အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
825
လွန်ခဲ့သော ၄ နှစ် က · မအူပင်

ဆရာတို့ရေကူညီပါအုံငါးတို့ ဖား တို့ ကို အထီးအမ ဘယ်လိုခွဲရလည် နည်းပြပါအုံဆရာတို့ရယ်

မျိုးပွားခြင်း ဖား

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

အရွယ် ၈ လက်မခန့်ရှိသော ငါးခူများကို အထီးအမ အလွယ်တကူခွဲခြားနိုင်ပါသည်။ ငါးအထီး၏ စအိုနှင့် ကပ်လျှက်ရှိသော အောက်ဘက်တွင် ချွန်၍ ရှည်လျားသည့်မျိုးပွားအဂါင်္အသားပိုကလေးပါရှိပါသည် ။ငါးအမ၌မူ၎င်းအဂါင်္သည် ဝိုင်း၍ တိုနေသည်။မိတ်လိုက်သောအခါ ငါးအမ၏ဝမ်းဗိုက်သည် ငါးအထီး ၏ ဝမ်းဗိုက်ထက် ပိုမိုဖောင်းကားနေသည်ကိုတွေ့ရသည်။သားဖောက်ရန်အတွက် အရွယ်ရောက်သော ၈ လက်မ အရွယ် ငါးခူအထီး ၂ ကောင်နှင့် အမ တစ်ကောင်နှုန်းဖြစ်ပါသည်။မျိုးပွားချိန်မှာ မေလ မှ အောက်တိုဘာလအတွင်းဖြစ်သည်။ဥဥချသောအခါ အချင်း ၈လက်မ စောက်၁၀ရှိသော ကျင်းများ ရေလွမ်းမိုးနေသောမြက်ခင်းများ မြက်ပင်များတွင် အသိုက်လုပ်ပြီး ဥချလေ့ရှိသည်။ ငါးခူဥများမှာ ညိုဝါရောင်ရှိပြီး ငါးဥချပြီး နာရီ ၂၀ အတွင်းအကောင်ပေါက်နိုင်ပါသည်။ဥချသောအခါ တစ်ကျင်းလျှင် ငါးခူဥပေါင်း ၂၀၀၀ မှ ၅၀၀၀ ထိ ဥချနိုင်ပါသည်။

825 လွန်ခဲ့သော ၄ နှစ် က

တီလာဘီယာနဲ့ငါးခူးကို သိချင်တာပါဆရာ

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

ငါးအထီးအမ က မျိုးစိတ် တစ်မျိုးနှင့် တစ်မျိုး မတူကြပါဘူး။ ဥပမာ- ရွှေဝါငါးကြင်းအထီးဆို ရေယက်အတွင်းပိုင်းက ကြမ်းရှပြီး အမဆို ချောမွေ့နေတတ်ပါတယ်

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။