အပူချိန်မြင့်မားသော မိတ္ထီလာ လွင်ပြင်မှာ စိုက်ပျိုးလို့ ရနိုင်ပါသလား?ရခဲ့ရင် မည်သည့်မျိုးစိုက်...

ဖြေကြားချက် 2 ခု

ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ခုနောက်ပိုင်း ဘယ်မျိုးစေ့ မျိုးရိုးဗီဇကိုမဆို သူတစ်ပါးကုမ္ပဏီကို အားကိုးပြီး...

ဖြေကြားချက် 1 ခု

ပန်းအာလူးစိုက်ပျိုးပုံအကြောင်း သိချင်လို့ပါ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။